This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

လိုဇာႏို ဂိုးသြင္းၿပီး အေသးစား ငလ်င္ျဖစ္တဲ့ထိ ေအာင္ပြဲခံခဲ့တဲ့ မကၠဆီကိုျပည္သူမ်ား

ဂ်ာမနီအသင္းဘက္ကို တစ္လံုးတည္းေသာ အႏိုင္ဂိုးသြင္းယူေပးခဲ့တဲ့ လိုဇာႏို Lozano ရဲ႕ သြင္းဂိုးအၿပီး မကၠဆီကို ျပည္သူေတြဟာ ငလ်င္အေသးစား ျဖစ္ေပၚတဲ့အထိ ေအာင္ပြဲခံခဲ့ၾကပါတယ္။ ေျမငလ်င္ ေလ့လာေစာင့္ၾကည့္ေရး အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Simmsa က မကၠဆီကိုစီးတီးမွာ ငလ်င္အေသးစားတစ္ခု ျဖစ္ေပၚခဲ့ေၾကာင္း ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ မကၠဆီကို ေဒသစံေတာ္ခ်ိန္ (၁၁း၃၂)နာရီမွာ ျပည္သူေတြရဲ႕ အေပ်ာ္က ငလ်င္အေသးစား တစ္ခုအထိ ျဖစ္ေပၚခဲ့ပါတယ္။ ရစ္ခ်္တာစေကးအတိအက်ကို ထုတ္ျပန္ျခင္းမရွိေပမယ့္ ငလ်င္ျဖစ္ေပၚခဲ့တယ္ဆုိတဲ့ အခ်က္ျပ လိႈင္းေတြကို ေဖာ္ျပခဲ့ပါတယ္။

Mexico-earthquake-detected-after-Lozano-goal

Mexico-earthquake-detected-after-Lozano-goal

ေထာင္ေပါင္းမ်ားစြာေသာ မကၠဆီကို ျပည္သူေတြဟာ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္းနဲ႔ ကစားခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္ကို အတူတကြ ၾကည့္ရႈခဲ့ၾကတာ ျဖစ္ပါတယ္။ မကၠစီကိုစီးတီး ၿမိဳ႔လယ္ေခါင္မွာရွိတဲ့ Zocalo square မွာ ဂ်ာမနီအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ကို ပရိုဂ်က္တာ (Projector) နဲ႔ ျပသခဲ့ၿပီး ပြဲအၿပီးမွာ မကၠဆီကို ႏိုင္ငံအလံေတြကို ေဝွ႔ယမ္း ေအာင္ပြဲခံခဲ့ၾကပါတယ္။ အုပ္စုတြင္း အင္အားအႀကီးဆံုး ဂ်ာမနီအသင္းကို အႏိုင္ရခဲ့လို႔ မကၠဆီကိုအသင္း ေနာက္တစ္ဆင့္အတြက္ အေျခအေန ေကာင္းသြားခဲ့ပါတယ္။ မကၠဆီကိုအသင္းဟာ လာမယ့္ စေနေန႔မွာ ေတာင္ကိုရီးယားအသင္း၊ ဇြန္လ (၂၇)ရက္ေန႔မွာ ဆြီဒင္အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။

REF:AS
Photo:Press Cute News, Simmsa Twitter, SkyNews
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လိုဇာနို ဂိုးသွင်းပြီး အသေးစား ငလျင်ဖြစ်တဲ့ထိ အောင်ပွဲခံခဲ့တဲ့ မက္ကဆီကိုပြည်သူများ

ဂျာမနီအသင်းဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ လိုဇာနို Lozano ရဲ့ သွင်းဂိုးအပြီး မက္ကဆီကို ပြည်သူတွေဟာ ငလျင်အသေးစား ဖြစ်ပေါ်တဲ့အထိ အောင်ပွဲခံခဲ့ကြပါတယ်။ မြေငလျင် လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Simmsa က မက္ကဆီကိုစီးတီးမှာ ငလျင်အသေးစားတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကို ဒေသစံတော်ချိန် (၁၁း၃၂)နာရီမှာ ပြည်သူတွေရဲ့ အပျော်က ငလျင်အသေးစား တစ်ခုအထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ရစ်ချ်တာစကေးအတိအကျကို ထုတ်ပြန်ခြင်းမရှိပေမယ့် ငလျင်ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အချက်ပြ လှိုင်းတွေကို ဖော်ပြခဲ့ပါတယ်။

Mexico-earthquake-detected-after-Lozano-goal

Mexico-earthquake-detected-after-Lozano-goal

ထောင်ပေါင်းများစွာသော မက္ကဆီကို ပြည်သူတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို အတူတကွ ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ မက္ကစီကိုစီးတီး မြို့လယ်ခေါင်မှာရှိတဲ့ Zocalo square မှာ ဂျာမနီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို ပရိုဂျက်တာ (Projector) နဲ့ ပြသခဲ့ပြီး ပွဲအပြီးမှာ မက္ကဆီကို နိုင်ငံအလံတွေကို ဝှေ့ယမ်း အောင်ပွဲခံခဲ့ကြပါတယ်။ အုပ်စုတွင်း အင်အားအကြီးဆုံး ဂျာမနီအသင်းကို အနိုင်ရခဲ့လို့ မက္ကဆီကိုအသင်း နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းသွားခဲ့ပါတယ်။ မက္ကဆီကိုအသင်းဟာ လာမယ့် စနေနေ့မှာ တောင်ကိုရီးယားအသင်း၊ ဇွန်လ (၂၇)ရက်နေ့မှာ ဆွီဒင်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

REF:AS
Photo:Press Cute News, Simmsa Twitter, SkyNews
Aung Kyaw Wai (Akhayar)
www.akhayar.com