This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ရုရွားကုိ လုိက္မလာႏုိင္တဲ့ သူငယ္ခ်င္းကုိယ္စား ပုံတူကတ္ထူျပား ယူလာတဲ့ မကၠဆီကုိပရိသတ္မ်ား

ေဘာလုံးကုိ ရူးသြပ္တဲ့ေနရာမွာ မကၠဆီကုိပရိသတ္ေတြက ပုိတယ္ဗ်။ ဇြန္လ (၁၇) ရက္ေန႔တုန္းကလည္း ဂ်ာမဏီကုိ ရင္ဆုိင္တဲ့ပြဲမွာ အႏုိင္ဂုိးသြင္းခဲ့တဲ့ လိုဇာႏို (Lozano) ကုိ ကခုန္အားေပးၾကလုိ႔ အေသးစားငလ်င္လႈပ္တဲ့အထိပါ။ တစ္တုိင္းျပည္လုိ႔ ေအာ္ဟစ္ျမဴးထူးကခုန္ၾကလုိ႔ ငလ်င္ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ Simmsa ကေတာင္ သတင္းထုတ္ျပန္ရတဲ့အထိျဖစ္ခဲ့ပါတယ္။

အခုလည္း ထူးထူးဆန္းဆန္းေတြ လုပ္ခ်လုိက္ျပန္ၿပီ။ သူငယ္ခ်င္း (၄) ေယာက္ဟာ ဇနီးသည္ ခြင့္မျပဳလုိ႔ ကမၻာ့ဖလားပြဲကုိ လုိက္မၾကည့္ႏုိင္တဲ့သူငယ္ခ်င္းရဲ႕ ကုိယ္စား သူ႕ရဲ႕ ပုံတူကတ္ထူျပားကုိ ရုရွားႏုိင္ငံအထိကုိ သယ္လာတာပါ။

မကၠဆီကုိႏုိင္ငံ Durango ၿမိဳ႕က ေဘာလုံးဝါသနာအုိး (၅) ေယာက္ဟာ ၂ဝ၁၈ကမၻာ့ဖလားပြဲကုိ ရုရွားႏုိင္ငံအထိသြားၾကည့္မယ္လုိ႔ တုိင္ပင္ထားၾကတာပါ။ အခုမွ ‘ဖုတ္ပူမီးတုိက္’ စီစဥ္တာ မဟုတ္ဘဲ ၂ဝ၁၄ ဘရာဇီးကမၻာ့ဖလားၿပီးကတည္းက ႀကိဳတင္ၾကံစည္ၾကတာပါ။ လစာေတြကုိ ကုတ္စုတယ္၊ အပုိေငြေတြကုိ ေလ်ာ့သုံးတယ္။ အလုပ္က Bonus ရလာရင္ ရုရွားကုိ သြားၾကည့္ဖုိ႔ ပုိက္ဆံစုထားတယ္။

သကၠရာဇ္ေတြ တေရြ႕ေရြ႕ေျပာင္းလာေလ သူတုိ႔ရဲ႕အိပ္မက္က ခုိင္မာလာေလေလပါ။ ႏုိင္ငံေတာ္အလံအေရာင္နဲ႔ ကားႀကီးကုိ ေဆးသုတ္လုိက္တယ္။ မကၠဆီကုိႏုိင္ငံကေန စပိန္ႏုိင္ငံကုိ သေဘၤာနဲ႔သြားမယ္။ ကားကုိ သေဘၤာေပၚ တင္မယ္။ စပိန္ကေန ရုရွားႏုိင္ငံကုိ ကားနဲ႔ ဒုိးမယ္ေပါ့။

ကံမေကာင္းခ်င္ေတာ့ Javier ဆုိတဲ့ သူငယ္ခ်င္းတစ္ေယာက္က ရုရွားသြားဖို႔ အစီအစဥ္ပ်က္သြားတယ္။ ျဖစ္ပုံက ဇနီးသည္က သူ႕ေယာက္်ားကုိ စိတ္မခ်ဘူးဆုိၿပီး ခြင့္မျပဳတာပါ။ ဒါ့ေၾကာင့္ သူငယ္ခ်င္း (၄) ေယာက္တည္းပဲ သေဘၤာတစ္တန္၊ ကားတစ္တန္နဲ႔ ရုရွားႏုိင္ငံကုိ ခ်ီတက္ရတာေပါ့။

