ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ဟာ မတ်လအတွက် လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ မက်ဆီ အတွက် ဒီဆုဟာ (၅)ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ဒီဆုကို ဒုတိယအများဆုံးရရှိထားတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးရရှိထားတဲ့ ကစားသမားကတော့ အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ဖြစ်ပြီး (၆)ကြိမ်ရရှိထားတာပဲဖြစ်ပါတယ်။

မက်ဆီ ဟာ မတ်လထဲမှာ ကစားခဲ့တဲ့ လာလီဂါ(၄)ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့ပြီး (၆)ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မက်ဆီ ဟာ ခြေစွမ်းကောင်းတွေနဲ့ ဘာစီလိုနာအသင်းကို ဦးဆောင်နေပြီး ဘာစီလိုနာအသင်းကလည်း ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာရှိနေပါတယ်။ မက်ဆီ ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၄၀)ကစား သွင်းဂိုး(၄၃)ဂိုးသွင်းယူထားပါတယ်။

Ref: Wikipedia
Photo: GiveMeSport , Troll Football
Ko Kyue(Akhayar)
www.akhayar.com