This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂ်ာမနီအသင္းကေန အနားယူဖို႔ အုိေဇးလ္ Ozil ကုိ သူ႔ရဲ႕ဖခင္ တိုက္တြန္း

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေျခစြမ္းမျပႏုိင္လုိ႔ ဂ်ာမနီပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ေ၀ဖန္မႈေတြကုိ ခံေနရတဲ့ အုိေဇးလ္ Ozil ကုိ ဂ်ာမနီအသင္းကေန အနားယူဖုိ႔ သူ႔ရဲ႕ဖခင္က တိုက္တြန္းလုိက္ပါတယ္။ အုိေဇးလ္ဟာ ဂ်ာမနီအသင္းကစားခဲ့တဲ့ အုပ္စုပဲြစဥ္(၃)ပဲြစလုံးမွာ ပုံမွန္ေျခစြမ္းမျပႏုိင္ခဲ့တဲ့အတြက္ ဂ်ာမန္ပရိသတ္ေတြအျပင္ ဂာ်မနီဂႏၳ၀င္ကစားသမားေတြျဖစ္တဲ့ မာသီးယပ္စ္ Matthäus ၊ ဘတ္စလာ Basler တို႔ကလည္း ေ၀ဖန္မႈေတြ ျပဳလုပ္ခဲ့ၾကတယ္။ ဒါ့အျပင္ ေတာင္ကုိရီးယားကို ႐ႈံးနိမ့္ခဲ့တဲ့ အုပ္စုေနာက္ဆုံးပဲြအၿပီးမွာ အုိေဇးလ္ဟာ သူ႔ကုိ ေလွာင္ေျပာင္ခဲ့ၾကတဲ့ ဂ်ာမန္ပရိသတ္ေတြနဲ႔ အခ်င္းမ်ားခဲ့ပါေသးတယ္။

Germany-fans-booed-the-Arsenal-playmaker-at-the-World-Cup-in-Russia

Germany-fans-booed-the-Arsenal-playmaker-at-the-World-Cup-in-Russia

တူရကီႏြယ္ဖြား မိဘေတြက ဆင္းသက္လာတဲ့ အုိေဇးလ္ဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ တူရကီသမၼတ အာဒုိဂန္ Erdogan နဲ႔ ေတြ႕ဆုံခဲ့တာေၾကာင့္ ေ၀ဖန္ခံခဲ့ရၿပီး ဂ်ာမနီအသင္းမန္ေနဂ်ာ ဘီယာေဟာ့ဖ္ Bierhoff က အုိေဇးလ္ကုိ လူစာရင္းက ထုတ္သင့္ခဲ့တယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့ဖူးပါတယ္။ အခုအခ်ိန္မွာ ဂ်ာမနီအသင္းရဲ႕ က်႐ႈံးမႈေတြအတြက္ လက္ညိႇဳးထုိးခံေနရတဲ့ အုိေဇးလ္အတြက္ သူ႔ဖခင္က မခံမရပ္ႏုိင္ျဖစ္ေနၿပီး လက္ေရြးစင္အသင္းက အနားယူဖုိ႔ တိုက္တြန္းခဲ့တာပါ။ မူစတာဖာအုိေဇးလ္ Mustafa Ozil က “ကၽြန္ေတာ္သာ အုိေဇးလ္ေနရမွာဆုိရင္ေတာ့ ‘ေက်းဇူးတင္တယ္၊ ဒါေလာက္နဲ႔ပဲ ေတာ္ပါၿပီ’လုိ႔ ေျပာမိမွာပါ။ အခုအခ်ိန္မွာ အုိေဇးလ္ဟာ စိတ္ပ်က္၀မ္းနည္းေနၿပီး သစၥာေဖာက္ခံခဲ့ရတယ္လုိ႔ ခံစားေနရတယ္။ ကမၻာ႔ဖလားမတိုင္ခင္တုန္းက အုိေဇးလ္ကုိ ဂ်ာမန္ပရိသတ္ေတြကုိယ္တိုင္က ေလွာင္ေျပာင္ခ့ဲၿပီး ဘာျဖစ္လုိ႔လဲဆုိတာ သူကုိယ္တိုင္ေတာင္ နားမလည္ပါဘူး။ အုိေဇးလ္ဟာ ဂ်ာမနီအသင္းအတြက္ (၉)ႏွစ္ၾကာကစားခဲ့ၿပီး ကမၻာ႔ဖလားခ်န္ပီယံဆုရယူခဲ့သူပါ။ သူ႔ကုိ ဂ်ာမနီပရိသတ္ေတြက ႏုိင္ငံအသင္းက်႐ႈံးမႈအတြက္ ဓားစာခံအျဖစ္ ပစ္မွတ္ထားေနတာျဖစ္ၿပီး ဒါေၾကာင့္ အုိေဇးလ္က သစၥာေဖာက္ခံရတယ္လုိ႔ ခံစားေနရတာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:The Sun
Photo:vaaju.com,The Sun
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂျာမနီအသင်းကနေ အနားယူဖို့ အိုဇေးလ် Ozil ကို သူ့ရဲ့ဖခင် တိုက်တွန်း

