[Zawgyi]

ဥေရာပသြင္းဂုိးအမ်ားဆုံးေရႊဖိနပ္ဆု(ESM)ကို (၅)ႀကိမ္ေျမာက္ ဆြတ္ခူးခဲ့တဲ့ မက္ဆီ Messi

ဘာစီလုိနာအသင္းရဲ႕ အာဂ်င္တီးနား နာမည္ေက်ာ္ တိုက္စစ္မွဴး မက္ဆီ Messi ဟာ ၂၀၁၇-၁၈ ရာသီ ဥေရာပသြင္းဂုိးအမ်ားဆုံး ေရႊဖိနပ္ဆု(ESM)ကုိ တျခားနာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဆာလာ Salah၊ စီေရာ္နယ္လ္ဒုိ C.Ronaldo၊ ဟာရီကိန္း Harry Kane တို႔ကုိ ေက်ာ္ျဖတ္ ဆြတ္ခူးခဲ့ၿပီး ဒီဆုဟာ မက္ဆီ အတြက္ (၅)ႀကိမ္ေျမာက္လည္းျဖစ္ခဲ့ပါတယ္။ ဒီရာသီ လာလီဂါမွာ ဘာစီလုိနာအသင္းအတြက္ (၃၄)ဂုိးအထိ သြင္းယူခဲ့ၿပီး လာလီဂါခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ မက္ဆီဟာ စုစုေပါင္းရမွတ္ (၆၈)မွတ္နဲ႔ ESM ေရႊဖိနပ္ဆုကုိ ဆြတ္ခူးခဲ့တာျဖစ္သလုိ လာလီဂါသြင္းဂုိးအမ်ားဆုံး ေရႊဖိနပ္(ပီခ်ီ်ခ်ီ)ဆုကုိလည္း ဆြတ္ခူးႏုိင္ခဲ့တယ္။ မက္ဆီအေနနဲ႔ ပီခ်ီခ်ီဆုကုိ (၄)ႀကိမ္ေျမာက္ရခဲ့တာျဖစ္ၿပီး အႀကိမ္အမ်ားဆုံး ဆြတ္ခူးခဲ့တဲ့ ဘီလ္ဘာအုိ ဂႏၳ၀င္တိုက္စစ္မွဴး တယ္လ္မုိဇာရာ Telmo Zarra ရဲ႕ စံခ်ိန္ကုိ မီဖုိ႔ တစ္ႀကိမ္သာ လုိပါေတာ့တယ္။

Messi-wins-ESM-Award-Again

Messi-wins-ESM-Award-Again

ESM ဆုကုိ လီဗာပူးလ္အသငး္ရဲ႕ အီဂ်စ္နာမည္ေက်ာ္ကစားသမား ဆာလာက ဆြတ္ခူးဖုိ႔ အေျခအေနေကာင္းခဲ့ေပမယ့္ မတ္လကုန္အထိ ဆာလာဟာ ပရီးမီးယားလိဂ္(၄)ဂုိးသာ သြင္းႏုိင္ခဲ့ၿပီး မက္ဆီက (၈)ဂုိးအထိ သြင္းယူခဲ့တာေၾကာင့္ ဆာလာကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီအေနနဲ႔ ဒီဆုကုိ (၅)ႀကိမ္ေျမာက္ ဆြတ္ခူးခဲ့ႏုိင္ခဲ့လုိ႔ အႀကိမ္အမ်ားဆုံးရရွိခဲ့တဲ့ကစားသမားစာရင္းမွာ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ စီေရာ္နယ္လ္ဒုိကုိ ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးေနရာကုိ တစ္ဦးတည္း ပုိင္ဆုိင္ႏုိင္ခဲ့ပါၿပီ။ ESM ဆုကုိ (၄)ႀကိမ္အထိ ရရွိခဲ့ဖူးတဲ့ စီေရာ္နယ္လ္ဒုိဟာ ဒီရာသီ လာလီဂါမွာ (၂၆)ဂုိးသာ သြင္းယူႏုိင္ခဲ့တာေၾကာင့္ (၅၂)မွတ္နဲ႔ အဆင့္(၈)ေနရာသာ ရရွိခဲ့ပါတယ္။ ၂၀၀၈-၀၉ ရာသီက စၿပီး ESM ဆုကုိ လာလီဂါက ကစားသမားအမ်ားစု ဆြတ္ခူးခဲ့သလုိ ေနာက္ဆုံး(၁၃)ႀကိမ္မွာ (၁၂)ဦးအထိ ရရွိခဲ့တယ္။ အဲဒီ(၁၂)ဦးထဲမွာ ဘာစီလုိနာနဲ႔ ရီးယဲလ္ကစားသမားေတြသာ အမ်ားဆုံးပါ၀င္ခဲ့ၿပီး အဲဒီႏွစ္သင္းျပင္ပက ဆြတ္ခူးခဲ့တာဆုိလုိ႔ ၂၀၀၈-၀၉ ရာသီက အက္သလက္တီကုိ တိုက္စစ္မွဴး ဒီေယဂုိေဖာ္လန္ Diego Forlan တစ္ဦးသာပါ၀င္ခဲ့တာပါ။

