This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကြန္ကာကပ္ဖ္အသင္းေတြထဲမွာ ကမၻာ႔ဖလားၿပိဳင္ပဲြမွတ္တမ္းအေကာင္းဆုံး မကၠဆီကုိအသင္း

မကၠဆီကုိ အသင္းဟာ ကြန္ကာကပ္ဖ္ဇုန္က အသင္းေတြထဲမွာ ကမၻာ႔ဖလားၿပိဳင္ပဲြမွတ္တမ္းအေကာင္းဆုံးျဖစ္ေနၿပီး ၁၉၉၄ ၿပိဳင္ပဲြကစလုိ႔ အခုအခ်ိန္အထိ ေတာက္ေလွ်ာက္ ေျခစစ္ပဲြေအာင္ျမင္ခဲ့သလုိ ႏွစ္ေပါင္း (၂၀)ေက်ာ္အတြင္း အဲဒီလုိ စြမ္းေဆာင္ႏုိင္ခဲ့တာက မကၠဆီကုိအပါအ၀င္ (၆)သင္းပဲရွိပါေသးတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ကမၻာ႔ဖလား(၆)ႀကိမ္မွာ အုပ္စုအဆင့္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ၿပီး အဲဒီလုိမွတ္တမ္းရခဲ့တာက ဘရာဇီးလ္နဲ႔ ဂ်ာမနီအသင္းတို႔ပဲရွိတယ္။ ႏုိင္ငံတကာမွာ အဓိက ၿပိဳင္ပဲြႀကီးစာရင္း၀င္တဲ့ ကမၻာ႔ဖလား၊ ကြန္ဖက္ဒေရးရွင္းဖလား၊ ေႏြရာသီအုိလံပစ္ၿပိဳင္ပဲြေတြမွာ မကၠဆီကုိအသင္းက ၁၉၉၉ ကြန္ဖက္ဒေရးရွင္း၊ ၂၀၁၂ ေႏြရာသီ အုိလံပစ္ၿပိဳင္ပဲြေတြတုန္းက ဗုိလ္စဲြခဲ့ဖူးၿပီး အဲဒီလုိေအာင္ျမင္မႈက မကၠဆီကုိ၊ ဂ်ာမနီ၊ ဘရာဇီးလ္၊ အီတလီ၊ အာဂ်င္တီးနား၊ ျပင္သစ္၊ စပိန္၊ ဥ႐ုေဂြး စတဲ့ (၈)သင္းပဲ ရရွိခဲ့တာပါ။ အဲဒီလုိ သမုိင္းေၾကာင္း အစဥ္အလာရွိခဲ့တဲ့ မကၠဆီကုိအသင္း အခုတစ္ႀကိမ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ကမၻာ႔ဖလား ေနာက္ဆုံး(၆)ႀကိမ္ဆက္ အုပ္စုက တက္ခဲ့တဲ့ မွတ္တမ္းေကာင္းကုိ ဆက္လက္ထိန္းသိမ္းႏုိင္မလားဆုိတာ စိတ္၀င္စားစရာပါပဲ။

Mexico-National-Football-Team

Mexico-National-Football-Team

မကၠဆီကုိအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

မကၠဆီကုိအသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ (၁၅)ႀကိမ္ (၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၈၊ ၁၉၈၆၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄) ပါ၀င္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး အိမ္ရွင္အျဖစ္ (၂)ႀကိမ္ (၁၉၇၀၊ ၁၉၈၆) က်င္းပခဲ့ဖူးတယ္။ အဲဒီႏွစ္ႀကိမ္စလုံးမွာ ကြာတားဖုိင္နယ္အဆင့္အထိ တက္ေရာက္ခဲ့ၿပီး ဒါဟာ သူတို႔အသင္းအတြက္ အျမင့္ဆုံးေအာင္ျမင္မႈပါပဲ။ ၁၉၉၄ က စၿပီး ၂၀၁၄ ကမၻာ႔ဖ လားၿပိဳင္ပဲြအထိ အုပ္စုအဆင့္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ေပမယ့္ ႐ႈံးထြက္(၁၆)သင္းအဆင့္ကပဲ လွည့္ျပန္ခဲ့ရပါတယ္။