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်လို့ ဂျာမနီပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုတွေကို ခံနေရတဲ့ အိုဇေးလ် Ozil ကို ဂျာမနီအသင်းကနေ အနားယူဖို့ သူ့ရဲ့ဖခင်က တိုက်တွန်းလိုက်ပါတယ်။ အိုဇေးလ်ဟာ ဂျာမနီအသင်းကစားခဲ့တဲ့ အုပ်စုပွဲစဉ်(၃)ပွဲစလုံးမှာ ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် ဂျာမန်ပရိသတ်တွေအပြင် ဂာျမနီဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ မာသီးယပ်စ် Matthäus ၊ ဘတ်စလာ Basler တို့ကလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒါ့အပြင် တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲအပြီးမှာ အိုဇေးလ်ဟာ သူ့ကို လှောင်ပြောင်ခဲ့ကြတဲ့ ဂျာမန်ပရိသတ်တွေနဲ့ အချင်းများခဲ့ပါသေးတယ်။

Germany-fans-booed-the-Arsenal-playmaker-at-the-World-Cup-in-Russia

Germany-fans-booed-the-Arsenal-playmaker-at-the-World-Cup-in-Russia

တူရကီနွယ်ဖွား မိဘတွေက ဆင်းသက်လာတဲ့ အိုဇေးလ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် တူရကီသမ္မတ အာဒိုဂန် Erdogan နဲ့ တွေ့ဆုံခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး ဂျာမနီအသင်းမန်နေဂျာ ဘီယာဟော့ဖ် Bierhoff က အိုဇေးလ်ကို လူစာရင်းက ထုတ်သင့်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။ အခုအချိန်မှာ ဂျာမနီအသင်းရဲ့ ကျရှုံးမှုတွေအတွက် လက်ညှိုးထိုးခံနေရတဲ့ အိုဇေးလ်အတွက် သူ့ဖခင်က မခံမရပ်နိုင်ဖြစ်နေပြီး လက်ရွေးစင်အသင်းက အနားယူဖို့ တိုက်တွန်းခဲ့တာပါ။ မူစတာဖာအိုဇေးလ် Mustafa Ozil က “ကျွန်တော်သာ အိုဇေးလ်နေရမှာဆိုရင်တော့ ‘ကျေးဇူးတင်တယ်၊ ဒါလောက်နဲ့ပဲ တော်ပါပြီ’လို့ ပြောမိမှာပါ။ အခုအချိန်မှာ အိုဇေးလ်ဟာ စိတ်ပျက်ဝမ်းနည်းနေပြီး သစ္စာဖောက်ခံခဲ့ရတယ်လို့ ခံစားနေရတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက အိုဇေးလ်ကို ဂျာမန်ပရိသတ်တွေကိုယ်တိုင်က လှောင်ပြောင်ခဲ့ပြီး ဘာဖြစ်လို့လဲဆိုတာ သူကိုယ်တိုင်တောင် နားမလည်ပါဘူး။ အိုဇေးလ်ဟာ ဂျာမနီအသင်းအတွက် (၉)နှစ်ကြာကစားခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုရယူခဲ့သူပါ။ သူ့ကို ဂျာမနီပရိသတ်တွေက နိုင်ငံအသင်းကျရှုံးမှုအတွက် ဓားစာခံအဖြစ် ပစ်မှတ်ထားနေတာဖြစ်ပြီး ဒါကြောင့် အိုဇေးလ်က သစ္စာဖောက်ခံရတယ်လို့ ခံစားနေရတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF:The Sun
Photo:vaaju.com,The Sun
Naing Linn(Akhayar)
www.akhayar.com