[Zawgyi]

မကၠဆီကုိ ေဘာလုံးေလာကမွာ ထြန္းေတာက္လာတဲ့ ၾကယ္တစ္ပြင့္

လုိဇာႏုိ Lozano ဆုိတ့ဲ ေကာင္ေလးတစ္ဦးကုိ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေဘာလုံးပရိသတ္ေတြ သတိထားမိလိမ့္မယ္။ လူေကာင္ ခပ္ေသးေသး၊ လ်င္ျမန္တဲ့ကစားဟန္ေတြနဲ႔ ပရိသတ္ရဲ႕ အာ႐ုံကုိ ဖမ္းစားခဲ့သူ။ ဂ်ာမနီနဲ႔ အုပ္စုအဖြင့္ပဲြမွာ မကၠဆီကုိအသင္းအတြက္ အဖြင့္ဂုိးကုိ လွလွပပကန္သြင္းခဲ့ၿပီး ကမၻာ႔ဖလားပဲြဦးထြက္မွာပဲ ဂုိးသြင္းခဲ့သူဆုိတဲ့ စံခ်ိန္မွတ္တမ္းေကာင္းကုိ ရယူႏုိင္ခဲ့တယ္။ အရင္တုနး္က အရမ္းနာမည္ႀကီးတဲ့ “Child Play” အ႐ုပ္သရဲကားထဲက အ႐ုပ္သရဲ “Chucky” အမည္ေျပာင္ေပးခံထားရသူ လုိဇာႏုိကုိ မီဒီယာေတြက “မကၠဆီကုိ ရပ္ရွ္ဖုိ႔ဒ္”ဆုိၿပီး တင္စားေနၾကပါၿပီ။

Hirving-Lozano-Score-Against-Germany

Hirving-Lozano-Score-Against-Germany

ဘာျဖစ္လုိ႔လဲဆုိေတာ့ ရပ္ရွ္ဖုိ႔ဒ္လုိပဲ၊ လုိဇာႏုိက ပဲြဦးထြက္ပဲြေတြဆုိ ဂုိးျမဴးတတ္လုိ႔ပါပဲ။ မကၠဆီကုိ ထိပ္သီးကလပ္ ပါခ်ဴကာအသင္းမွာ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ စတင္ခဲ့တဲ့ လုိဇာႏုိဟာ ၂၀၁၄ ခုႏွစ္အတြင္း Club América နဲ႔ကစားခဲ့တဲ့ မကၠဆီကုိလိဂ္ပဲြစဥ္မွာ ပထမဆုံးပဲြဦးထြက္ခြင့္ရခဲ့ၿပီး ဂုိးသြင္းယူခဲ့တယ္။ ေနာက္ၿပီး ကြန္ကာကပ္ခ်န္ပီယံလိဂ္ ပဲြဦးထြက္မွာလည္း ဂုိးသြင္းခဲ့တာေၾကာင့္ သူ႔ရဲ႕အမည္က တျဖည္းျဖည္း လူူသိမ်ားခဲ့ပါတယ္။

Lozano-score-For-Pachuca

Lozano-score-For-Pachuca

ဥေရာပအသင္းေတြက လြန္ဇာႏုိကုိ သတိထား ပစ္မွတ္ထားလာခ်ိန္မွာ ခပ္သြက္သြက္ လႈပ္ရွားခဲ့တာက နယ္သာလန္ထိပ္သီး PSV အသင္းပါပဲ။ ၂၀၁၇ ခုႏွစ္မွာ လြန္ဇာႏုိကုိ အေမရိကန္ေဒၚလာ (၁၇.၄)သန္းနဲ႔ ေခၚယူခဲ့တယ္။ လြန္ဇာႏုိလုိ လူငယ္ကစားသမားတစ္ဦးကုိ ဒီေလာက္ေငြပမာဏနဲ႕ ေခၚယူခဲ့လုိ႔ PSVအသင္းရဲ႕ လုပ္ရပ္ကုိ ေမးခြန္းထုတ္ခဲ့တဲ့သူေတြကလည္း အမ်ားႀကီးပဲ။ ဒါေပမဲ့ လြန္ဇာႏိုအတြက္ အသုံးျပဳခဲ့တဲ့ ေငြေၾကးေတြက အခ်ည္းႏွီး မျဖစ္ခဲ့ဘူး။ AZ Alkmaar နဲ႔ လိဂ္ပဲြဦးထြက္မွာ ဂုိးသြင္းခဲ့သလုိ လိဂ္(၃)ပဲြဆက္ ဂုိးသြင္းႏုိင္ခဲ့လုိ႔ PSV အသင္းအတြက္ ဘရာဇီးလ္ ဂႏၳ၀င္တိုက္စစ္မွဴးႀကီး ေရာ္နယ္လ္ဒုိ Ronaldo တင္ရွိခဲ့တဲ့ လိဂ္ပဲြဆက္အမ်ားဆုံး စံခ်ိန္ကုိ ေက်္ျဖတ္ႏုိင္ခဲ့ျပန္တယ္။ ေနာက္ၿပီး နယ္သာလန္ဖလားပဲြမွာလည္း ပဲြဦးထြက္မွာပဲ ဂုိးသြင္းယူခ့ဲပါေသးတယ္