မကၠဆီကုိႏုိင္ငံမွာ က်န္ခဲ့တဲ့ သူငယ္ခ်င္း Javier ကုိ သတိရေသာအားျဖင့္ ပုံတူကတ္ထူျပားႀကီးကုိ သြားေလရာ ယူသြားၾကတာပါ။ သူ႕အတြက္ အိမ္ရာေလးေတာင္ လုပ္ေပးထားေသး။

ဟုိႏုိင္ငံသားနဲ႔ ဓာတ္ပုံတြဲရုိက္ ဒီႏုိင္ငံသားနဲ႔ Selfie ဆြဲလုပ္ရင္း ဟန္ၾကလုိ႔ဗ်။

ႏုိင္ငံအဆင့္ဆင့္ျဖတ္ေက်ာ္တဲ့ပုံရိပ္ကုိ လူမႈကြန္ရက္မွာ ေဝငွဖုိ႔ ‘Ingue Su Matrushka’ ဆုိတဲ့ Facebook Page တစ္ခုကုိ ဖြင့္လုိက္တယ္။ ၿပီးေတာ့ သူတုိ႔ရဲ႕အမွတ္တရဓာတ္ပုံေတြကုိ ေဝငွတယ္။

ကတ္ထူျပားရဲ႕အက်ီမွာလည္း “ဇနီးသည္ခြင့္မျပဳလုိ႔ ရုရွားကမၻာ့ဖလားပြဲကုိ မၾကည့္လုိက္ရတဲ့ သူငယ္ခ်င္းအတြက္” ဆုိၿပီး ေရးထားေသးတယ္ဗ်။

သူငယ္ခ်င္းေတြရဲ႕ဓာတ္ပုံေတြကုိ ၾကည့္ရင္း က်န္ခဲ့တဲ့ Javier က အားက်ေနမလား ဒါမွမဟုတ္ ခြင့္မျပဳတဲ့ ဇနီးသည္ကုိပဲ ရန္ရွာေနမလား မသဲကြဲေတာ့ပါဘူး။

Photo Credit – Ingue Su Matrushka

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရုရှားကို လိုက်မလာနိုင်တဲ့ သူငယ်ချင်းကိုယ်စား ပုံတူကတ်ထူပြား ယူလာတဲ့ မက္ကဆီကိုပရိသတ်များ

ဘောလုံးကို ရူးသွပ်တဲ့နေရာမှာ မက္ကဆီကိုပရိသတ်တွေက ပိုတယ်ဗျ။ ဇွန်လ (၁၇) ရက်နေ့တုန်းကလည်း ဂျာမဏီကို ရင်ဆိုင်တဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ လိုဇာနို (Lozano) ကို ကခုန်အားပေးကြလို့ အသေးစားငလျင်လှုပ်တဲ့အထိပါ။ တစ်တိုင်းပြည်လို့ အော်ဟစ်မြူးထူးကခုန်ကြလို့ ငလျင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ Simmsa ကတောင် သတင်းထုတ်ပြန်ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အခုလည်း ထူးထူးဆန်းဆန်းတွေ လုပ်ချလိုက်ပြန်ပြီ။ သူငယ်ချင်း (၄) ယောက်ဟာ ဇနီးသည် ခွင့်မပြုလို့ ကမ္ဘာ့ဖလားပွဲကို လိုက်မကြည့်နိုင်တဲ့သူငယ်ချင်းရဲ့ ကိုယ်စား သူ့ရဲ့ ပုံတူကတ်ထူပြားကို ရုရှားနိုင်ငံအထိကို သယ်လာတာပါ။

