ၿပီးခဲ့တဲ့ႏွစ္တုန္းက အားလံုးကုိ အံ့အားသင့္ေစခဲ့တဲ့ Mi MIX ဖုန္းကုိထုတ္လုပ္ခဲ့တဲ့ေနာက္မွာ Xiaomi ဟာ ယခုအခါမွာလည္း သတင္းေနာက္တစ္ခုနဲ႔ ဆြဲေဆာင္လုိက္ျပန္ပါၿပီ။ အသစ္ထုတ္လုပ္ေတာ့မယ့္ Mi 5c ဟာ လက္ရွိထုတ္လုပ္ေနတဲ့ ဖုန္းေတြနဲ႔ မတူပဲ Xiaomi ရဲ႕ ကုိယ္ပုိင္ Chipset နဲ႔ ထုတ္လုပ္ေတာ့မွာ ျဖစ္တယ္လို႔ ဆုိပါတယ္။

အဆုိပါ Processor ကေတာ့ Octa-core Surge S1 ျဖစ္ၿပီး မတ္လ ၃ရက္ေန႔မွာ တရုတ္ရဲ႕ အလယ္အလတ္တန္းစား ဖုန္းအမ်ိဳးအစားျဖစ္တဲ့ ေဒၚလာ ၂၂၀တန္ဖုန္းမွာ စတင္ထည့္သြင္းမွာပါ။ အေစာပုိင္းသတင္ေတြအရ Mi 5c ဖုန္းဟာ လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ ၅.၁၅လက္မရွိတဲ့ 1080p မ်က္ႏွာျပင္၊ 3GB RAM နဲ႔ 64GB Storage ေတြပါဝင္မွာ ျဖစ္ေၾကာင္း သိရပါတယ္။ အဲ့ဒီအျပင္ ေရွ႕မ်က္ႏွာ Fingerprint ဆင္ဆာ၊ Dual-Nano SIM စေလာ့ေတြလည္း ပါဝင္မွာပါ။

Chip ဟာ ပါဝါအနည္းငယ္သာ အသံုးျပဳဖုိ႔အတြက္လည္း ျပဳလုပ္သြားမွာျဖစ္တာေၾကာင့္ အနည္းငယ္ ေသးငယ္တဲ့ ဘက္ထရီပမာဏျစဖ္တဲ့ 2860 mAh ဘက္ထရီကို အသံုးျပဳသြားမွာပါ။ ကုိယ္ထည္ကုိ ပိုမုိ ပါးလႊာသြားေအာင္လည္း ျပဳလုပ္မွာ ျဖစ္တာေၾကာင့္ ၇.၀၉မီလီမီတာသာ အထူရွိေတာ့မွာ ျဖစ္ပါတယ္။ ဓာတ္ပံုပုိငး္မွာ ဆုိရင္လည္း 12MP နဲ႔ f/2.2 ရွိတဲ့ အဓိက ကင္မရာနဲ႔ နာမည္မေပးရေသးတဲ့ 1.25um pixels ရွိတဲ့ ဆင္ဆာတစ္ခု ပါဝင္လာမွာပါ ဒါဟာဆုိရင္ အသံုးမ်ားတဲ့ 1.12um ထက္ပုိမုိၿပီးေတာ့ ႀကီးမား အဆင္ေျပသလုိ ေတာ္ေတာ္မ်ားမ်ားဖုန္းေတြမွာလည္း ထည့္သြင္းဖုိ႔ ျပဳလုပ္ေနပါတယ္။

Xiaomi အေနနဲ႔ ၿပီးခဲ့တဲ့ ဇူလုိလတုန္းက ပထမဆံုး Chip ကုိ တည္ေဆာက္ၿပီးစီးခဲ့ၿပီး ပထမဆံုး Sample Chip ေတြကုိ စက္တင္ဘာလ ၁၉ရက္ေန႔မွာ စတင္ရရွိခဲ့တာ ျဖစ္တယ္လုိ႔ ဥကၠဌျဖစ္သူ ေလဂၽြင္းရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

