Fortnite Mobile က လက်ရှိအချိန်မှာ Android ဖုန်းတွေအတွက် Graphic ပိုင်းအရရော Processor ပိုင်းအရရော Demanding အဖြစ်ဆုံး Game တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး Flagship ဖုန်းတွေနဲ့ Processor အမြင့်ဖုန်းတွေပဲ ဆော့လို့ရတယ်ဆိုပေမယ့် 60fps နဲ့ ဆော့လို့ရတဲ့ဖုန်းတွေကတော့ အလွန်နည်းပါးနေပါသေးတယ်။

Fortnite Mobile

အခုလောလောဆယ်မှာ Android ဖုန်းတွေထဲမှာ 60fps နဲ့ဆော့ကစားလို့ရတဲ့စမတ်ဖုန်းတွေအကုန်လုံးက Samsung Galaxy Note 9 ၊ Huawei Mate 20X နဲ့ Honor View 20 ဖုန်းတွေရရှိနေတာဖြစ်ပြီးတော့ Samsung Galaxy S10 ဖုန်းပါ Support ပြုလုပ်လာမယ်လို့ သိရပါတယ်။

ဒီလိုမျိုး အရေအတွက်နည်းပါးတဲ့ Fortnite 60fps နဲ့ဆော့ကစားလို့ရတဲ့ ဖုန်းတွေထဲမှာ Xiaomi Mi 9 ပါဝင်လာမယ့် အဓိကအကြောင်းပြချက်ကတော့ Snapdragon 855 Processor ကြောင့်ဖြစ်လာနိုင်ပြီးတော့ တခြားသော Snapdragon 855 ဖုန်းတွေဖြစ်တဲ့ LG G8 ThinQ ၊ Sony Xperia 1 နဲ့ Xiaomi Mi Mix 3 5G ဖုန်းတွေလည်း Fortnite ကို 60fps နဲ့ ဆော့ကစားနိုင်ပါတယ်။

Mi 9

ဘာပဲဖြစ်ဖြစ် Xiaomi Mi 9 ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ Fortnite Mobile ကို 60fps နဲ့ မကြာခင်ဆော့ကစားနိုင်မှာကတော့ Gamer တွေအတွက် သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။

Ref : Android Authority