Mexico-National-Football-Team

Mexico-National-Football-Team

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

မကၠဆီကုိဟာ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြ ေနာက္ဆုံးအဆင့္မွာ ေျခစစ္ပဲြေအာင္ဖုိ႔ အေရးမပါေတာ့တဲ့ ဟြန္ဒူးရပ္စ္နဲ႔ပဲြကုိ ႐ႈံးနိမ့္ခဲ့တာကလဲြလုိ႔ က်န္တဲ့ပဲြေတြမွာ ရလဒ္ေကာင္းေတြရယူႏုိင္ခဲ့တယ္။ (၁၀)ပဲြကစား၊ (၆)ပဲြႏုိင္၊ (၃)ပဲြသေရ၊ (၁)ပဲြ႐ႈံး ရမွတ္(၂၁)မွတ္နဲ႔ အုပ္စုပထမအျဖစ္ တိုက္႐ုိက္ေျခစစ္ပဲြ ေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီ(၁၀)ပဲြမွာ (၁၆)ဂုိးသြင္းယူခဲ့ၿပီး မတူညီတဲ့ကစားသမား (၁၁)ဦးက သြင္းယူခဲ့တာျဖစ္လုိ႔ မကၠဆီကုိအသင္းဟာ တစ္ဦးေကာင္းတစ္ေယာက္ေကာင္းနဲ႔ ဖဲြ႕စည္းထားတာမဟုတ္ဘဲ အသင္းလုိက္ ညီညြတ္တဲ့အသင္းလုိ႔ သတ္မွတ္ရမယ္။

Lozano

Lozano

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
ဟူဂုိဆန္းခ်က္ဇ္ Hugo Sánchez၊ ဘလန္ကုိ Blanco၊ ကေလာ္ဒီယုိဆြာရက္ဇ္ Claudio Suárez၊ မားကြက္ဇ္ Marquez တို႔လုိ ကစားသမားေကာင္းေတြ အမ်ားႀကီးထြက္ေပၚခဲ့ဖူးတဲ့ မကၠဆီကုိအသင္းဟာ အခုအခ်ိန္မွာလည္း ဟာနန္ဒက္ဇ္ Hernández၊ ကားလုိ႔စ္ဗီလာ Carlos Vela တို႔လုိ ကစားသမားေကာင္း ေတြ ပုိင္ဆုိင္ထားတယ္။ အထူးသျဖင့္ ေျခစစ္ပဲြတုန္းက အသင္းအတြက္ ဂုိးအမ်ားဆုံးသြင္းယူခဲ့တဲ့ လူငယ္တိုက္စစ္မွဴး လုိဇာႏုိ Lozano ဟာ ဒီၿပိဳင္ပဲြမွာ ေစာင့္ၾကည့္ရမယ့္ကစားသမားတစ္ဦးပါပဲ။

Photo: Los Angeles Times,Sports Illustrated,ABC7 News
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကွန်ကာကပ်ဖ်အသင်းတွေထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်းအကောင်းဆုံး မက္ကဆီကိုအသင်း

