[Zawgyi]

MH370 ေလယာဥ္ကုိ ခုိးစီးသူေတြက ဖ်က္ဆီးသြားတယ္လုိ႔ ေလေၾကာင္းကြ်မ္းက်င္သူက ေျပာလုိက္ၿပီ

၂ဝ၁၄ခုႏွစ္ မတ္လ (၈) ရက္ေန႔တုန္းက ကြာလာလမ္ပူေလဆိပ္ကေန ေဘဂ်င္းၿမိဳ႕ကုိ ဦးတည္ထြက္ခြာေနတဲ့ MH370 ေလယာဥ္ဟာ အိႏၵိယသမုဒၵရာထဲမွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ျဖစ္ရပ္ကုိ လူတုိင္းသိၾကမယ္ထင္ပါတယ္။ ဝန္ထမ္း (၂၂) ဦးနဲ႔ ခရီးသည္ (၂၂၇) ဦး တင္ေဆာင္လာတဲ့ MH370 Boeing 777 ေလယာဥ္ဟာ မေလးရွားစံေတာ္ခ်ိန္ ၁၂ း ၄၁ မိနစ္မွာ ေပ်ာက္ဆုံးသြားခဲ့ၿပီး မေလးရွားအစုိးရဟာ အိႏိၵယသမုဒၵရာေတာင္ပုိင္းကို ပုိက္စိပ္တုိက္ရွာေဖြခဲ့ေပမယ့္ မထူးျခားခဲ့ပါဘူး။

၂ဝ၁၈ခုႏွစ္ ဇူလုိင္လ (၃ဝ) ေန႔မွာေတာ့ မေလးရွားအစိုးရဟာ ေလးႏွစ္ေက်ာ္ၾကာ ရွာပုံေတာ္ခရီးကုိ ရပ္တန္႔လုိက္ၿပီး စာမ်က္ႏွာ (၄၉၅) ခုပါဝင္တဲ့ အစီရင္ခံစာကုိ ထုတ္ျပန္ခဲ့ပါတယ္။

“ရွာေဖြေ႐းအဖြဲ႕တစ္ဖြဲ႕လံုး ၄ ႏွစ္တာ ပိုက္စိပ္တိုက္ရွာေဖြခဲ့ေပမယ့္ ေပ်ာက္ဆံုးသြားရတဲ့အေၾကာင္းရင္းကိုေရာ ေလယာဥ္ရဲ႕ အစအနကိုေတာင္ ျပန္မရခဲ့ပါဘူး။ ေလ့လာသိရွိရသေလာက္ ေလယာဥ္ကို တစ္ေယာက္ေယာက္က အေရးေပၚလွည့္ခဲ့တာျဖစ္ၿပီး ဘယ္သူလဲဆိုတာေတာ့မသိႏိုင္ေတာ့ပါဘူး” လုိ႔ ရွာေဖြေရးအဖြဲ႕ေခါင္းေဆာင္ Dr Kok Soo Chon က ဆုိသြားပါတယ္။

MH370 ေလယာဥ္ေပ်ာက္ဆုံးသြားတဲ့ ျဖစ္ရပ္ကုိ အမ်ိဳးမ်ိဳးေဝဖန္ၾကေပမယ့္ တိက်ခုိင္လုံတဲ့အေျဖကုိေတာ့ မေဖာ္ထုတ္ႏုိင္ေသးပါဘူး။ ေလေၾကာင္းလုိင္းေတြရဲ႕ လုံျခံဳမႈအေၾကာင္းကုိ ေရးသားေနတဲ့ Aviation Security International (ASI) ဂ်ာနယ္ရဲ႕ အယ္ဒီတာ Philip Baum ကေတာ့ ေလယာဥ္ခုိးစီးတဲ့သူေတြက ရည္ရြယ္ခ်က္ရွိရွိ ဖ်က္ဆီးသြားတယ္လုိ႔ ဆုိခဲ့ပါတယ္။ “ေလယာဥ္ေပ်ာက္ဆုံးမႈမွာ အျဖစ္ႏုိင္ဆုံးက တရားမဝင္ေလယာဥ္ခုိးစီးတဲ့သူေတြပဲ။ သူတုိ႔ေတြက ေလယာဥ္ကုိ အႏုၾကမ္းစီးၿပီး ဖ်က္ဆီးခဲ့တယ္လုိ႔ သုံးသပ္မိတယ္။ ဒီအေၾကာင္းကုိ မေလးရွားအာဏာပုိင္ေတြက ေဖာ္ျပခ်င္မွာေတာ့ မဟုတ္ပါဘူး” လုိ႔ ဆုိသြားပါတယ္။

