This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ခံစစ္အမွားေၾကာင့္ ေပးဆပ္မႈ ႀကီးမားခဲ့တဲ့ လက္ရွိခ်န္ပီယံ ဂ်ာမနီ

မကၠဆီကုိအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ လုိဇာႏုိ Lozano က ဒီပဲြမွာ သူရဲေကာင္းျဖစ္ခဲ့တယ္။ အသင္းအတြက္ တစ္လုံးတည္းေသာ အႏုိင္ဂုိးကုိ သြင္းယူခဲ့ၿပီး လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္းကုိ အုပ္စုအဖြင့္မွာ မ်က္ႏွာပန္းမလွေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ ဒီပဲြမွာ ဂ်ာမနီအသင္းရဲ႕ ခံစစ္က စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ အမွားေတြ က်ဴးလြန္ခဲ့တယ္။ တကယ္လုိ႔သာ မကၠဆီကုိကစားသမားေတြ ဒီထက္ပုိေကာင္းမယ္ဆုိရင္ ဂ်ာမနီအသင္း ဂုိးျပတ္ရႈံးနိမ့္သြားႏုိင္တဲ့အေနအထားပါပဲ။ ဂ်ာမနီ Center Midfield ႏွစ္ဦးျဖစ္တဲ့ က႐ူးစ္ Kroos ၊ ခီဒီရာ Khedira တို႔ အတြဲအဖက္ မမိတဲ့အျပင္ အသက္အရြယ္ေၾကာင့္ အက်ပုိင္းေရာက္ေနတဲ့ ခီဒီရာဟာ Defensive Play မွာ အားနည္းခ့ဲတာေၾကာင့္ ခံစစ္နဲ႔ ကြင္းလယ္မွာ Gap ႀကီးျဖစ္ေနၿပီး အဲဒါကုိ မကၠဆီကုိအသင္းက ေကာင္းေကာင္း အသုံးခ်ႏုိင္ခဲ့တယ္။

Hummels-Against-Hernandez

Hummels-Against-Hernandez

ေနာက္ၿပီး Center Back တစ္ဦးျဖစ္တဲ့ ဟမ္းမဲလ္ Hummels တည္ၿငိမ္မႈ ေပ်ာက္ဆုံးေနၿပီး ေပးလုိက္ရတဲ့ဂုိးကလည္း သူ အမွားေၾကာင့္ပါပဲ။ (၃၅)မိနစ္မွာ Counter Attack ကေန ဟာနန္ဒက္ဇ္ Hernandez ထုိးေပးလုိက္တဲ့ေဘာလုံးကုိ လုိဇာႏုိက ဂ်ာမနီေနာက္ခံလူတစ္ဦးကုိ လွည့္စားၿပီး အျပင္းကန္သြင္းယူခဲ့တာပါ။

Lozano-Celebrate-After-Scoring-Opening-Goal

Lozano-Celebrate-After-Scoring-Opening-Goal

မကၠဆီကုိအသင္း Counter ျပန္ကစားရင္ ဂ်ာမနီဘက္ျခမ္းမွာ အနည္းဆုံး လူႏွစ္ေယာက္ေလာက္က လြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္ေနၿပီး ညာေတာင္ပံကစားသမား ေလယြန္ Layun အခြင့္အေရးေတြကုိ ဒုိင္ခံျဖဳန္းတီးခဲ့လုိ႔ လက္ရွိခ်န္ပီယံ ကံေကာင္းခဲ့တယ္။ ဂ်ာမနီအသင္း ေဘာလုံးပုိင္ဆုိင္မႈအသာနဲ႔ ထုိးေဖာက္ခဲ့ေပမယ့္ မကၠဆီကုိ ခံစစ္က အမွားမရွိခဲ့တာေၾကာင့္ အပုိင္အခြင့္အေရးေတာ့ မရခဲ့ဘူး။ ဂ်ာမနီအသင္းနည္းျပဂ်ိဳအာခ်င္လုိး Joachim Low ဟာ ဂုိးမက္ဇ္ Gomez ၊ မာကုိ႐ိုက္စ္ Marco Reus ၊ ဘရန္႔ဒ္ Brandt စတဲ့ တိုက္စစ္ကစားသမားေတြကုိ ထည့္သြင္းခဲ့ေပမယ့္လည္း လုိအပ္တဲ့ ေခ်ပဂုိးေတာ့ မရခဲ့တာေၾကာင့္ အဖြင့္ပဲြမွာပဲ လက္ရွိခ်န္ပီယံအသင္း ႐ႈံးပဲြနဲ႔ရင္ဆုိင္ခဲ့ရပါတယ္။