Joker (Akhayar)

Ref: Engadget

===========================

[Unicode]

ကိုယ်ပိုင် Chipset ကို ပထမဆုံးအနေနဲ့ ထည့်သွင်းထုတ်လုပ်မယ့် Xiaomi ဖုန်းသစ် Mi 5c

ပြီးခဲ့တဲ့နှစ်တုန်းက အားလုံးကို အံ့အားသင့်စေခဲ့တဲ့ Mi MIX ဖုန်းကိုထုတ်လုပ်ခဲ့တဲ့နောက်မှာ Xiaomi ဟာ ယခုအခါမှာလည်း သတင်းနောက်တစ်ခုနဲ့ ဆွဲဆောင်လိုက်ပြန်ပါပြီ။ အသစ်ထုတ်လုပ်တော့မယ့် Mi 5c ဟာ လက်ရှိထုတ်လုပ်နေတဲ့ ဖုန်းတွေနဲ့ မတူပဲ Xiaomi ရဲ့ ကိုယ်ပိုင် Chipset နဲ့ ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ Processor ကတော့ Octa-core Surge S1 ဖြစ်ပြီး မတ်လ ၃ရက်နေ့မှာ တရုတ်ရဲ့ အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားဖြစ်တဲ့ ဒေါ်လာ ၂၂၀တန်ဖုန်းမှာ စတင်ထည့်သွင်းမှာပါ။ အစောပိုင်းသတင်တွေအရ Mi 5c ဖုန်းဟာ လုပ်ဆောင်ချက်တွေအနေနဲ့ ၅.၁၅လက်မရှိတဲ့ 1080p မျက်နှာပြင်၊ 3GB RAM နဲ့ 64GB Storage တွေပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒီအပြင် ရှေ့မျက်နှာ Fingerprint ဆင်ဆာ၊ Dual-Nano SIM စလော့တွေလည်း ပါဝင်မှာပါ။

Chip ဟာ ပါဝါအနည်းငယ်သာ အသုံးပြုဖို့အတွက်လည်း ပြုလုပ်သွားမှာဖြစ်တာကြောင့် အနည်းငယ် သေးငယ်တဲ့ ဘက်ထရီပမာဏစြဖ်တဲ့ 2860 mAh ဘက်ထရီကို အသုံးပြုသွားမှာပါ။ ကိုယ်ထည်ကို ပိုမို ပါးလွှာသွားအောင်လည်း ပြုလုပ်မှာ ဖြစ်တာကြောင့် ၇.၀၉မီလီမီတာသာ အထူရှိတော့မှာ ဖြစ်ပါတယ်။ ဓာတ်ပုံပိုင်းမှာ ဆိုရင်လည်း 12MP နဲ့ f/2.2 ရှိတဲ့ အဓိက ကင်မရာနဲ့ နာမည်မပေးရသေးတဲ့ 1.25um pixels ရှိတဲ့ ဆင်ဆာတစ်ခု ပါဝင်လာမှာပါ ဒါဟာဆိုရင် အသုံးများတဲ့ 1.12um ထက်ပိုမိုပြီးတော့ ကြီးမား အဆင်ပြေသလို တော်တော်များများဖုန်းတွေမှာလည်း ထည့်သွင်းဖို့ ပြုလုပ်နေပါတယ်။

Xiaomi အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုလတုန်းက ပထမဆုံး Chip ကို တည်ဆောက်ပြီးစီးခဲ့ပြီး ပထမဆုံး Sample Chip တွေကို စက်တင်ဘာလ ၁၉ရက်နေ့မှာ စတင်ရရှိခဲ့တာ ဖြစ်တယ်လို့ ဥက္ကဌဖြစ်သူ လေဂျွင်းရဲ့ပြောကြားချက်အရ သိရပါတယ်။

Joker (Akhayar)

Ref: Engadget