“မေလးရွားအစုိးရရဲ႕ အစီရင္ခံစာက စာမ်က္ႏွာ (၄၉၅) ရြက္သာ ပါေနတာ။ တိက်ခုိင္လုံတဲ့ အခ်က္ကုိ မတင္ျပႏုိင္ဘူး။ ၿပီးေတာ့ ျပည္သူေတြကုိ ပြင့္လင္းျမင္သာမႈလည္း မရွိဘူး” လုိ႔ ဆုိသြားပါတယ္။ ကမၻာတစ္လႊားမွာ ေလယာဥ္ခုိးစီးသူ (၁၂၃) ဦးဟာ ေလယာဥ္ (၁ဝ၇) စီးကုိ ဖ်က္ဆီးဖုိ႔ ႀကိဳးစားဖူးတဲ့ျဖစ္စဥ္ေတြကုိ ခ်ျပသြားခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

MH370 လေယာဉ်ကို ခိုးစီးသူတွေက ဖျက်ဆီးသွားတယ်လို့ လေကြောင်းကျွမ်းကျင်သူက ပြောလိုက်ပြီ

၂ဝ၁၄ခုနှစ် မတ်လ (၈) ရက်နေ့တုန်းက ကွာလာလမ်ပူလေဆိပ်ကနေ ဘေဂျင်းမြို့ကို ဦးတည်ထွက်ခွာနေတဲ့ MH370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ဖြစ်ရပ်ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဝန်ထမ်း (၂၂) ဦးနဲ့ ခရီးသည် (၂၂၇) ဦး တင်ဆောင်လာတဲ့ MH370 Boeing 777 လေယာဉ်ဟာ မလေးရှားစံတော်ချိန် ၁၂ း ၄၁ မိနစ်မှာ ပျောက်ဆုံးသွားခဲ့ပြီး မလေးရှားအစိုးရဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် မထူးခြားခဲ့ပါဘူး။

၂ဝ၁၈ခုနှစ် ဇူလိုင်လ (၃ဝ) နေ့မှာတော့ မလေးရှားအစိုးရဟာ လေးနှစ်ကျော်ကြာ ရှာပုံတော်ခရီးကို ရပ်တန့်လိုက်ပြီး စာမျက်နှာ (၄၉၅) ခုပါဝင်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။

“ရှာဖွေရေးအဖွဲ့တစ်ဖွဲ့လုံး ၄ နှစ်တာ ပိုက်စိပ်တိုက်ရှာဖွေခဲ့ပေမယ့် ပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကိုရော လေယာဉ်ရဲ့ အစအနကိုတောင် ပြန်မရခဲ့ပါဘူး။ လေ့လာသိရှိရသလောက် လေယာဉ်ကို တစ်ယောက်ယောက်က အရေးပေါ်လှည့်ခဲ့တာဖြစ်ပြီး ဘယ်သူလဲဆိုတာတော့မသိနိုင်တော့ပါဘူး” လို့ ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Dr Kok Soo Chon က ဆိုသွားပါတယ်။

MH370 လေယာဉ်ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်ကို အမျိုးမျိုးဝေဖန်ကြပေမယ့် တိကျခိုင်လုံတဲ့အဖြေကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။ လေကြောင်းလိုင်းတွေရဲ့ လုံခြုံမှုအကြောင်းကို ရေးသားနေတဲ့ Aviation Security International (ASI) ဂျာနယ်ရဲ့ အယ်ဒီတာ Philip Baum ကတော့ လေယာဉ်ခိုးစီးတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးသွားတယ်လို့ ဆိုခဲ့ပါတယ်။ “လေယာဉ်ပျောက်ဆုံးမှုမှာ အဖြစ်နိုင်ဆုံးက တရားမဝင်လေယာဉ်ခိုးစီးတဲ့သူတွေပဲ။ သူတို့တွေက လေယာဉ်ကို အနုကြမ်းစီးပြီး ဖျက်ဆီးခဲ့တယ်လို့ သုံးသပ်မိတယ်။ ဒီအကြောင်းကို မလေးရှားအာဏာပိုင်တွေက ဖော်ပြချင်မှာတော့ မဟုတ်ပါဘူး” လို့ ဆိုသွားပါတယ်။

“မလေးရှားအစိုးရရဲ့ အစီရင်ခံစာက စာမျက်နှာ (၄၉၅) ရွက်သာ ပါနေတာ။ တိကျခိုင်လုံတဲ့ အချက်ကို မတင်ပြနိုင်ဘူး။ ပြီးတော့ ပြည်သူတွေကို ပွင့်လင်းမြင်သာမှုလည်း မရှိဘူး” လို့ ဆိုသွားပါတယ်။ ကမ္ဘာတစ်လွှားမှာ လေယာဉ်ခိုးစီးသူ (၁၂၃) ဦးဟာ လေယာဉ် (၁ဝ၇) စီးကို ဖျက်ဆီးဖို့ ကြိုးစားဖူးတဲ့ဖြစ်စဉ်တွေကို ချပြသွားခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com