မက္ကဆီကိုနိုင်ငံ Durango မြို့က ဘောလုံးဝါသနာအိုး (၅) ယောက်ဟာ ၂ဝ၁၈ကမ္ဘာ့ဖလားပွဲကို ရုရှားနိုင်ငံအထိသွားကြည့်မယ်လို့ တိုင်ပင်ထားကြတာပါ။ အခုမှ ‘ဖုတ်ပူမီးတိုက်’ စီစဉ်တာ မဟုတ်ဘဲ ၂ဝ၁၄ ဘရာဇီးကမ္ဘာ့ဖလားပြီးကတည်းက ကြိုတင်ကြံစည်ကြတာပါ။ လစာတွေကို ကုတ်စုတယ်၊ အပိုငွေတွေကို လျော့သုံးတယ်။ အလုပ်က Bonus ရလာရင် ရုရှားကို သွားကြည့်ဖို့ ပိုက်ဆံစုထားတယ်။

သက္ကရာဇ်တွေ တရွေ့ရွေ့ပြောင်းလာလေ သူတို့ရဲ့အိပ်မက်က ခိုင်မာလာလေလေပါ။ နိုင်ငံတော်အလံအရောင်နဲ့ ကားကြီးကို ဆေးသုတ်လိုက်တယ်။ မက္ကဆီကိုနိုင်ငံကနေ စပိန်နိုင်ငံကို သင်္ဘောနဲ့သွားမယ်။ ကားကို သင်္ဘောပေါ် တင်မယ်။ စပိန်ကနေ ရုရှားနိုင်ငံကို ကားနဲ့ ဒိုးမယ်ပေါ့။

ကံမကောင်းချင်တော့ Javier ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က ရုရှားသွားဖို့ အစီအစဉ်ပျက်သွားတယ်။ ဖြစ်ပုံက ဇနီးသည်က သူ့ယောက်ျားကို စိတ်မချဘူးဆိုပြီး ခွင့်မပြုတာပါ။ ဒါ့ကြောင့် သူငယ်ချင်း (၄) ယောက်တည်းပဲ သင်္ဘောတစ်တန်၊ ကားတစ်တန်နဲ့ ရုရှားနိုင်ငံကို ချီတက်ရတာပေါ့။

မက္ကဆီကိုနိုင်ငံမှာ ကျန်ခဲ့တဲ့ သူငယ်ချင်း Javier ကို သတိရသောအားဖြင့် ပုံတူကတ်ထူပြားကြီးကို သွားလေရာ ယူသွားကြတာပါ။ သူ့အတွက် အိမ်ရာလေးတောင် လုပ်ပေးထားသေး။

ဟိုနိုင်ငံသားနဲ့ ဓာတ်ပုံတွဲရိုက် ဒီနိုင်ငံသားနဲ့ Selfie ဆွဲလုပ်ရင်း ဟန်ကြလို့ဗျ။

နိုင်ငံအဆင့်ဆင့်ဖြတ်ကျော်တဲ့ပုံရိပ်ကို လူမှုကွန်ရက်မှာ ဝေငှဖို့ ‘Ingue Su Matrushka’ ဆိုတဲ့ Facebook Page တစ်ခုကို ဖွင့်လိုက်တယ်။ ပြီးတော့ သူတို့ရဲ့အမှတ်တရဓာတ်ပုံတွေကို ဝေငှတယ်။

ကတ်ထူပြားရဲ့အကျီမှာလည်း “ဇနီးသည်ခွင့်မပြုလို့ ရုရှားကမ္ဘာ့ဖလားပွဲကို မကြည့်လိုက်ရတဲ့ သူငယ်ချင်းအတွက်” ဆိုပြီး ရေးထားသေးတယ်ဗျ။

သူငယ်ချင်းတွေရဲ့ဓာတ်ပုံတွေကို ကြည့်ရင်း ကျန်ခဲ့တဲ့ Javier က အားကျနေမလား ဒါမှမဟုတ် ခွင့်မပြုတဲ့ ဇနီးသည်ကိုပဲ ရန်ရှာနေမလား မသဲကွဲတော့ပါဘူး။

Photo Credit – Ingue Su Matrushka

ကျော်စိုးအောင် (အခရာ)

www.akhayar.com