ခရီးသွားရတာ စိတ်နဲ့ ခန္ဓာကိုယ်အပန်းပြေစေပြီး သမရိုးကျဘဝထဲကနေ ရုန်းထွက်နိုင်စေပါတယ်။ အဲဒီလိုရုန်းထွက်နိုင်ဖို့ ခရီးသွားတဲ့အခါ ဆန်းဆန်းပြားပြားနေရာလေးကိုမှ သွားချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့်နေရာလေးတွေကို သွားဖို့ တိုက်တွန်းချင်ပါတယ်။ အခုဖော်ပြပေးမယ့်နေရာလေးတွေကို သွားရောက်လည်ပတ်တဲ့အခါ သူတို့ရဲ့ အထင်ကရ ပွဲတော်လေးတွေမှာလည်း ကိုယ်တိုင်ပါဝင်ဆင်နွဲလို့ရလို့ တစ်သက်မှာ တစ်ခါလောက်တော့ ဒီထဲက တစ်နေရာရာကို အရောက်သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

အိန္ဒိယနိုင်ငံက ဟိုလီပွဲတော်

ဟိုလီပွဲတော်က နွေဦးရာသီမှာ ကျင်းပလေ့ရှိပါတယ်။ ဟိုလီပွဲတော်ကို မြင်သာအောင် ပြောရမယ်ဆိုရင် အရောင်တွေနဲ့ တစ်ယောက်ကို တစ်ယောက် ပစ်ပေါက်ပြီး ဆော့ကစားကြတဲ့ ပွဲတော်လို့ ပြောရမှာပါ။ ဟိုလီပွဲတော်တွေမှာ သုံးတဲ့ အရောင်တစ်ခုချင်းစီကလည်း သူဟာနဲ့သူ အဓိပ္ပါယ်တွေ ရှိကြပါတယ်။ အနီရောင်ဟာ စင်ကြယ်ခြင်း၊ အစိမ်းရောင်ဟာ တက်ကြွခြင်း၊အပြာရောင်ဟာ တည်ငြိမ်ခြင်း၊အဝါရောင်ကတော့ ဘာသာတရားကိုင်းရှိုင်းခြင်းကို ကိုယ်စားပြုပါတယ်။ နွေဦးရာသီမှာ အိန္ဒိယကိုအလည်အပတ်ရောက်ဖြစ်ခဲ့ရင် သူတို့နဲ့အတူ ဟိုလီပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲကြည့်ပါနော်။ အရောင်တွေနဲ့ဆိုတော့ သူတို့နဲ့အတူ ဆော့ကစားရရင် ပျော်ဖို့တော့ ကောင်းနေမှာ အသေအချာပါပဲနော်။

Holi Festival

တောင်ကိုရီးယားက Boryeong Mud Festival

၁၉၉၈ခုနှစ်မှာ ဒီပွဲတော်ကို စတင်ကျင်းပခဲ့တာပါ။ ဒီပွဲတော်ဖြစ်ပေါ်လာပုံကတော့ Boryeong မှာ ရွှံ့တွေကို အသုံးပြုတဲ့ Cosmetics အတွက် Marketing Campaign ပြုလုပ်ရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ လေ့လာမှုတချို့အရ Boryeong က ရွှံ့တွေဟာ Israel ပင်လယ်သေက ရွှံ့တွေထက် အနာရောဂါပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိပိုရှိတာကို တွေ့ရပါတယ်။ ၁၇ ကြိမ်မြောက် Boryeong Mud Festival ဟာ နိုင်ငံခြားခရီးသွားဧည့်သည်ပေါင်း ၃၂၉ သန်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီလောက်ခရီးသွားဧည့်သည်တွေ အများကြီးကို ဆွဲဆောင်နိုင်တယ်ဆိုရင်တော့ တစ်ခါလောက်သွားလည်ပြီး ပါဝင်ဆင်နွဲဖို့ Bucket List ထဲမှာ ကောက်ထည့်ထားဖို့ သင့်ပါပြီနော်။

