[Zawgyi]

ပရိသတ္ေတြခ်စ္ၾကတဲ့ အဆိုေတာ္မေလးမိစႏၵီ သႀကၤန္ဘယ္မွာရွိမလဲ…

မၾကာခင္က်ေရာက္ေတာ့မယ္ ႏွစ္သစ္ကူးသႀကၤန္ရက္ေတြမွာ ဂီတအႏုပညာရွင္ေတြေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔ကိုကမ္းလွမ္းတဲ့ ေနရာေဒသေတြကို သြားေရာက္ကာ ပရိသတ္ေတြနဲ႔အတူ သီခ်င္းသီဆိုေဖ်ာ္ေျဖမႈေတြ ျပဳလုပ္ေနရတာျဖစ္ပါတယ္။ ဒီႏွစ္သႀကၤန္မွာလည္း ပရိသတ္ေတြခ်စ္ၾကတဲ့ အဆိုေတာ္မေလးမိစႏၵီကေတာ့ သႀကၤန္ အႀကိဳ၊ အက်၊ အၾကတ္နဲ႔ အတက္ရက္မ်ားမွာ ဘားအံၿမိဳ႕မွာရွိတဲ့ ပရိသတ္ေတြကို သီခ်င္းသီဆိုေဖ်ာ္ေျဖရင္း သႀကၤန္ေလးရက္တာကို ေပ်ာ္ရႊင္စြာျဖတ္သန္းသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

“ဒီႏွစ္သႀကၤန္ကေတာ့ မိစႏၵီ ဘားအံမွာပဲ ေလးရက္လံုးရွိေနပါတယ္။ ဘားအံက ပရိသတ္ေတြနဲ႔အတူ သီခ်င္းေတြကုိ သီဆိုေဖ်ာ္ေျဖရင္းနဲ႔ သႀကၤန္ရက္ေတြကို ျဖတ္သန္းသြားမွာပါ။ ႏွစ္သစ္မွာ ပရိသတ္ေတြအားလံုး ေပ်ာ္ရႊင္စြာျဖတ္သန္းႏိုင္ပါေစလို႔လည္း ဆုေတာင္းေပးပါတယ္” လို႔ ဒီႏွစ္သႀကၤန္ဘယ္ေနရာမွာရွိမယ္ဆိုတဲ့အေၾကာင္းကို သူမကေျပာျပပါတယ္။

အဆိုေတာ္မိစႏၵီအေနနဲ႔ သူမပရိသတ္ေတြဆီကိုအေရာက္ပို႔ေပးခဲ့တဲ့ “Brainless – ဦးေႏွာက္မဲ့ငတံုး” အမည္ရွိတဲ့ အမ္တီဗီေလးကလည္း ပရိသတ္ေတြ ေတာ္ေတာ္ကို အႀကိဳက္ေတြ႔ခဲ့ၾကပါေသးတယ္။ လတ္တေလာမွာေတာ့ မိစႏၵီအေနနဲ႔ နယ္ေဖ်ာ္ေျဖပြဲေတြေတာက္ေလွ်ာက္ရွိေနၿပီး သူမရဲ႕ေလးေခြေျမာက္ေတးစီးရီးကိုလည္း ဒီႏွစ္အတြင္းမွာ ထြက္ႏိုင္ဖုိ႔ ႀကိဳးစားသြားမွာျဖစ္တယ္လုိ႔ ဆိုပါေသးတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်မလေးမိစန္ဒီ သင်္ကြန်ဘယ်မှာရှိမလဲ…

မကြာခင်ကျရောက်တော့မယ် နှစ်သစ်ကူးသင်္ကြန်ရက်တွေမှာ ဂီတအနုပညာရှင်တွေတော်တော်များများကလည်း သူတို့ကိုကမ်းလှမ်းတဲ့ နေရာဒေသတွေကို သွားရောက်ကာ ပရိသတ်တွေနဲ့အတူ သီချင်းသီဆိုဖျော်ဖြေမှုတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်မှာလည်း ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်မလေးမိစန္ဒီကတော့ သင်္ကြန် အကြို၊ အကျ၊ အကြတ်နဲ့ အတက်ရက်များမှာ ဘားအံမြို့မှာရှိတဲ့ ပရိသတ်တွေကို သီချင်းသီဆိုဖျော်ဖြေရင်း သင်္ကြန်လေးရက်တာကို ပျော်ရွှင်စွာဖြတ်သန်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနှစ်သင်္ကြန်ကတော့ မိစန္ဒီ ဘားအံမှာပဲ လေးရက်လုံးရှိနေပါတယ်။ ဘားအံက ပရိသတ်တွေနဲ့အတူ သီချင်းတွေကို သီဆိုဖျော်ဖြေရင်းနဲ့ သင်္ကြန်ရက်တွေကို ဖြတ်သန်းသွားမှာပါ။ နှစ်သစ်မှာ ပရိသတ်တွေအားလုံး ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်” လို့ ဒီနှစ်သင်္ကြန်ဘယ်နေရာမှာရှိမယ်ဆိုတဲ့အကြောင်းကို သူမကပြောပြပါတယ်။

အဆိုတော်မိစန္ဒီအနေနဲ့ သူမပရိသတ်တွေဆီကိုအရောက်ပို့ပေးခဲ့တဲ့ “Brainless – ဦးနှောက်မဲ့ငတုံး” အမည်ရှိတဲ့ အမ်တီဗီလေးကလည်း ပရိသတ်တွေ တော်တော်ကို အကြိုက်တွေ့ခဲ့ကြပါသေးတယ်။ လတ်တလောမှာတော့ မိစန္ဒီအနေနဲ့ နယ်ဖျော်ဖြေပွဲတွေတောက်လျှောက်ရှိနေပြီး သူမရဲ့လေးခွေမြောက်တေးစီးရီးကိုလည်း ဒီနှစ်အတွင်းမှာ ထွက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုပါသေးတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။