This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ႏွစ္ပြဲဆက္ အႏုိင္ယူၿပီး ႐ႈံးထြက္(၁၆)သင္းအဆင့္ တက္ဖုိ႔အေျခအေနေကာင္းသြားတဲ့ မကၠဆီကုိ

အဖြင့္ပဲြမွာ လက္ရွိခ်န္ပီယံ ဂ်ာမနီကုိ အႏုိင္ရခဲ့တဲ့ မကၠဆီကုိအသင္းဟာ ေတာင္ကုိရီးယားနဲ႔ပဲြမွာလည္း အမွားအယြင္းမရွိအႏုိင္ယူၿပီး (၆)မွတ္နဲ႔ေနာက္တစ္ဆင့္ကုိ တက္ေရာက္ဖုိ႔အေျခအေနေကာင္းသြားပါၿပီ။ ေတာင္ကုိရီးယားအသင္းဟာ ဆြီဒင္နဲ႔ပဲြကထက္ ေျခစြမ္းပုိေကာင္းခဲ့ေပမယ့္လည္း အခြင့္အေရးေတြကုိ အသုံးခ်ႏုိင္မႈအပုိင္းမွာ အားနည္းခ်က္ေတြရွိခဲ့တာေၾကာင့္ ႐ႈံးပဲြနဲ႔ရင္ဆုိင္ခဲ့ရတာျဖစ္ၿပီး ဒီတစ္ႀကိမ္ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတယ္။

Carlos-Vela-Scores-From-Penalty

Carlos-Vela-Scores-From-Penalty

မကၠဆီကုိအသင္းအေနနဲ႔ ေတာင္ကုိရီးယားနဲ႔ အေနအထားျခင္း ကြာဟေပမယ့္လည္း ၿပိဳင္ဘက္ကုိ သတိထားကစားခဲ့ၿပီး ေဘာလုံးပုိင္ဆုိင္မႈ အသာရဖုိ႔ပဲ ဦးစားေပးခဲ့တယ္။ ပဲြအစပုိင္းမွာ ေတာင္ကုိရီးယားအသင္း အခြင့္အေရးတစ္ႀကိမ္ရခဲ့ေပမယ့္ အဓိက ကစားသမား ဆြန္ေဟာင္မင္ Son Heung-Min လဲြေခ်ာ္ခဲ့တယ္။

Hernandez-Score-Second-Goal

Hernandez-Score-Second-Goal

မကၠဆီကုိအသင္းက လူငယ္ၾကယ္ပြင့္ကစားသမား လုိဇာႏုိ Lozano ရဲ႕ ဘယ္ဘက္အျခမ္းကေန အဓိက တိုက္စစ္ဆင္ကစားခဲ့ၿပီး လုိဇာႏုိ ေျခစြမ္းျပႏုိင္ခဲ့ေပမယ့္ တစ္ခါတစ္ေလက်ရင္ တစ္ကုိယ္ေကာင္းဆန္တဲ့ ကစားဟန္ေတြကုိလည္း ေတြ႕ခဲ့ရတယ္။ ပထမပုိင္း(၂၆)မိနစ္မွာ မကၠဆီကုိအသင္း အဖြင့္ဂုိးရခဲ့ၿပီး ေတာင္ကုိရီးယားကစားသမားတစ္ဦး ပယ္နယ္တီဧရိယာထဲမွာ လက္ထိေဘာျဖစ္ခဲ့တာေၾကာင့္ ပယ္နယ္တီကန္ခြင့္ရခဲ့တယ္။ အဲဒီပယ္္္နယ္တီကုိ တိုက္စစ္မွဴး ကားလုိ႔စ္ဗီလာ Carlos Vela က အမွားအယြင္းမရွိကန္သြင္းခဲ့တယ္။ ဆြီဒင္နဲ႔ပဲြတုန္းက ပယ္နယ္တီေပးခဲ့ရလုိ႔ ႐ႈံးပဲြေတြ႕ခဲ့တဲ့ ေတာင္ကုိရီးယားအသင္း ပယ္နယ္တီကံၾကမၼာဆုိးနဲ႔ ထပ္ၿပီးရင္ဆုိင္ခဲ့ရတယ္လုိ႔ ဆုိရမယ္။

Hernandez-and-Lozano-Celebration

Hernandez-and-Lozano-Celebration

မကၠဆီကုိအသင္းအတြက္ ဒုတိယဂုိးကုိ (၆၆)မိနစ္မွာ Counter ကေန အသင္းရဲ႕သြင္းဂုိးအမ်ားဆုံးကစားသမား ဟာနန္ဒက္ဇ္ Hernandez က လက္ေရြးစင္ကစားသမားဘ၀ သြင္းဂုိး(၅၀)ေျမာက္အျဖစ္ သြင္းယူခဲ့တာပါ။ မကၠဆီကုိအသင္းအေနနဲ႔ Normal Play ထက္ Counter Attacking Play ကစားပုံက ပုိေကာင္းမြန္ၿပီး တန္ျပန္တိုက္စစ္ဆင္ရင္ အနည္းဆုံး တိုက္စစ္ကစားသမား(၃)ေယာက္ေလာက္က ၿပိဳင္ဘက္အျခမ္းမွာ ရွိေနတတ္တယ္။