Mud Festival

သြစတေးလျက Chinchilla Melon Festival

သြစတေးလျမှာ Chinchilla Melon Festival ပွဲတော်ကျင်းပနေတဲ့ အတောအတွင်း Activities တွေ အမျိုးမျိုးရှိတဲ့အတွက် ကြိုက်တဲ့ Activity ကို ပါဝင်ဆင်နွဲလို့ ရပါတယ်။ ဖရဲသီးတွေကြားထဲမှာ စကိတ်စီးလို့ရသလို ဖရဲသီးအလေးချိန်ကို ယှဉ်ပြိုင်တဲ့ ပွဲတော်တွေလည်း ရှိပါတယ်။ ဖရဲသီးအလေးချိန်ကို ယှဉ်ပြိုင်တဲ့ ပွဲတော်က ဖရဲသီး ဘယ်သူအကြီးဆုံးစိုက်ပြီး ယူလာပြိုင်နိုင်မလဲဆိုပြီး ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဘယ်သူအကြီးဆုံးစိုက်ပြီး လာပြိုင်လဲဆိုတာ ပြိုင်ပွဲမှာ လက်ရှိစံချိန်တင်ဝင်နေတဲ့ အကြီးဆုံးဖရဲသီးရဲ့ အလေးချိန်ကတော့ ၂၂၀ ပေါင် ရှိပါတယ်။ ကိုယ်နိုင်ငံက ဖရဲသီးတွေကလည်း သဘာဝနည်းအတိုင်းကြီးအောင်စိုက်ပြီး သွားပြိုင်ကြည့်ရင်ကောင်းမလားမသိ။

Chinchilla Melon Festival,

အင်္ဂလန်က Cooper’s Hill Cheese Rolling and Wake

ဒီပွဲတော်က Cheese ကို တောင်ကုန်းပေါ်ကနေ ဘီးတစ်ဘီးလိုလှိမ့်ပြီး အဲ့ဒီနောက်ကနေ လူတွေက လိုက်ရတာ ဖြစ်ပါတယ်။ အဲဒီလို နောက်ကလိုက်တဲ့လူတွေဟာ ပြိုင်ပွဲမှာ အနိုင်ရတဲ့သူဖြစ်ဖို့အတွက် သူထက်ငါအပြိုင် အပြေးလိုက်ကြလို့ အန္တရာယ်ရှိတဲ့ ပွဲတော်တစ်ခုအဖြစ်တောင် သတ်မှတ်ကြရပါတယ်။ ဘာလို့ ဒီလောက် လူတွေပြေးလိုက်နေကြတာလဲဆိုတော့ Cheese ဟာ တစ်နာရီကို ၇၀မိုင်နှုန်းနဲ့ လှိမ့်သွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကိုယ်တွေလည်း ဝိတ်ကျချင်တယ်ဆိုရင် တစ်ခါလောက် သူတို့နိုင်ငံကို သွားပြီး Cheese နောက်ကို ပြေးလိုက်ကြည့်ရမယ့် ပုံပါပဲနော်။

Cooper’s Hill Cheese Rolling and Wake

အီတလီက လိမ္မော်သီးတိုက်ပွဲ

ဒီပွဲတော်ကတော့ လိမ္မော်သီးတွေကို တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်ပြီး ကျင်းကကြတာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ လိမ္မော်သီးတန်ပေါင်း ၂၅၀ တန်ကို အချင်းချင်း ပစ်ပေါက်ပြီး ဖျက်စီးပစ်လိုက်ကြပါတယ်။ လိမ္မော်သီးတွေနဲ့ ပေါက်တာဆိုတော့ စားစရာဖြစ်လို့ နှမြောစရာဖြစ်ပေမယ့် စိတ်တိုနေတဲ့အချိန်မျိုးဆိုရင်တော့ အဲဒီလို ပစ်ပေါက်ရတာကိုက စိတ်ဖိစီးမှု ဖြေလောက်ရသလို ဖြစ်စေမှာပါနော်။ တစ်ခါ တစ်ခေါက်တော့ အီတလီကို အလည်အပတ်ရောက်ဖြစ်ခဲ့ရင် လိမ္မော်သီးတိုက်ပွဲမှာ ပါဝင်ဆင်နွဲဖြစ်အောင် ဆင်နွဲမယ်လို့ တေးထားလိုက်ပြီနော်။

Battle of Oranges
ကျန်ရှိနေတဲ့ ပွဲတော်တချို့ကိုလည်း နောက်အပတ်မှာ ဆက်လက်ဖော်ပြပေးဦးမှာမို့ ဘယ်လို ဆန်းဆန်းပြားပြား ပွဲတော်တွေပါဝင်မလဲဆိုတာကို စာရေးသူနဲ့အတူ ရင်တခုန်ခုန် စောင့်ဖတ်ကြည့်ကြရအောင်ပါနော်။

H.H(Akhayar)

www.akhayar.com