
[Zawgyi]





Ref: GSMArena

Min Than Htike (Akhayar)

www.akhayar.com


Mi MIX 2s သတင်းပေါက်ကြား

[Unicode]

Xiaomi ရဲ့ Premium Flagship ဖြစ်တဲ့ Mi MIX Product Line ကို Run နေတာအခုဆိုရင် Second Generation ဖြစ်တဲ့ Mi MIX 2 အထိထွက်ရှိပြီးဖြစ်ပါတယ်။ Xiaomi ကမကြာခင်မှာ Xiaomi Mi 7 နှင့် Mi MIX 2s ကိုထုတ်လုပ်ရောင်းချဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။

Mobile World Congress (MWC) 2018 အတွက် Xiaomi ရဲ့စိတ်ဝင်စားစရာအကောင်းဆုံး Flagship ဖြစ်လာမယ့် Mi 7s ရဲ့သတင်းတွေကလည်း အများကြီးထွက်နေပါတယ်။ ဒါပေမယ့် Mi Mix 2s ရဲ့သတင်းတွေက ပိုသေချာနေပါပြီ။ Mi MIX စထွက်ကတည်းက Bezel Less (ဘောင်ပြောက်) Design နဲ့ Mi MIX ဆိုတဲ့ Branding ကိုစခဲ့တာပါ။ Mi MIX 2 မှာအရင် MIX ထက်ပိုကျစ်လစ်သွားအောင် Design ပြောင်းခဲ့ပါတယ်။ ဒါပေမယ့် MIX 2 မှာကျန်ခဲ့တာတွေရှိနေပါသေးတယ်။

MIX 2 ကိုပိုကောင်းလာအောင် Design အသစ်ပြန်ဆွဲထားတဲ့ MIX 2s ကပိုလှလာပါတယ်။ MIX 2 မှာမပါခဲ့တဲ့ Dual Camera လည်းပါဝင်လာမယ်လို့သိရပါတယ်။ Design အပြောင်းအလဲကတော့ သိသိသာသာတိုးတက်လာတာတွေ့ရပါတယ်။ MIX 2s ရဲ့ပုံတွေက Weibo မှာတက်လာခဲ့တာပဲဖြစ်ပါတယ်။ ပုံပါအချက်အလက်တွေအရ MIX 2s မှာ ၅.၉ ၉ လက်မ ရှိတဲ့ Display ၊ 8 GB RAM ၊ 256 GB Storage စတာတွေပါဝင်မှာဖြစ်ပါတယ်။ SoC ကိုတော့ပုံမှာရေးထားတာမတွေ့ရပေမယ့် Qualcomm Snapdragon 845 ကိုသုံးမှာသေချာသလောက်ပါပဲ။ 2018 အတွက်ထွက်လာမယ့် Flagship တော်တော်များများကို Snapdragon 845 နဲ့ပဲအများဆုံးတွေ့ရဖို့ရှိပါတယ်။

MIX 2s ရဲ့အကောင်းဆုံးအပြောင်းအလဲကတော့ Design ဖြစ်မှာပါ။ Display အရှေ့က MIX ဖုန်းမှာလည်းပြောင်းလဲခဲ့ပြီး အခုပြောင်းလဲမှုကအကောင်းဆုံးလို့ပြောလို့ရပါတယ်။ Display တစ်ခုလုံးကို အဓိကထားပေးထားတဲ့အတွက် MIX 2 အထိပါလာတဲ့ Display အောက်ကနေရာလွက်ကြီးကိုဖျောက်ပစ်လိုက်ပါပြီ။ နေရာလွတ်မရှိတော့တဲ့အတွက် Selfie Camera ကိုအောက်ကနေ Display အပေါ်ဖက်ညာဖက်ဒေါင့်ကိုနေရာပြောင်းလိုက်ပါတယ်။ Camera ကို Display အလယ်မှာထားတာမဟုတ်တာက သဘောကျစရာပါ။ Camera ထားတဲ့နေရာက ဒေါင့်မှာဖြစ်တာကြောင့် Video ကြည့်တဲ့အခါမြင်ကွင်းထဲမှာ အနှောက်အယှက်မဖြစ်ပါဘူး။ ဖုန်းကိုကောက်ကိုင်လိုက်တိုင်း Phone အကြီးကြီးကိုကိုင်ထားရတဲ့ ခံစားချက်မျိုးမဟုတ်ပဲ Screen တစ်ချပ်ကို လက်ထဲမှာကိုင်ထားရသလိုဖြစ်နေမှာပါ။ အနောက်က Dual Camera ကိုတော့ အသေးစိတ်မသိရသေးပါဘူး။ အခုသိရသလောက်အချက်အလက်တွေကမှန်ခဲ့ရင်တော့ MIX 2s က Design အသပ်ရပ်ဆုံးအနေနဲ့ သတ်မှတ်ဖို့ဖြစ်လာမှာပါ။

Ref: GSMArena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။