[Zawgyi] 


Teaser and Max 3


Mi Max 3 Box


Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Xiaomi Mi Max 3 ရဲ့ အချက်အလက်တချို့ သတင်းပေါက်လာပြီ

Xiaomi ကတော့ ဒီနှစ်အတွက် Mi Max 3 ကို သိပ်မကြာခင်မှာ ထုတ်ပြတော့မှာပါ။ Mi Max တွေကို Screen ကြီးကြီးသဘောကျသူတွေ အဝယ်များပါတယ်။ Game ဆော့ဖို့အတွက်နဲ့ Video အကြည့်များသူတွေပါ။ Mi Max 2 မှာတော့ သိသာတဲ့ Design ပြောင်းလဲမှု အများကြီးမရှိခဲ့ပေမယ့် အခုတစ်ခေါက် Max 3 မှာတော့ 18:9 Ratio နဲ့လာတော့မှာပါ။ 

Teaser and Max 3

Max 3 ရဲ့ ဓာတ်ပုံတွေကတော့ သတင်းပေါက်ကြားလာပါပြီ။ ရှေ့ဖက်ခြမ်းကကြည့်ရင်ပဲ သိသိသာသာတိုးတက်လာတဲ့ Display အရွယ်ကို တွေ့ရမှာပါ။ 6.9 Inch LCD Display ကိုပဲ တပ်ပေးထားတာဖြစ်ပြီး Battery 5500mAh ပါမယ်လို့ Teaser မှာတွေ့ရပါတယ်။ Max 2 မှာတော့ Battery ကတော့ 5300mAh ပဲပါဝင်တာပါ။ 

Mi Max 3 Box

Max 3 မှာတော့ Qualcomm Snapdragon 636 ၊ 4GB RAM ၊ 64GB Storage ၊ 12MP+5MP Dual Camera တွေပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ Screen Size ကြီးကြီးမှ သဘောကျသူတွေအတွက်တော့ ရွေးချယ်ရမယ့် ဖုန်းတစ်လုံးအဖြစ်ရှိနေဦးမှာပါ။ MIUI 9.6 နဲ့ Android Oreo 8.1 ပါဝင်မယ်လို့လည်း သိရပါတယ်။ MIUI 10 ထွက်လာရင်လည်း ချက်ချင်း Update ရမယ့် ဖုန်းပဲဖြစ်တာကြောင့် Xiaomi Fan တွေကတော့ သဘောကျမယ်ဆိုတာ သေချာပါတယ်။ ဘာအရောင်တွေထွက်မယ်၊ ဈေးဘယ်လောက်ရှိမယ်ဆိုတာကိုတော့ လာမယ့် ကြာသပတေးနေ့လောက်မှ သိရမှာဖြစ်ပါတယ်။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။