
Xiaomi MI 8


Xiaomi MI 8


Xiaomi MI 8


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Xiaomi ဖုန်းတွေက လက်ရှိအချိန်မှာ အသုံးပြုသူတွေကြားထဲမှာ လူကြိုက်အများဆုံး စမတ်ဖုန်းတွေဖြစ်နေတာကတော့ ငြင်းလို့မရပါဘူး။ အခုလိုမျိုး လူကြိုက်များနေတာကလည်း Xiaomi ဖုန်းတွေက တခြားသော စွမ်းဆောင်ရည်တူညီတဲ့ စမတ်ဖုန်းတွေနဲ့ယှဉ်ရင် ဈေးနှုန်းပိုပြီး သက်သာနေတာကြောင့်လည်းဖြစ်ပါတယ်။

Xiaomi MI 8

အခုနောက်ဆုံးထွက်ရှိထားတဲ့ Xiaomi Mi 8 နဲ့ Mi 8 SE ဖုန်းတွေဟာဆိုရင် လောလောဆယ်မှာ Xiaomi ရဲ့ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းတွေဖြစ်နေပြီးတော့ Xiaomi ရဲ့ နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရတော့ Xiaomi Mi 8 စမတ်ဖုန်းတွေက ၁၈ ရက်အတွင်းမှာ စမတ်ဖုန်းအလုံးရေ ၁ သန်းပြည့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

Xiaomi MI 8

အခုပမာဏဟာ Xiaomi အတွက် များပြားတဲ့ ပမာဏတစ်ခုဖြစ်သလို ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ OnePlus ရဲ့ OnePlus 6 ဖုန်းက အလုံးရေ ၁ သန်းရောင်းချရဖို့ ၂၂ ရက် အချိန်လိုအပ်ခဲ့တဲ့အတွက် Xiaomi က ပိုပြီး အသာရနေတယ်လို့ ပြောလို့ရပါတယ်။

Xiaomi MI 8

Xiaomi Mi 8 စမတ်ဖုန်းဟာ လောလောဆယ်မှာ Qualcomm Snapdragon 845 အသုံးပြုထားတဲ့ ဈေးအသက်သာဆုံး စမတ်ဖုန်းတစ်ခုဖြစ်နေပြီး Mi 8 SE ဖုန်းကလည်း လက်ရှိအချိန်မှာ Snapdragon 710 Processor အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းတစ်ခုဖြစ်နေတဲ့အတွက် အခုလိုမျိုး ရောင်းအားကောင်းနေတယ်လို့ ပြောလို့ရပါတယ်။

Zawyè (Akhayar) 

www.akhayar.com