Hirving-Lozano-PSV

Hirving-Lozano-PSV

PSV ကစားသမားဘ၀ ပထမဆုံးရာသီမွာပဲ အမွတ္ေပးဖလားကုိ ဆြတ္ခူးခဲ့ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကုိ သိမ္းပုိက္ႏုိင္ခဲ့ပါတယ္။ လြန္ဇာႏုိရဲ႕ ေရႊေရာင္ေန႔ရက္ေတြက မၿပီးဆုံးေသးပါဘူး။ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြမွာ မကၠဆီကုိအသင္း ေျခစစ္ပဲြေအာင္ျမင္ေအာင္ သြင္းဂုိးေတြနဲ႔ ကူညီေပးခဲ့တယ္၊ ၂၀၁၈ ကမၻာ႔ဖလား အဖြင့္ပဲြမွာလည္း ဂ်ာမနီကုိ ဂုိးသြင္းၿပီး ကမၻာ႔ဖလားပဲြဦးထြက္မွာ ဂုိးသြင္းသူအျဖစ္ စံခ်ိန္ေရးထုိးခဲ့တယ္။ အခုလည္း ေနာက္ထပ္ ဂုဏ္ယူစရာ စံခ်ိန္တစ္ခုကုိ ထပ္ပုိင္ဆုိင္ခဲ့ျပန္ၿပီ။

Hirving-Lozano-Score-Champions-League-Debut

Hirving-Lozano-Score-Champions-League-Debut

အဲဒါကေတာ့ BATE နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ေျခစစ္ပဲြ Play off အဆင့္မွာ ခ်န္ပီယံလိဂ္ပဲြဦးထြက္ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အသငး္အတြက္ ဒုတိယဂုိးကုိ သြင္းယူခဲ့တာပါ။ အခုဆုိရင္ လြန္ဇာႏုိရဲ႕ တန္ဖုိးက အရင္ကထက္ အဆေပါင္းမ်ားစြာ ျမင့္တက္ေနပါၿပီ။ ဥေရာပ ထိပ္သီးအသင္းေတြကလည္း လြန္ဇာႏုိကုိ မ်က္စိက်လာလုိ႔ PSV အသင္း မ်က္ခုံးလႈပ္ေနတယ္။ လြန္ဇာႏုိရဲ႕အသက္က အခုမွ (၂၃)ႏွစ္ပဲရွိေသးလုိ႔ သင္ယူစရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္။ လက္ရွိေျခစြမ္းအရေတာ့ လြန္ဇာႏုိဟာ ေနာက္ထပ္ အဆင့္တစ္ဆင့္ကုိ တက္လွမ္းႏုိင္ဖုိ႔အတြက္ အရည္အေသြးေတြ ပုိင္ဆုိင္ထားၿပီလုိ႔ ဆုိရမွာပဲျဖစ္ပါေတာ့တယ္။

လြန္ဇာႏုိရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Pachuca
Liga MX: Clausura 2016
CONCACAF Champions League: 2016–17

PSV Eindhoven
Eredivisie: 2017–18

International
Mexico Youth
CONCACAF U-20 Championship: 2015
CONCACAF Men’s Olympic Qualifying Championship: 2015