Son-Heung-Min-Equlizing-Goal

Son-Heung-Min-Equlizing-Goal

ၿပီးခဲ့တဲ့ ဂ်ာမနီနဲ႔ပဲြတုန္းကလည္း အဲဒီပုံစံနဲ႔ လက္ရွိခ်ိန္ပီယံကုိ ေကာင္းေကာင္းဒုကၡေပးခဲ့တယ္။ ေတာင္ကုိရီးယားအသင္းအတြက္ ဆြန္ေဟာင္မင္က (၉၄)မိနစ္မွာ ေခ်ပဂုိးတစ္ဂုိးျပန္သြင္းခဲ့ေပမယ့္ ေဆးမမီေတာ့ပါဘူး။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နှစ်ပွဲဆက် အနိုင်ယူပြီး ရှုံးထွက်(၁၆)သင်းအဆင့် တက်ဖို့အခြေအနေကောင်းသွားတဲ့ မက္ကဆီကို

အဖွင့်ပွဲမှာ လက်ရှိချန်ပီယံ ဂျာမနီကို အနိုင်ရခဲ့တဲ့ မက္ကဆီကိုအသင်းဟာ တောင်ကိုရီးယားနဲ့ပွဲမှာလည်း အမှားအယွင်းမရှိအနိုင်ယူပြီး (၆)မှတ်နဲ့နောက်တစ်ဆင့်ကို တက်ရောက်ဖို့အခြေအနေကောင်းသွားပါပြီ။ တောင်ကိုရီးယားအသင်းဟာ ဆွီဒင်နဲ့ပွဲကထက် ခြေစွမ်းပိုကောင်းခဲ့ပေမယ့်လည်း အခွင့်အရေးတွေကို အသုံးချနိုင်မှုအပိုင်းမှာ အားနည်းချက်တွေရှိခဲ့တာကြောင့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒီတစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။

Carlos-Vela-Scores-From-Penalty

Carlos-Vela-Scores-From-Penalty

မက္ကဆီကိုအသင်းအနေနဲ့ တောင်ကိုရီးယားနဲ့ အနေအထားခြင်း ကွာဟပေမယ့်လည်း ပြိုင်ဘက်ကို သတိထားကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာရဖို့ပဲ ဦးစားပေးခဲ့တယ်။ ပွဲအစပိုင်းမှာ တောင်ကိုရီးယားအသင်း အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အဓိက ကစားသမား ဆွန်ဟောင်မင် Son Heung-Min လွဲချော်ခဲ့တယ်။

Hernandez-Score-Second-Goal

Hernandez-Score-Second-Goal

မက္ကဆီကိုအသင်းက လူငယ်ကြယ်ပွင့်ကစားသမား လိုဇာနို Lozano ရဲ့ ဘယ်ဘက်အခြမ်းကနေ အဓိက တိုက်စစ်ဆင်ကစားခဲ့ပြီး လိုဇာနို ခြေစွမ်းပြနိုင်ခဲ့ပေမယ့် တစ်ခါတစ်လေကျရင် တစ်ကိုယ်ကောင်းဆန်တဲ့ ကစားဟန်တွေကိုလည်း တွေ့ခဲ့ရတယ်။ ပထမပိုင်း(၂၆)မိနစ်မှာ မက္ကဆီကိုအသင်း အဖွင့်ဂိုးရခဲ့ပြီး တောင်ကိုရီးယားကစားသမားတစ်ဦး ပယ်နယ်တီဧရိယာထဲမှာ လက်ထိဘောဖြစ်ခဲ့တာကြောင့် ပယ်နယ်တီကန်ခွင့်ရခဲ့တယ်။ အဲဒီပယ်နယ်တီကို တိုက်စစ်မှူး ကားလို့စ်ဗီလာ Carlos Vela က အမှားအယွင်းမရှိကန်သွင်းခဲ့တယ်။ ဆွီဒင်နဲ့ပွဲတုန်းက ပယ်နယ်တီပေးခဲ့ရလို့ ရှုံးပွဲတွေ့ခဲ့တဲ့ တောင်ကိုရီးယားအသင်း ပယ်နယ်တီကံကြမ္မာဆိုးနဲ့ ထပ်ပြီးရင်ဆိုင်ခဲ့ရတယ်လို့ ဆိုရမယ်။

Hernandez-and-Lozano-Celebration

Hernandez-and-Lozano-Celebration

မက္ကဆီကိုအသင်းအတွက် ဒုတိယဂိုးကို (၆၆)မိနစ်မှာ Counter ကနေ အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမား ဟာနန်ဒက်ဇ် Hernandez က လက်ရွေးစင်ကစားသမားဘ၀ သွင်းဂိုး(၅၀)မြောက်အဖြစ် သွင်းယူခဲ့တာပါ။ မက္ကဆီကိုအသင်းအနေနဲ့ Normal Play ထက် Counter Attacking Play ကစားပုံက ပိုကောင်းမွန်ပြီး တန်ပြန်တိုက်စစ်ဆင်ရင် အနည်းဆုံး တိုက်စစ်ကစားသမား(၃)ယောက်လောက်က ပြိုင်ဘက်အခြမ်းမှာ ရှိနေတတ်တယ်။

Son-Heung-Min-Equlizing-Goal

Son-Heung-Min-Equlizing-Goal

ပြီးခဲ့တဲ့ ဂျာမနီနဲ့ပွဲတုန်းကလည်း အဲဒီပုံစံနဲ့ လက်ရှိချိန်ပီယံကို ကောင်းကောင်းဒုက္ခပေးခဲ့တယ်။ တောင်ကိုရီးယားအသင်းအတွက် ဆွန်ဟောင်မင်က (၉၄)မိနစ်မှာ ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com