မက္ကဆီကို အသင်းဟာ ကွန်ကာကပ်ဖ်ဇုန်က အသင်းတွေထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်းအကောင်းဆုံးဖြစ်နေပြီး ၁၉၉၄ ပြိုင်ပွဲကစလို့ အခုအချိန်အထိ တောက်လျှောက် ခြေစစ်ပွဲအောင်မြင်ခဲ့သလို နှစ်ပေါင်း (၂၀)ကျော်အတွင်း အဲဒီလို စွမ်းဆောင်နိုင်ခဲ့တာက မက္ကဆီကိုအပါအဝင် (၆)သင်းပဲရှိပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ကမ္ဘာ့ဖလား(၆)ကြိမ်မှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး အဲဒီလိုမှတ်တမ်းရခဲ့တာက ဘရာဇီးလ်နဲ့ ဂျာမနီအသင်းတို့ပဲရှိတယ်။ နိုင်ငံတကာမှာ အဓိက ပြိုင်ပွဲကြီးစာရင်းဝင်တဲ့ ကမ္ဘာ့ဖလား၊ ကွန်ဖက်ဒရေးရှင်းဖလား၊ နွေရာသီအိုလံပစ်ပြိုင်ပွဲတွေမှာ မက္ကဆီကိုအသင်းက ၁၉၉၉ ကွန်ဖက်ဒရေးရှင်း၊ ၂၀၁၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေတုန်းက ဗိုလ်စွဲခဲ့ဖူးပြီး အဲဒီလိုအောင်မြင်မှုက မက္ကဆီကို၊ ဂျာမနီ၊ ဘရာဇီးလ်၊ အီတလီ၊ အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်၊ ဥရုဂွေး စတဲ့ (၈)သင်းပဲ ရရှိခဲ့တာပါ။ အဲဒီလို သမိုင်းကြောင်း အစဉ်အလာရှိခဲ့တဲ့ မက္ကဆီကိုအသင်း အခုတစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဖလား နောက်ဆုံး(၆)ကြိမ်ဆက် အုပ်စုက တက်ခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Mexico-National-Football-Team

Mexico-National-Football-Team

မက္ကဆီကိုအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

မက္ကဆီကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် (၁၅)ကြိမ် (၁၉၃၀၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၈၊ ၁၉၈၆၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄) ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အိမ်ရှင်အဖြစ် (၂)ကြိမ် (၁၉၇၀၊ ၁၉၈၆) ကျင်းပခဲ့ဖူးတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့ပြီး ဒါဟာ သူတို့အသင်းအတွက် အမြင့်ဆုံးအောင်မြင်မှုပါပဲ။ ၁၉၉၄ က စပြီး ၂၀၁၄ ကမ္ဘာ့ဖ လားပြိုင်ပွဲအထိ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်ကပဲ လှည့်ပြန်ခဲ့ရပါတယ်။

Mexico-National-Football-Team

Mexico-National-Football-Team

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

မက္ကဆီကိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ခြေစစ်ပွဲအောင်ဖို့ အရေးမပါတော့တဲ့ ဟွန်ဒူးရပ်စ်နဲ့ပွဲကို ရှုံးနိမ့်ခဲ့တာကလွဲလို့ ကျန်တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့တယ်။ (၁၀)ပွဲကစား၊ (၆)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၂၁)မှတ်နဲ့ အုပ်စုပထမအဖြစ် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီ(၁၀)ပွဲမှာ (၁၆)ဂိုးသွင်းယူခဲ့ပြီး မတူညီတဲ့ကစားသမား (၁၁)ဦးက သွင်းယူခဲ့တာဖြစ်လို့ မက္ကဆီကိုအသင်းဟာ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘဲ အသင်းလိုက် ညီညွတ်တဲ့အသင်းလို့ သတ်မှတ်ရမယ်။

Lozano

Lozano

စောင့်ကြည့်ရမယ့်ကစားသမားများ
ဟူဂိုဆန်းချက်ဇ် Hugo Sánchez၊ ဘလန်ကို Blanco၊ ကလော်ဒီယိုဆွာရက်ဇ် Claudio Suárez၊ မားကွက်ဇ် Marquez တို့လို ကစားသမားကောင်းတွေ အများကြီးထွက်ပေါ်ခဲ့ဖူးတဲ့ မက္ကဆီကိုအသင်းဟာ အခုအချိန်မှာလည်း ဟာနန်ဒက်ဇ် Hernández၊ ကားလို့စ်ဗီလာ Carlos Vela တို့လို ကစားသမားကောင်း တွေ ပိုင်ဆိုင်ထားတယ်။ အထူးသဖြင့် ခြေစစ်ပွဲတုန်းက အသင်းအတွက် ဂိုးအများဆုံးသွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်မှူး လိုဇာနို Lozano ဟာ ဒီပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့်ကစားသမားတစ်ဦးပါပဲ။

Photo: Los Angeles Times,Sports Illustrated,ABC7 News
Naing Linn(Akhayar)
www.akhayar.com