တစ္ဦးခ်င္း ေအာင္ျမင္မႈမ်ား

CONCACAF U-20 Championship Golden Boot (Shared): 2015[43]
CONCACAF U-20 Championship Best XI: 2015[43]
CONCACAF Men’s Olympic Qualifying Championship Golden Ball: 2015[44]
CONCACAF Men’s Olympic Qualifying Championship Best XI: 2015[44]
Liga MX Best XI: Clausura 2016[45]
Liga MX Balón de Oro: 2015–16 Best Offensive Midfielder[46]
CONCACAF Champions League Golden Boot: 2016–17[6]
CONCACAF Champions League Best Young Player: 2016–17[7]
Eredivisie Player of the Month: August 2017[12]
Eredivisie Team of the Year: 2017–18[47]

REF:ESPN,the18.com,Wikipedia
Photo:Getty Images,Sports Illustrated,FIFA
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မက္ကဆီကို ဘောလုံးလောကမှာ ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်

လိုဇာနို Lozano ဆိုတဲ့ ကောင်လေးတစ်ဦးကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးပရိသတ်တွေ သတိထားမိလိမ့်မယ်။ လူကောင် ခပ်သေးသေး၊ လျင်မြန်တဲ့ကစားဟန်တွေနဲ့ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားခဲ့သူ။ ဂျာမနီနဲ့ အုပ်စုအဖွင့်ပွဲမှာ မက္ကဆီကိုအသင်းအတွက် အဖွင့်ဂိုးကို လှလှပပကန်သွင်းခဲ့ပြီး ကမ္ဘာ့ဖလားပွဲဦးထွက်မှာပဲ ဂိုးသွင်းခဲ့သူဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့တယ်။ အရင်တုန်းက အရမ်းနာမည်ကြီးတဲ့ “Child Play” အရုပ်သရဲကားထဲက အရုပ်သရဲ “Chucky” အမည်ပြောင်ပေးခံထားရသူ လိုဇာနိုကို မီဒီယာတွေက “မက္ကဆီကို ရပ်ရှ်ဖို့ဒ်”ဆိုပြီး တင်စားနေကြပါပြီ။

Hirving-Lozano-Score-Against-Germany

Hirving-Lozano-Score-Against-Germany

ဘာဖြစ်လို့လဲဆိုတော့ ရပ်ရှ်ဖို့ဒ်လိုပဲ၊ လိုဇာနိုက ပွဲဦးထွက်ပွဲတွေဆို ဂိုးမြူးတတ်လို့ပါပဲ။ မက္ကဆီကို ထိပ်သီးကလပ် ပါချူကာအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့တဲ့ လိုဇာနိုဟာ ၂၀၁၄ ခုနှစ်အတွင်း Club América နဲ့ကစားခဲ့တဲ့ မက္ကဆီကိုလိဂ်ပွဲစဉ်မှာ ပထမဆုံးပွဲဦးထွက်ခွင့်ရခဲ့ပြီး ဂိုးသွင်းယူခဲ့တယ်။ နောက်ပြီး ကွန်ကာကပ်ချန်ပီယံလိဂ် ပွဲဦးထွက်မှာလည်း ဂိုးသွင်းခဲ့တာကြောင့် သူ့ရဲ့အမည်က တဖြည်းဖြည်း လူူသိများခဲ့ပါတယ်။

Lozano-score-For-Pachuca

Lozano-score-For-Pachuca

ဥရောပအသင်းတွေက လွန်ဇာနိုကို သတိထား ပစ်မှတ်ထားလာချိန်မှာ ခပ်သွက်သွက် လှုပ်ရှားခဲ့တာက နယ်သာလန်ထိပ်သီး PSV အသင်းပါပဲ။ ၂၀၁၇ ခုနှစ်မှာ လွန်ဇာနိုကို အမေရိကန်ဒေါ်လာ (၁၇.၄)သန်းနဲ့ ခေါ်ယူခဲ့တယ်။ လွန်ဇာနိုလို လူငယ်ကစားသမားတစ်ဦးကို ဒီလောက်ငွေပမာဏနဲ့ ခေါ်ယူခဲ့လို့ PSVအသင်းရဲ့ လုပ်ရပ်ကို မေးခွန်းထုတ်ခဲ့တဲ့သူတွေကလည်း အများကြီးပဲ။ ဒါပေမဲ့ လွန်ဇာနိုအတွက် အသုံးပြုခဲ့တဲ့ ငွေကြေးတွေက အချည်းနှီး မဖြစ်ခဲ့ဘူး။ AZ Alkmaar နဲ့ လိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းခဲ့သလို လိဂ်(၃)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့လို့ PSV အသင်းအတွက် ဘရာဇီးလ် ဂန္ထဝင်တိုက်စစ်မှူးကြီး ရော်နယ်လ်ဒို Ronaldo တင်ရှိခဲ့တဲ့ လိဂ်ပွဲဆက်အများဆုံး စံချိန်ကို ကျေ်ဖြတ်နိုင်ခဲ့ပြန်တယ်။ နောက်ပြီး နယ်သာလန်ဖလားပွဲမှာလည်း ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူခဲ့ပါသေးတယ်