၂၀၁၇-၁၈ ရာသီ ESM ဆုအတြက္ ကစားသမားစာရင္း

1. Lionel Messi, Barcelona, 68 points (34 goals)

2. Mohamed Salah, Liverpool, 64 points (32)

3. Harry Kane, Tottenham Hotspur, 60 (30)

4. Ciro Immobile, Lazio, 58 (29)

4. Mauro Icardi, Inter Milan, 58 (29)

4. Robert Lewandowski, Bayern Munich, 58 (29)

7. Edinson Cavani, Paris Saint-Germain, 56 (28)

8. Cristiano Ronaldo, Real Madrid, 52 (26)

9. Jonas, Benfica, 51 (34)

10. Luis Suarez, Barcelona, 50 (25)

(ဥေရာပထိပ္သီးလိဂ္(၅)ခုအတြက္ သြင္းဂုိးမ်ားကုိ ၂ မွတ္၊ က်န္လိဂ္မ်ားမွ သြင္းဂုိးမ်ားကုိ ၁.၅ မွတ္ ႏွင့္ ၁ မွတ္စီသတ္မွတ္ထားျခင္းျဖစ္သည္)

ESM ဆုကုိ အႀကိမ္အမ်ားဆုံးရရွိခဲ့သူမ်ား

Lionel Messi 5 2009–10, 2011–12, 2012–13, 2016–17, 2017–18

Cristiano Ronaldo 4 2007–08, 2010–11, 2013–14 (shared), 2014–15

Eusébio 2 1967–68, 1972–73

Gerd Müller 2 1969–70, 1971–72

Dudu Georgescu 2 1974–75, 1976–77

REF:Goal.com,ESPN
Photo:The National,Getty Images
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

ဥရောပသွင်းဂိုးအများဆုံးရွှေဖိနပ်ဆု(ESM)ကို (၅)ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ မက်ဆီ Messi

ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနား နာမည်ကျော် တိုက်စစ်မှူး မက်ဆီ Messi ဟာ ၂၀၁၇-၁၈ ရာသီ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ကို တခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဆာလာ Salah၊ စီရော်နယ်လ်ဒို C.Ronaldo၊ ဟာရီကိန်း Harry Kane တို့ကို ကျော်ဖြတ် ဆွတ်ခူးခဲ့ပြီး ဒီဆုဟာ မက်ဆီ အတွက် (၅)ကြိမ်မြောက်လည်းဖြစ်ခဲ့ပါတယ်။ ဒီရာသီ လာလီဂါမှာ ဘာစီလိုနာအသင်းအတွက် (၃၄)ဂိုးအထိ သွင်းယူခဲ့ပြီး လာလီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ မက်ဆီဟာ စုစုပေါင်းရမှတ် (၆၈)မှတ်နဲ့ ESM ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့တာဖြစ်သလို လာလီဂါသွင်းဂိုးအများဆုံး ရွှေဖိနပ်(ပီချျီချီ)ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်။ မက်ဆီအနေနဲ့ ပီချီချီဆုကို (၄)ကြိမ်မြောက်ရခဲ့တာဖြစ်ပြီး အကြိမ်အများဆုံး ဆွတ်ခူးခဲ့တဲ့ ဘီလ်ဘာအို ဂန္ထဝင်တိုက်စစ်မှူး တယ်လ်မိုဇာရာ Telmo Zarra ရဲ့ စံချိန်ကို မီဖို့ တစ်ကြိမ်သာ လိုပါတော့တယ်။

