Xiaomi ကေန ယမန္ေန႔ ေအာက္တုိဘာလ ၂၅ ရက္ေန႔တုန္းက Mi Mix Series ရဲ႕ စမတ္ဖုနး္အသစ္ျဖစ္တဲ့ Mi Mix 3 ကို မိတ္ဆက္ခဲ့ပါတယ္။ အခု Mi Mix 3 စမတ္ဖုန္းဟာဆိုရင္ 93.4% Screen-to-Body Ratio ရွိတဲ့ Full Screen Display ကို အသံုးျပဳထားျပီး Selfie Camera အတြက္ Notch အစား ထူးျခားတဲ့ Mechanical Slider ကို အသံုးျပဳလာတာလည္းျဖစ္ပါတယ္။

Mi Mix 3

အခု Mi Mix 3 ဟာ လက္ရွိအခ်ိန္မွာ Screen-to-Body Ratio အျမင့္မားဆံုးစမတ္ဖုန္းတစ္ခုျဖစ္လာတဲ့အျပင္ စြမ္းေဆာင္ရည္ပိုင္းမွာလည္း အေကာင္းဆံုးစမတ္ဖုနး္တစ္ခုျဖစ္လာတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါကလည္း Qualcomm Snapdragon 845 Processor ၊ RAM 6GB ၊ 8GB ေတြအျပင္ RAM 10GB အထိရရွိလာတာနဲ႔ Storage မွာလည္း 64GB ၊ 128GB နဲ႔ 256GB အထိ ေရြးခ်ယ္ႏုိင္တာေၾကာင့္လုိ႔ ေျပာလုိ႔ရပါတယ္။

Mi Mix 3

ဒါတင္မကေသးဘဲ Xiaomi Mi Mix 3 ရဲ႕ ကင္မရာကလည္း တကယ္ကို Flagship စမတ္ဖုန္းတစ္ခုလုိ႔ သတ္မွတ္လို႔ရမယ့္ပံုပါပဲ။ Xiaomi ရဲ႕ ေျပာၾကားခ်က္အရေတာ့ Mi Mix 3 ဟာ ကင္မရာပိုင္းမွာ DxOMark ရမွတ္ ၁၀၃ မွတ္ရရွိျပီးေတာ့ Photo Score မွာဆုိရင္ ၁၀၈ မွတ္အထိရရွိထားတယ္လုိ႔ သိရပါတယ္။ အခု DxOMark ဟာ စမတ္ဖုန္းကင္မရာရဲ႕ စြမ္းေဆာင္ရည္ကို အဓိကတုိင္းတာတဲ့ Website တစ္ခုလည္း ျဖစ္ပါတယ္။

Mi Mix 3

အခုလုိမ်ိဳး DxOMark မွာ ၁၀၃ မွတ္ရရွိတာက Mi Mix 3 စမတ္ဖုန္းကို Samsung Galaxy Note 9 နဲ႔ တူညီသြားေစျပီးေတာ့ လက္ရွိမွာ အေကာင္းဆံုး စမတ္ဖုန္းကင္မရာဖုန္းတစ္ခုျဖစ္လာေစတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ iPhone XS ရဲ႕ ၁၀၄ မွတ္ နဲ႔ Huawei P20 Pro ရဲ႕ ၁၀၉ မွတ္ေတြကိုေတာ့မမွီေသးပါဘူး။ ေလာေလာဆယ္မွာ Google Pixel 3 နဲ႔ Huawei Mate 20 Pro စမတ္ဖုန္းေတြလည္း ထြက္ထားတဲ့အတြက္ Mi Mix 3 အေနနဲ႔ အဆိုပါဖုန္းေတြထက္ေရာ သာႏုိင္ဦးမလားဆိုတာက စိတ္ဝင္စားစရာပါ။