Mexico-Defender-Salcedo-Against-Muller

Mexico-Defender-Salcedo-Against-Muller

ဂ်ာမနီ – မကၠဆီကုိပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
– ဂ်ာမနီအသင္းဟာ ၁၉၈၂ ကမၻာ႔ဖလားတုန္းက အုပ္စုအဖြင့္ပြဲမွာ အယ္လ္ဂ်ီးရီးယားကုိ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ပုိင္း ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္ အဖြင့္႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရတာပါ။
– မကၠဆီကုိအသင္း၀ါရင့္ကစားသမား မားကြက္ဇ္ Marquez ဟာ အခုပဲြမွာ ၀င္ေရာက္ကစားခဲ့တာေၾကာင့္ အန္တိုနီယုိကာဗာဟယ္လ္ Antonio Carbajal (မကၠဆီကုိ)၊ လုိသာမာသီးယက္စ္ Lothar Matthaus (ဂ်ာမနီ)တို႔ေနာက္ပုိင္း ကမၻာ႔ဖလား(၅)ႀကိမ္မွာ ႏုိင္ငံအသင္းအတြက္ ပါ၀င္ကစားခြင့္ရခဲ့တဲ့ တတိယေျမာက္ကစားသမားျဖစ္ခဲ့တယ္။
– အုပ္စုအဖြင့္မွာ လက္ရွိခ်န္ပီယံအသင္း ႏုိင္ပဲြေပ်ာက္ခဲ့တာ တတိယအႀကိမ္ေျမာက္ျဖစ္ၿပီး ၂၀၁၀ မွာ လက္ရွိခ်န္ပီယံအီတလီအသင္းက ပါရာေဂြးကုိ (၁-၁)ဂုိး၊ ၂၀၁၄ မွာ လက္ရွိခ်န္ပီယံစပိန္အသင္းက နယ္သာလန္ကုိ (၅-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီး အခု ဂ်ာမနီအသင္းက မကၠဆီကုိအသင္းကုိ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

Photo: FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ခံစစ်အမှားကြောင့် ပေးဆပ်မှု ကြီးမားခဲ့တဲ့ လက်ရှိချန်ပီယံ ဂျာမနီ

မက္ကဆီကိုအသင်းရဲ့ လူငယ်ကြယ်ပွင့် လိုဇာနို Lozano က ဒီပွဲမှာ သူရဲကောင်းဖြစ်ခဲ့တယ်။ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီး လက်ရှိချန်ပီယံ ဂျာမနီအသင်းကို အုပ်စုအဖွင့်မှာ မျက်နှာပန်းမလှအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျာမနီအသင်းရဲ့ ခံစစ်က စိတ်ပျက်စရာကောင်းလောက်အောင် အမှားတွေ ကျူးလွန်ခဲ့တယ်။ တကယ်လို့သာ မက္ကဆီကိုကစားသမားတွေ ဒီထက်ပိုကောင်းမယ်ဆိုရင် ဂျာမနီအသင်း ဂိုးပြတ်ရှုံးနိမ့်သွားနိုင်တဲ့အနေအထားပါပဲ။ ဂျာမနီ Center Midfield နှစ်ဦးဖြစ်တဲ့ ကရူးစ် Kroos ၊ ခီဒီရာ Khedira တို့ အတွဲအဖက် မမိတဲ့အပြင် အသက်အရွယ်ကြောင့် အကျပိုင်းရောက်နေတဲ့ ခီဒီရာဟာ Defensive Play မှာ အားနည်းခဲ့တာကြောင့် ခံစစ်နဲ့ ကွင်းလယ်မှာ Gap ကြီးဖြစ်နေပြီး အဲဒါကို မက္ကဆီကိုအသင်းက ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။

