[Zawgyi]

Leak Photo အရ Mi Mix 2s ရဲ႕ Camera ကို ေဒါင္လိုက္အျဖစ္ေတြ႕ရဖြယ္ရွိ

Xiaomi ရဲ႕ Mi Mix ဟာ စမတ္ဖုန္းေလာကမွာ Design ပိုင္းအေတာ္ေလး ဆန္းသစ္ၿပီး တမူထူးျခားတယ္လို႔သတ္မွတ္ခံထားရတဲ့ဖုန္းပါ။ ဒါေပမယ့္ ကင္မရာ Design ပိုင္းမွာေတာ့ စိတ္ပ်က္စရာျဖစ္လာႏုိင္ပါတယ္။

Mi Mix 2s မွာ Dual Camera ပါဝင္ဖို႔လံုးဝေသခ်ာေနတယ္လို႔ဆိုရမွာျဖစ္ေပမယ့္ ကင္မရာရဲ႕တည္ေနရာက ဘယ္လိုျဖစ္မယ္ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ အခုထြက္ေပၚလာတဲ့ သတင္းဓါတ္ပံုအရေတာ့ Mi Mix 2s ဟာ iPhone X လို Camera ေဒါင္လိုက္ထားဖို႔ရွိေနပါတယ္။

Mi Mix 2s ရဲ႕ ယခင္ ထြက္ေပၚခဲ့တဲ့ Leak Photo မွာေတာ့ Single Camera သာျဖစ္ၿပီး ယခင္ Mi Mix 2 နဲ႔ သိပ္ၿပီးကြာျခားခ်က္မရွိခဲ့ပါဘူး။ ယခုေနာက္ဆံုးထြက္လာတဲ့ပံုမွသာ Camera ဟာ Dual Camera ျဖစ္သြားၿပီ အလယ္ကေန ဘယ္ဘက္ေထာင့္အေပၚကိုေရြ႕သြားတာေတြ႔ရပါတယ္။

စာေရးသူအျမင္အရဆိုရင္ေတာ့ Camera ကို အရင္ထားေနက်အတိုင္း အလယ္ေလာက္မွာထားတာက Mi Mix 2s ကိုပိုၿပီးသိကၡာရွိေစမယ္လို႔ထင္ပါတယ္။ အကယ္၍သာ ပံုအတိုင္းထြက္လာရင္ေတာ့ Redmi Note 5 နဲ႔ေတာင္အမွားခံရႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ လာမယ့္ ၂၇ ရကေ္န႔မွာေတာ့ Mi Mix 2s ကိုတရားဝင္မိတ္ဆက္ေတာ့မွာျဖစ္လုိ႔ စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကည့္ရဦးမွာပဲျဖစ္ပါတယ္။

Ref;GSMArena

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Leak Photo အရ Mi Mix 2s ရဲ့ Camera ကို ဒေါင်လိုက်အဖြစ်တွေ့ရဖွယ်ရှိ

Xiaomi ရဲ့ Mi Mix ဟာ စမတ်ဖုန်းလောကမှာ Design ပိုင်းအတော်လေး ဆန်းသစ်ပြီး တမူထူးခြားတယ်လို့သတ်မှတ်ခံထားရတဲ့ဖုန်းပါ။ ဒါပေမယ့် ကင်မရာ Design ပိုင်းမှာတော့ စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။

Mi Mix 2s မှာ Dual Camera ပါဝင်ဖို့လုံးဝသေချာနေတယ်လို့ဆိုရမှာဖြစ်ပေမယ့် ကင်မရာရဲ့တည်နေရာက ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းဓါတ်ပုံအရတော့ Mi Mix 2s ဟာ iPhone X လို Camera ဒေါင်လိုက်ထားဖို့ရှိနေပါတယ်။

Mi Mix 2s ရဲ့ ယခင် ထွက်ပေါ်ခဲ့တဲ့ Leak Photo မှာတော့ Single Camera သာဖြစ်ပြီး ယခင် Mi Mix 2 နဲ့ သိပ်ပြီးကွာခြားချက်မရှိခဲ့ပါဘူး။ ယခုနောက်ဆုံးထွက်လာတဲ့ပုံမှသာ Camera ဟာ Dual Camera ဖြစ်သွားပြီ အလယ်ကနေ ဘယ်ဘက်ထောင့်အပေါ်ကိုရွေ့သွားတာတွေ့ရပါတယ်။

စာရေးသူအမြင်အရဆိုရင်တော့ Camera ကို အရင်ထားနေကျအတိုင်း အလယ်လောက်မှာထားတာက Mi Mix 2s ကိုပိုပြီးသိက္ခာရှိစေမယ်လို့ထင်ပါတယ်။ အကယ်၍သာ ပုံအတိုင်းထွက်လာရင်တော့ Redmi Note 5 နဲ့တောင်အမှားခံရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့် ၂၇ ရကေ်န့မှာတော့ Mi Mix 2s ကိုတရားဝင်မိတ်ဆက်တော့မှာဖြစ်လို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Ref;GSMArena

Phone Hay Ko (Akhayar)

www.akhayar.com