Mi Mix 3

ဘာပဲျဖစ္ျဖစ္ Xiaomi အေနနဲ႔ ေနာက္ဆံုးေတာ့ Flagship ဖုန္းေတြရဲ႕ ကင္မရာပုိင္းစြမ္းေဆာင္ရည္ကို မွီလာျပီလုိ႔ေျပာရမွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Xiaomi ကနေ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့တုန်းက Mi Mix Series ရဲ့ စမတ်ဖုနး်အသစ်ဖြစ်တဲ့ Mi Mix 3 ကို မိတ်ဆက်ခဲ့ပါတယ်။ အခု Mi Mix 3 စမတ်ဖုန်းဟာဆိုရင် 93.4% Screen-to-Body Ratio ရှိတဲ့ Full Screen Display ကို အသုံးပြုထားပြီး Selfie Camera အတွက် Notch အစား ထူးခြားတဲ့ Mechanical Slider ကို အသုံးပြုလာတာလည်းဖြစ်ပါတယ်။

Mi Mix 3

အခု Mi Mix 3 ဟာ လက်ရှိအချိန်မှာ Screen-to-Body Ratio အမြင့်မားဆုံးစမတ်ဖုန်းတစ်ခုဖြစ်လာတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း အကောင်းဆုံးစမတ်ဖုနး်တစ်ခုဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါကလည်း Qualcomm Snapdragon 845 Processor ၊ RAM 6GB ၊ 8GB တွေအပြင် RAM 10GB အထိရရှိလာတာနဲ့ Storage မှာလည်း 64GB ၊ 128GB နဲ့ 256GB အထိ ရွေးချယ်နိုင်တာကြောင့်လို့ ပြောလို့ရပါတယ်။

Mi Mix 3

ဒါတင်မကသေးဘဲ Xiaomi Mi Mix 3 ရဲ့ ကင်မရာကလည်း တကယ်ကို Flagship စမတ်ဖုန်းတစ်ခုလို့ သတ်မှတ်လို့ရမယ့်ပုံပါပဲ။ Xiaomi ရဲ့ ပြောကြားချက်အရတော့ Mi Mix 3 ဟာ ကင်မရာပိုင်းမှာ DxOMark ရမှတ် ၁၀၃ မှတ်ရရှိပြီးတော့ Photo Score မှာဆိုရင် ၁၀၈ မှတ်အထိရရှိထားတယ်လို့ သိရပါတယ်။ အခု DxOMark ဟာ စမတ်ဖုန်းကင်မရာရဲ့ စွမ်းဆောင်ရည်ကို အဓိကတိုင်းတာတဲ့ Website တစ်ခုလည်း ဖြစ်ပါတယ်။

Mi Mix 3

အခုလိုမျိုး DxOMark မှာ ၁၀၃ မှတ်ရရှိတာက Mi Mix 3 စမတ်ဖုန်းကို Samsung Galaxy Note 9 နဲ့ တူညီသွားစေပြီးတော့ လက်ရှိမှာ အကောင်းဆုံး စမတ်ဖုန်းကင်မရာဖုန်းတစ်ခုဖြစ်လာစေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် iPhone XS ရဲ့ ၁၀၄ မှတ် နဲ့ Huawei P20 Pro ရဲ့ ၁၀၉ မှတ်တွေကိုတော့မမှီသေးပါဘူး။ လောလောဆယ်မှာ Google Pixel 3 နဲ့ Huawei Mate 20 Pro စမတ်ဖုန်းတွေလည်း ထွက်ထားတဲ့အတွက် Mi Mix 3 အနေနဲ့ အဆိုပါဖုန်းတွေထက်ရော သာနိုင်ဦးမလားဆိုတာက စိတ်ဝင်စားစရာပါ။

Mi Mix 3

ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ နောက်ဆုံးတော့ Flagship ဖုန်းတွေရဲ့ ကင်မရာပိုင်းစွမ်းဆောင်ရည်ကို မှီလာပြီလို့ပြောရမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com