[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ ဒူးဒဏ္ရာက အျမန္ဆုံးသက္သာလာဖုိ႔ ႐ုန္းကန္ေနရတဲ့ အုိေဇးလ္ Ozil

ဂ်ာမနီအသင္းကြင္းလယ္လူ အုိေဇးလ္ Ozil ဟာ ဒူးဒဏ္ရာနဲ႔ ရင္ဆုိင္ေနရၿပီး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ မတိုင္ခင္ ဒဏ္ရာက အျမန္ဆုံးသက္သာလာေအာင္ ႐ုန္းကန္ေနရတယ္လုိ႔ ဂ်ာမန္မီဒီယာေတြက ေဖာ္ျပခဲ့ၾကတယ္။ ဂ်ာမန္နာမည္ေက်ာ္ သတင္းစာ Bild က အုိေဇးလ္ဟာ အဲဒီဒူးဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့(၄)ရက္အတြင္း ဂ်ာမနီအသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကုိ လဲြေခ်ာ္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ၿပီးခ့ဲတဲ့စေနေန႔က ၾသစႀတီး ယားအသင္းကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ ေျခစမ္းပဲြမွာ အုိေဇးလ္ ပါ၀င္ကစားခဲ့ၿပီး ဂုိးသြင္းယူခဲ့ေပမယ့္ ၿပိဳင္ဘက္ ေနာက္ခံလူနဲ႔ ထိခုိက္မိရာက ဒူးဒဏ္ရာရရွိခဲ့တာျဖစ္သလုိ (၇၆)မိနစ္မွာ လူစားလဲခံခဲ့ရတယ္။

Ozil-has-apparently-not-trained-in-four-days

Ozil-has-apparently-not-trained-in-four-days

ၾသစႀတီးယားနဲ႔ေျခစမ္းပဲြၿပီးကတည္းက အုိေဇးလ္ရဲ႕ ဒဏ္ရာဟာ သက္သာလာျခင္းမရွိဘဲ အသင္းနဲ႔အတူ ေလ့က်င့္ခန္လည္း မဆင္းႏုိင္ေတာ့ဘဲ ႀကံ့ခုိင္မႈျပည့္၀လာေအာင္ အေပါ့စားေလ့က်င့္ခန္းေတြသာ ျပဳလုပ္ေနရတယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြ စတင္ဖုိ႔ တစ္ပတ္ေလာက္သာ လုိေတာ့ခ်ိန္မွာ အုိေဇးလ္ရဲ႕ အေနအထားကုိ ဂ်ာမနီအသင္းနည္းျပဂ်ိဳအာခ်င္လုိး Joachim Löw က စုိးရိမ္ေနၿပီး ဘယ္လုိျပင္ဆင္မႈေတြ လုပ္ရမလဲဆုိတာ ေခါင္းခဲေနပါၿပီ။ တကယ္လုိ႔ အုိေဇးလ္သာ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ ဒဏ္ရာက သက္သာလာဖုိ႔ မရွိရင္ ဂ်ိဳအာခ်င္လုိးဟာ သူ႔ေနရာမွာ တျခားတစ္ေယာက္နဲ႔ အစားထုိးဖုိ႔ ရွိ၊ မရွိကုိေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဂ်ာမနီ အသင္းဟာ ဇြန္လ(၁၇)ရက္မွာ ကမၻာ႔ဖလားအုပ္စုအဖြင့္ပဲြအျဖစ္ မကၠဆီကုိအသင္းနဲ႔ စတင္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

REF:The Sun
Photo: Tribuna,The Sun
Naing Linn(Akhayar)
www.akhayar.com
[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဒူးဒဏ်ရာက အမြန်ဆုံးသက်သာလာဖို့ ရုန်းကန်နေရတဲ့ အိုဇေးလ် Ozil

ဂျာမနီအသင်းကွင်းလယ်လူ အိုဇေးလ် Ozil ဟာ ဒူးဒဏ်ရာနဲ့ ရင်ဆိုင်နေရပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဒဏ်ရာက အမြန်ဆုံးသက်သာလာအောင် ရုန်းကန်နေရတယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။ ဂျာမန်နာမည်ကျော် သတင်းစာ Bild က အိုဇေးလ်ဟာ အဲဒီဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့(၄)ရက်အတွင်း ဂျာမနီအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့စနေနေ့က သြစတြီး ယားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အိုဇေးလ် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူခဲ့ပေမယ့် ပြိုင်ဘက် နောက်ခံလူနဲ့ ထိခိုက်မိရာက ဒူးဒဏ်ရာရရှိခဲ့တာဖြစ်သလို (၇၆)မိနစ်မှာ လူစားလဲခံခဲ့ရတယ်။

Ozil-has-apparently-not-trained-in-four-days

Ozil-has-apparently-not-trained-in-four-days

သြစတြီးယားနဲ့ခြေစမ်းပွဲပြီးကတည်းက အိုဇေးလ်ရဲ့ ဒဏ်ရာဟာ သက်သာလာခြင်းမရှိဘဲ အသင်းနဲ့အတူ လေ့ကျင့်ခန်လည်း မဆင်းနိုင်တော့ဘဲ ကြံ့ခိုင်မှုပြည့်ဝလာအောင် အပေါ့စားလေ့ကျင့်ခန်းတွေသာ ပြုလုပ်နေရတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ တစ်ပတ်လောက်သာ လိုတော့ချိန်မှာ အိုဇေးလ်ရဲ့ အနေအထားကို ဂျာမနီအသင်းနည်းပြဂျိုအာချင်လိုး Joachim Löw က စိုးရိမ်နေပြီး ဘယ်လိုပြင်ဆင်မှုတွေ လုပ်ရမလဲဆိုတာ ခေါင်းခဲနေပါပြီ။ တကယ်လို့ အိုဇေးလ်သာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဒဏ်ရာက သက်သာလာဖို့ မရှိရင် ဂျိုအာချင်လိုးဟာ သူ့နေရာမှာ တခြားတစ်ယောက်နဲ့ အစားထိုးဖို့ ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဂျာမနီ အသင်းဟာ ဇွန်လ(၁၇)ရက်မှာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် မက္ကဆီကိုအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

REF:The Sun
Photo: Tribuna,The Sun
Naing Linn(Akhayar)
www.akhayar.com