



Mi Mix 2S


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Xiaomi ကနေ ပထမဆုံး Android Pie Update ကို သူ့ရဲ့ စမတ်ဖုန်းတစ်ခုအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Android Pie Update ကို ရရှိလာတဲ့ ပထမဆုံး Xiaomi စမတ်ဖုန်းကတော့ Mi Mix 2S စမတ်ဖုန်းဖြစ်ပြီးတော့ စစခြင်းအနေနဲ့ China Version Mi Mix 2S ဖုန်းတွေက စတင် Update ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Android Pie Update for Mi Mix 2S

အခု Mi Mix 2S အတွက် Android Pie Update မှာ Google ကနေ Android 9 Pie အတွက်ထုတ်ပေးထားတဲ့ Adaptive Battery နဲ့ Adaptive Brightness လိုမျိုး AI Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Application တွေအတွက် Smart Suggestion တွေ၊ Digital Wellbeing လိုမျိုး Feature တွေပါဝင်လာမယ်လို့လည်း သိရပါတယ်။

အခု Android Pie Update အပြင် Xiaomi ကနေ အခုလိုမျိုး Full Screen Display တွေအတွက် UI ကိုလည်း အသစ်ပြောင်းလဲထားတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အသုံးအများဆုံးသော Application တွေကိုလည်း အသုံးပြုရတာ ပိုပြီးမြန်ဆန်အောင် Optimize ပြုလုပ်ပေးထားလို့လည်း ပြောကြားခဲ့ပါတယ်။

Mi Mix 2S

ဒါ့အပြင် အခု Mi Mix 2S အတွက် Android Pie Update မှာ Bokeh Photo တွေအတွက် Edge Detection ကိုလည်း ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်ပေးမှာဖြစ်ပြီးတော့ Notification Sound အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com