Hummels-Against-Hernandez

Hummels-Against-Hernandez

နောက်ပြီး Center Back တစ်ဦးဖြစ်တဲ့ ဟမ်းမဲလ် Hummels တည်ငြိမ်မှု ပျောက်ဆုံးနေပြီး ပေးလိုက်ရတဲ့ဂိုးကလည်း သူ အမှားကြောင့်ပါပဲ။ (၃၅)မိနစ်မှာ Counter Attack ကနေ ဟာနန်ဒက်ဇ် Hernandez ထိုးပေးလိုက်တဲ့ဘောလုံးကို လိုဇာနိုက ဂျာမနီနောက်ခံလူတစ်ဦးကို လှည့်စားပြီး အပြင်းကန်သွင်းယူခဲ့တာပါ။

Lozano-Celebrate-After-Scoring-Opening-Goal

Lozano-Celebrate-After-Scoring-Opening-Goal

မက္ကဆီကိုအသင်း Counter ပြန်ကစားရင် ဂျာမနီဘက်ခြမ်းမှာ အနည်းဆုံး လူနှစ်ယောက်လောက်က လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေပြီး ညာတောင်ပံကစားသမား လေယွန် Layun အခွင့်အရေးတွေကို ဒိုင်ခံဖြုန်းတီးခဲ့လို့ လက်ရှိချန်ပီယံ ကံကောင်းခဲ့တယ်။ ဂျာမနီအသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ခဲ့ပေမယ့် မက္ကဆီကို ခံစစ်က အမှားမရှိခဲ့တာကြောင့် အပိုင်အခွင့်အရေးတော့ မရခဲ့ဘူး။ ဂျာမနီအသင်းနည်းပြဂျိုအာချင်လိုး Joachim Low ဟာ ဂိုးမက်ဇ် Gomez ၊ မာကိုရိုက်စ် Marco Reus ၊ ဘရန့်ဒ် Brandt စတဲ့ တိုက်စစ်ကစားသမားတွေကို ထည့်သွင်းခဲ့ပေမယ့်လည်း လိုအပ်တဲ့ ချေပဂိုးတော့ မရခဲ့တာကြောင့် အဖွင့်ပွဲမှာပဲ လက်ရှိချန်ပီယံအသင်း ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Mexico-Defender-Salcedo-Against-Muller

Mexico-Defender-Salcedo-Against-Muller

ဂျာမနီ – မက္ကဆီကိုပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
– ဂျာမနီအသင်းဟာ ၁၉၈၂ ကမ္ဘာ့ဖလားတုန်းက အုပ်စုအဖွင့်ပွဲမှာ အယ်လ်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် အဖွင့်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
– မက္ကဆီကိုအသင်းဝါရင့်ကစားသမား မားကွက်ဇ် Marquez ဟာ အခုပွဲမှာ ဝင်ရောက်ကစားခဲ့တာကြောင့် အန်တိုနီယိုကာဗာဟယ်လ် Antonio Carbajal (မက္ကဆီကို)၊ လိုသာမာသီးယက်စ် Lothar Matthaus (ဂျာမနီ)တို့နောက်ပိုင်း ကမ္ဘာ့ဖလား(၅)ကြိမ်မှာ နိုင်ငံအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့တဲ့ တတိယမြောက်ကစားသမားဖြစ်ခဲ့တယ်။
– အုပ်စုအဖွင့်မှာ လက်ရှိချန်ပီယံအသင်း နိုင်ပွဲပျောက်ခဲ့တာ တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၀ မှာ လက်ရှိချန်ပီယံအီတလီအသင်းက ပါရာဂွေးကို (၁-၁)ဂိုး၊ ၂၀၁၄ မှာ လက်ရှိချန်ပီယံစပိန်အသင်းက နယ်သာလန်ကို (၅-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အခု ဂျာမနီအသင်းက မက္ကဆီကိုအသင်းကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Photo: FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com