Hirving-Lozano-PSV

Hirving-Lozano-PSV

PSV ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လွန်ဇာနိုရဲ့ ရွှေရောင်နေ့ရက်တွေက မပြီးဆုံးသေးပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက္ကဆီကိုအသင်း ခြေစစ်ပွဲအောင်မြင်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးခဲ့တယ်၊ ၂၀၁၈ ကမ္ဘာ့ဖလား အဖွင့်ပွဲမှာလည်း ဂျာမနီကို ဂိုးသွင်းပြီး ကမ္ဘာ့ဖလားပွဲဦးထွက်မှာ ဂိုးသွင်းသူအဖြစ် စံချိန်ရေးထိုးခဲ့တယ်။ အခုလည်း နောက်ထပ် ဂုဏ်ယူစရာ စံချိန်တစ်ခုကို ထပ်ပိုင်ဆိုင်ခဲ့ပြန်ပြီ။

Hirving-Lozano-Score-Champions-League-Debut

Hirving-Lozano-Score-Champions-League-Debut

အဲဒါကတော့ BATE နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ Play off အဆင့်မှာ ချန်ပီယံလိဂ်ပွဲဦးထွက် ယှဉ်ပြိုင်ကစားခဲ့ပြီး အသင်းအတွက် ဒုတိယဂိုးကို သွင်းယူခဲ့တာပါ။ အခုဆိုရင် လွန်ဇာနိုရဲ့ တန်ဖိုးက အရင်ကထက် အဆပေါင်းများစွာ မြင့်တက်နေပါပြီ။ ဥရောပ ထိပ်သီးအသင်းတွေကလည်း လွန်ဇာနိုကို မျက်စိကျလာလို့ PSV အသင်း မျက်ခုံးလှုပ်နေတယ်။ လွန်ဇာနိုရဲ့အသက်က အခုမှ (၂၃)နှစ်ပဲရှိသေးလို့ သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်။ လက်ရှိခြေစွမ်းအရတော့ လွန်ဇာနိုဟာ နောက်ထပ် အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် အရည်အသွေးတွေ ပိုင်ဆိုင်ထားပြီလို့ ဆိုရမှာပဲဖြစ်ပါတော့တယ်။

လွန်ဇာနိုရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Pachuca
Liga MX: Clausura 2016
CONCACAF Champions League: 2016–17

PSV Eindhoven
Eredivisie: 2017–18

International
Mexico Youth
CONCACAF U-20 Championship: 2015
CONCACAF Men’s Olympic Qualifying Championship: 2015

တစ်ဦးချင်း အောင်မြင်မှုများ

CONCACAF U-20 Championship Golden Boot (Shared): 2015[43]
CONCACAF U-20 Championship Best XI: 2015[43]
CONCACAF Men’s Olympic Qualifying Championship Golden Ball: 2015[44]
CONCACAF Men’s Olympic Qualifying Championship Best XI: 2015[44]
Liga MX Best XI: Clausura 2016[45]
Liga MX Balón de Oro: 2015–16 Best Offensive Midfielder[46]
CONCACAF Champions League Golden Boot: 2016–17[6]
CONCACAF Champions League Best Young Player: 2016–17[7]
Eredivisie Player of the Month: August 2017[12]
Eredivisie Team of the Year: 2017–18[47]

REF:ESPN,the18.com,Wikipedia
Photo:Getty Images,Sports Illustrated,FIFA
Naing Linn(Akhayar)
www.akhayar.com