[Zawgyi]

ေရွာ္လ္ေကးကြင္းလယ္လူ ေမယာ Meyer ကို ေခၚယူႏိုင္ခဲ႔တဲ႔ ခရစၥတယ္ပဲေလ့စ္

ခရစၥတယ္ပဲေလ့စ္အသင္းဟာ ေရွာ္လ္ေကးအသင္းရဲ႕ ဂ်ာမနီကြင္းလယ္လူ ေမယာ Meyer ကို ေခၚယူႏိုင္ခဲ႔ပါတယ္။ ေမယာ Meyer ဟာ ေရွာ္လ္ေကးအသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးခဲ႔တာေၾကာင့္ ခရစ္စၥတယ္ပဲေလ့စ္ဟာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူႏိုင္ခဲ႔တာပါ။ ေမယာ Meyer ဟာ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ (၃)နွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ပါတယ္။

Meyer

Meyer

အသက္(၂၂)အရြယ္ ကြင္းလယ္လူဟာ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ ႔ကာလမွာ တတိယေျမာက္ ေခၚယူခဲ႔တဲ႔ ကစားသမားလည္းျဖစ္လာခဲ႔ပါတယ္။

ေမယာ Meyer ဟာ ေရွာ္လ္ေကးအသင္းမွာ(၆)ရာသီၾကာ ကစားခဲ႔သူျဖစ္ျပီးအသင္း အတြက္ပြဲေပါင္း(၁၉၂)ပြဲကစားခဲ႔ကာသြင္းဂိုး(၂၂)ဂိုးသြင္းယူႏိုင္ခဲ႔သူပါ။ ေမယာ Meyer ဟာ သက္တမ္းအလိုက္ ဂ်ာမနီလူငယ္လက္ေရြးစင္အသင္း ေတြမွာပါ၀င္ခဲ႔သူျဖစ္သလို ၂၀၁၆ ရီယိုအိုလံပစ္ျပိဳင္ပြဲမွာလည္း ဂ်ာမနီအိုလံပစ္အသင္းမွာပါ၀င္ခဲ႔ ျပီးေျခစြမ္းျပ ကစားႏိုင္ခဲ႔ပါတယ္။ ေမယာ Meyer ဟာ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ေတာ႔ (၄)ပြဲကစားထားျပီး (၁)ဂိုးသြင္းယူထားသူပါ။ဒီလိုကစားသမားမ်ိဳးကို ေခၚယူႏိုင္ခဲ႔တဲ႔ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕အေျပာင္းအေရႊ ႔ လုပ္ေဆာင္ပံုေတြက အားရစရာပဲျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္အသင္းဟာ ျပီးခဲ႔တဲ႔ရက္ပိုင္းက ကူယာေတး Kouyate ကိုလည္းေခၚယူထားတာေၾကာင္႔ ယူယာေတး Kouyate ၊ေမယာ Meyer တို႔ရဲ႕ကြင္းလယ္ဟာ ဒီႏွစ္ေဘာလံုးရာသီမွာ စိတ္၀င္စားစရာျဖစ္လာမွာကေတာ႔ အမွန္ပါပဲ။

ေမယာ Meyer က ” က်ြန္ေတာ္႔ ရဲ႕ ကစားသမားဘ၀ကို ေနာက္တစ္ဆင့္ေရာက္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္ ဒီကိုေရာက္လာတဲ႔အတြက္ ဂုဏ္ယူမိပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

REF: BBC SPORTS
Photo: Crystal Palace Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရှော်လ်ကေးကွင်းလယ်လူ မေယာ Meyer ကို ခေါ်ယူနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရှော်လ်ကေးအသင်းရဲ့ ဂျာမနီကွင်းလယ်လူ မေယာ Meyer ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မေယာ Meyer ဟာ ရှော်လ်ကေးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ခရစ်စ္စတယ်ပဲလေ့စ်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ခဲ့တာပါ။ မေယာ Meyer ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Meyer

Meyer

အသက်(၂၂)အရွယ် ကွင်းလယ်လူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ တတိယမြောက် ခေါ်ယူခဲ့တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

မေယာ Meyer ဟာ ရှော်လ်ကေးအသင်းမှာ(၆)ရာသီကြာ ကစားခဲ့သူဖြစ်ပြီးအသင်း အတွက်ပွဲပေါင်း(၁၉၂)ပွဲကစားခဲ့ကာသွင်းဂိုး(၂၂)ဂိုးသွင်းယူနိုင်ခဲ့သူပါ။ မေယာ Meyer ဟာ သက်တမ်းအလိုက် ဂျာမနီလူငယ်လက်ရွေးစင်အသင်း တွေမှာပါဝင်ခဲ့သူဖြစ်သလို ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာလည်း ဂျာမနီအိုလံပစ်အသင်းမှာပါဝင်ခဲ့ ပြီးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ မေယာ Meyer ဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက်တော့ (၄)ပွဲကစားထားပြီး (၁)ဂိုးသွင်းယူထားသူပါ။ဒီလိုကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့တဲခရစ္စတယ်ပဲလေ့စ်အသင်းရဲ့အပြောင်းအရွှေ့ လုပ်ဆောင်ပုံတွေက အားရစရာပဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကူယာတေး Kouyate ကိုလည်းခေါ်ယူထားတာကြောင့် ယူယာတေး Kouyate ၊မေယာ Meyer တို့ရဲ့ကွင်းလယ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ စိတ်ဝင်စားစရာဖြစ်လာမှာကတော့ အမှန်ပါပဲ။

မေယာ Meyer က ” ကျွန်တော့် ရဲ့ ကစားသမားဘဝကို နောက်တစ်ဆင့်ရောက်အောင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ် ဒီကိုရောက်လာတဲ့အတွက် ဂုဏ်ယူမိပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

REF: BBC SPORTS
Photo: Crystal Palace Twitter
Ko Kyue(Akhayar)
www.akhayar.com