[Zawgyi]







ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

မက်ဆီကို မြန်မာပုဆိုးနဲ့တိုက်ပုံဝတ်ဆင်ပေးခဲ့တဲ့ ဇဏ်ခီ

ဇဏ်ခီဟာ Prague မှာ သွားရောက်ပြီးတော့ ကြော်ငြာရိုက်ခဲ့စဉ်က သူကြိုက်နှစ်သက်တဲ့ ဘောလုံးသမားဖြစ်တဲ့ မက်ဆီနဲ့ တွဲဖက်လို့ ရိုက်ကူးရေးလုပ်ခဲ့ရတာဟာ အမှတ်တရဖြစ်တယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ပေါ် မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ကြော်ငြာထဲမှာ မက်ဆီက မြန်မာတိုက်ပုံနဲ့ ပုဆိုးကို ဝတ်ဆင်ထားတဲ့ အတွက် ဒီလိုဝတ်ဆင်ဖို့ ကိုယ်တိုင်သယ်သွားပေးခဲ့ရတာတွေက တကယ့်ကို အမှတ်တရ ဖြစ်စေတယ်ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။

မြန်မာတိုက်ပုံ ပုဆိုးလေးနဲ့ မက်ဆီ

ကြော်ငြာအတူတူရိုက်ခဲ့ကြတဲ့ ဇဏ်ခီ နဲ့ မက်ဆီ

ကြော်ငြာကတော့ အော်ရီဒူး ကြော်ငြာဖြစ်ပြီး မက်ဆီကတော့ အော်ရီဒူးရဲ့ Global Brand Ambassador တစ်ဦးဖြစ်သလို မင်းသားဇဏ်ခီကလည်း မြန်မာနိုင်ငံအတွက် အော်ရီဒူးရဲ့ Brand Ambassador တစ်ဦးဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Zenn Kyi Facebook Page

www.akhayar.com