This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေတာင္ကိုရီးယားနဲ႔ ပြဲအၿပီး ပရိသတ္တခ်ိဳ႕နဲ႔ အခ်င္းမ်ားခဲ့တဲ့ ဂ်ာမနီ ကြင္းလယ္လူ အိုေဇးလ္

ေတာင္ကိုရီးယားအသင္းကို ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး အသင္းအားေပးသူ ပရိသတ္တခ်ိဳ႕နဲ႔ ဂ်ာမနီကြင္းလယ္လူ အိုေဇးလ္ Ozil တို႔ အျပန္အလွန္ အခ်င္းမ်ားခဲ့ၾကပါတယ္။ ဥမင္လႈိဏ္ေခါင္းအနီး ပြဲၾကည့္စင္မွာ ေနရယူထားတဲ့ ပရိသတ္ေတြက ကြင္းျပင္ထြက္ခြာဖို႔ လမ္းေလွ်ာက္လာတဲ့ ကြင္းလယ္လူ အိုေဇးလ္ Ozil ကုိ ပစ္မွတ္ထား ေဝဖန္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ရာက တစ္ေယာက္တစ္ခြန္း အျပန္အလွန္ အခ်င္းမ်ားခဲ့ၾကတာ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အျပဳအမူကို အိုေဇးလ္ Ozil ကလည္း ေဒါသတႀကီး တုံ႔ျပန္ခဲ့ကာ ျပႆနာက ႀကီးမားလာခဲ့လို႔ ဂ်ာမနီအသင္းရဲ႕ ဝန္ထမ္းတခ်ိဳ႕ကို ဝင္ေရာက္ျဖန္ေျဖေပးခဲ့ရၿပီး ေဒါသထြက္ေနတဲ့ အိုေဇးလ္ Ozil ကို အသင္း အဝတ္လဲခန္းအတြင္း ေခၚေဆာင္သြားခဲ့ရပါတယ္။ ဂ်ာမနီအသင္းအေနနဲ႔ ႏွစ္ေပါင္း (၈၀)အတြင္း ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပထမအဆင့္ကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ ကစားသမားေတြရဲ႕ ေျခစြမ္းအေပၚ ေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။

Ozil-tossed-his-wristband-away-in-frustration-after-Germanys-shock-elimination-copy

Ozil-tossed-his-wristband-away-in-frustration-after-Germanys-shock-elimination-copy

ဂ်ာမနီအသင္းရဲ႕ ကြင္းလယ္လူေတြျဖစ္တဲ့ အိုေဇးလ္ Ozil နဲ႔ ဂန္ဒိုဂန္ Gundogan တို႔ဟာ တူရကီသမၼတ အာဒိုဂန္ Erdogan နဲ႔ ေတြ႕ဆံုခဲ့စဥ္ေျပာၾကားခဲ့တဲ့ စကားေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ကတည္းက ပရိသတ္ရဲ႕ အျမင္မၾကည္လင္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။ တူရကီသမၼတ အာဒိုဂန္ Erdogan နဲ႔ ေတြ႔ဆံုခဲ့စဥ္ ‘My President’ဆိုတဲ့ အသံုးအႏႈန္းကို အသံုးျပဳခဲ့လို႔ ဂ်ာမနီေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ သတိေပးျခင္းကို ခံခဲ့ရသလို ကမၻာ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္တစ္ေလွ်ာက္မွာလည္း ပရိသတ္ရဲ႕ ပစ္မွတ္ထား ေလွာင္ေျပာင္မႈေတြနဲ႔ ႀကံဳေတြ႔ခဲ့ရတာျဖစ္ပါတယ္။

REF:Daily Mail
Photo:MacMadison NewsThe Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တောင်ကိုရီးယားနဲ့ ပွဲအပြီး ပရိသတ်တချို့နဲ့ အချင်းများခဲ့တဲ့ ဂျာမနီ ကွင်းလယ်လူ အိုဇေးလ်

တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး အသင်းအားပေးသူ ပရိသတ်တချို့နဲ့ ဂျာမနီကွင်းလယ်လူ အိုဇေးလ် Ozil တို့ အပြန်အလှန် အချင်းများခဲ့ကြပါတယ်။ ဥမင်လှိုဏ်ခေါင်းအနီး ပွဲကြည့်စင်မှာ နေရယူထားတဲ့ ပရိသတ်တွေက ကွင်းပြင်ထွက်ခွာဖို့ လမ်းလျှောက်လာတဲ့ ကွင်းလယ်လူ အိုဇေးလ် Ozil ကို ပစ်မှတ်ထား ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ရာက တစ်ယောက်တစ်ခွန်း အပြန်အလှန် အချင်းများခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အပြုအမူကို အိုဇေးလ် Ozil ကလည်း ဒေါသတကြီး တုံ့ပြန်ခဲ့ကာ ပြဿနာက ကြီးမားလာခဲ့လို့ ဂျာမနီအသင်းရဲ့ ဝန်ထမ်းတချို့ကို ဝင်ရောက်ဖြန်ဖြေပေးခဲ့ရပြီး ဒေါသထွက်နေတဲ့ အိုဇေးလ် Ozil ကို အသင်း အဝတ်လဲခန်းအတွင်း ခေါ်ဆောင်သွားခဲ့ရပါတယ်။ ဂျာမနီအသင်းအနေနဲ့ နှစ်ပေါင်း (၈၀)အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ကစားသမားတွေရဲ့ ခြေစွမ်းအပေါ် ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

Ozil-tossed-his-wristband-away-in-frustration-after-Germanys-shock-elimination-copy

Ozil-tossed-his-wristband-away-in-frustration-after-Germanys-shock-elimination-copy

ဂျာမနီအသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ အိုဇေးလ် Ozil နဲ့ ဂန်ဒိုဂန် Gundogan တို့ဟာ တူရကီသမ္မတ အာဒိုဂန် Erdogan နဲ့ တွေ့ဆုံခဲ့စဉ်ပြောကြားခဲ့တဲ့ စကားကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကတည်းက ပရိသတ်ရဲ့ အမြင်မကြည်လင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ တူရကီသမ္မတ အာဒိုဂန် Erdogan နဲ့ တွေ့ဆုံခဲ့စဉ် ‘My President’ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုခဲ့လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ သတိပေးခြင်းကို ခံခဲ့ရသလို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်တစ်လျှောက်မှာလည်း ပရိသတ်ရဲ့ ပစ်မှတ်ထား လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

REF:Daily Mail
Photo:MacMadison NewsThe Sun
Aung Kyaw Wai (Akhayar)
www.akhayar.com