Messi-wins-ESM-Award-Again

Messi-wins-ESM-Award-Again

ESM ဆုကို လီဗာပူးလ်အသင်းရဲ့ အီဂျစ်နာမည်ကျော်ကစားသမား ဆာလာက ဆွတ်ခူးဖို့ အခြေအနေကောင်းခဲ့ပေမယ့် မတ်လကုန်အထိ ဆာလာဟာ ပရီးမီးယားလိဂ်(၄)ဂိုးသာ သွင်းနိုင်ခဲ့ပြီး မက်ဆီက (၈)ဂိုးအထိ သွင်းယူခဲ့တာကြောင့် ဆာလာကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ဒီဆုကို (၅)ကြိမ်မြောက် ဆွတ်ခူးခဲ့နိုင်ခဲ့လို့ အကြိမ်အများဆုံးရရှိခဲ့တဲ့ကစားသမားစာရင်းမှာ သူ့ရဲ့အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို တစ်ဦးတည်း ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ ESM ဆုကို (၄)ကြိမ်အထိ ရရှိခဲ့ဖူးတဲ့ စီရော်နယ်လ်ဒိုဟာ ဒီရာသီ လာလီဂါမှာ (၂၆)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် (၅၂)မှတ်နဲ့ အဆင့်(၈)နေရာသာ ရရှိခဲ့ပါတယ်။ ၂၀၀၈-၀၉ ရာသီက စပြီး ESM ဆုကို လာလီဂါက ကစားသမားအများစု ဆွတ်ခူးခဲ့သလို နောက်ဆုံး(၁၃)ကြိမ်မှာ (၁၂)ဦးအထိ ရရှိခဲ့တယ်။ အဲဒီ(၁၂)ဦးထဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်ကစားသမားတွေသာ အများဆုံးပါဝင်ခဲ့ပြီး အဲဒီနှစ်သင်းပြင်ပက ဆွတ်ခူးခဲ့တာဆိုလို့ ၂၀၀၈-၀၉ ရာသီက အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုဖော်လန် Diego Forlan တစ်ဦးသာပါဝင်ခဲ့တာပါ။

၂၀၁၇-၁၈ ရာသီ ESM ဆုအတွက် ကစားသမားစာရင်း

1. Lionel Messi, Barcelona, 68 points (34 goals)

2. Mohamed Salah, Liverpool, 64 points (32)

3. Harry Kane, Tottenham Hotspur, 60 (30)

4. Ciro Immobile, Lazio, 58 (29)

4. Mauro Icardi, Inter Milan, 58 (29)

4. Robert Lewandowski, Bayern Munich, 58 (29)

7. Edinson Cavani, Paris Saint-Germain, 56 (28)

8. Cristiano Ronaldo, Real Madrid, 52 (26)

9. Jonas, Benfica, 51 (34)

10. Luis Suarez, Barcelona, 50 (25)

(ဥရောပထိပ်သီးလိဂ်(၅)ခုအတွက် သွင်းဂိုးများကို ၂ မှတ်၊ ကျန်လိဂ်များမှ သွင်းဂိုးများကို ၁.၅ မှတ် နှင့် ၁ မှတ်စီသတ်မှတ်ထားခြင်းဖြစ်သည်)

ESM ဆုကို အကြိမ်အများဆုံးရရှိခဲ့သူများ

Lionel Messi 5 2009–10, 2011–12, 2012–13, 2016–17, 2017–18

Cristiano Ronaldo 4 2007–08, 2010–11, 2013–14 (shared), 2014–15

Eusébio 2 1967–68, 1972–73

Gerd Müller 2 1969–70, 1971–72

Dudu Georgescu 2 1974–75, 1976–77

REF:Goal.com,ESPN
Photo:The National,Getty Images
Naing Linn(Akhayar)
www.akhayar.com