Xiaomi ကနေ အခုအချိန်မှာ သူ့ရဲ့ အအောင်မြင်ဆုံးသော Fittest Tracker ဖြစ်တဲ့ Mi Band Series ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Mi Band 4 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Mi Band 4 ဟာ Base Edition ၊ NFC Edition နဲ့ Avengers Edition ဆိုပြီး ၃ မျိုး ထွက်ရှိလာတာလည်းဖြစ်ပါတယ်။

Mi Band 4

အခု Mi Band 4 မှာ 0.95″ AMOLED Display ပါဝင်လာမှာဖြစ်ပြီးတော့ 120×240 Resolution နဲ့ Brightness က 400 Nits အထိရှိနေမှာပါ။ ဒါ့အပြင် Theme တွေလည်း ၇၇ မျိုးပါဝင်တဲ့အပြင် Avengers Theme လိုမျိုး ကွဲပြားနေတဲ့ Band အရောင်စုံ ၈ မျိုးထွက်ရှိလာမှာပါ။

Mi Band 4

Mi Band 4 မှာ 6-Axis High Precision Accelerometer ကို တပ်ဆင်ထားပြီးတော့ Sport Tracking မှာ ပိုတိကျလာမယ့်အပြင် Swimming Stroke Recognition လည်းပါဝင်လာမှာပါ။ ဒါ့အပြင် ရေအောက်အနက် မီတာ ၅၀ အထိရေစိုခံနိုင်မှာလည်းဖြစ်ပါတယ်။

Mi Band 4 မှာ Xiao AI Voice Assistant အပြင် တခြားသော Voice Assistant တွေအတွက် Microphone ပါဝင်လာမှာဖြစ်ပြီး Digital Payment တွေကို အသုံးပြုချင်တဲ့သူတွေအတွက် NFC ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒါပေမယ့် ဒီ NFC ကတော့ NFC Edition နဲ့ Avengers Edition မှာပဲ ပါဝင်မှာပါ။

Mi Band 4

အခု Mi Band 4 မှာ Battery Life ကို ပိုသက်သာစေနိုင်တဲ့ Bluetooth 5.0 ကို အသုံးပြုထားပြီးတော့ NFC Version မှာ ၁၅ ရက် ဆက်တိုက်သုံးနိုင်ပြီးတော့ Base Version မှာဆိုရင် ရက် ၂၀ အထိ Battery ခံနိုင်မှာပါ။

Mi Band 4

ဒီ Xiaomi Mi Band 4 ကို အရောင်တွေအနေနဲ့ Black ၊ Brown ၊ Blue ၊ Orange နဲ့ Pink ဆိုပြီး ရရှိမှာဖြစ်ပြီး Base Version ကို တရုတ်ယွမ်ငွေ ၁၆၉ (၂၄ ဒေါ်လာ) နဲ့ရောင်းချသွားပြီးတော့ NFC Edition က ယွမ်ငွေ ၂၂၉ (၃၃ ဒေါ်လာ) နဲ့ Avengers Edition ကိုတော့ ယွမ်ငွေ ၃၄၉ (ဒေါ်လာ ၅၀) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref : GSMArena