[Zawgyi]

ဘာစီလိုနာသမိုင္းတစ္ေလွ်ာက္ဆုဖလားရရိွမႈ အမ်ားဆံုးကစားသမားျဖစ္လာသူ Messi

မက္ဆီ Messi အတြက္ ဒီရက္ပိုင္းဟာ စိတ္ေက်နပ္စရာေတြနဲ႔ ျပည္႔ေနတယ္လို႔ဆိုရမွာပါ။ မက္ဆီ Messi ဟာ ဘာစီလိုနာအသင္းနဲ႔သက္ဆိုင္တဲ႔ ဂုဏ္ထူးေတြကို ဒီရက္ပိုင္းမွာပိုင္ဆိုင္ခဲ႔ပါတယ္။ အင္နီေယစတာ Iniesta မရိွေတာ႔တဲ႔ ဘာစီလိုနာအသင္းမွာ မက္ဆီ Messi ဟာ အသင္းေခါင္းေဆာင္သစ္ျဖစ္လာခဲ႔သလို လက္ရိွအခ်ိန္မွာေတာ႔ ဘာစီလိုနာအသင္း သမိုင္းတစ္ေလွ်ာက္ဆုဖလားရရိွမႈ အမ်ားဆံုးကစားသမားအျဖစ္လည္းမွတ္တမ္း၀င္ခဲ႔ပါတယ္။ ဘာစီလိုနာအသင္းက ဆီဗီလာအသင္းကို (၂ – ၁)နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ စပိန္စူပါဖလားပြဲစဥ္အျပီးမွာ မက္ဆီ Messi ဟာ ဒီမွတ္တမ္းကိုရရိွခဲ႔တာပါ။ မက္ဆီ Messi ဟာ လက္ရိွအခ်ိန္မွာ ဘာစီလိုနာအသင္းနဲ႔အတူ ခ်န္ပီယံဆုဖလားေပါင္း(၃၃)လံုးအထိ ရရိွခဲ႔ျပီပဲျဖစ္ပါတယ္။

Messi-With-Ballon-dOr

Messi-With-Ballon-dOr

ဘာစီလိုနာအသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုးကစားသမားျဖစ္သူ မက္ဆီ Messi ဟာ အသင္းနဲ႔သက္ဆိုင္တဲ႔မွတ္တမ္းမွတ္ရာေတြကို တစ္ခုျပီးတစ္ခုသိမ္းပိုက္ေနတာပဲျဖစ္ပါတယ္။ ငယ္ရြယ္စဥ္ကာလက ဖြံျဖိဳးမႈေႏွးေကြးလို႔ ကစားသမားဘ၀ေရွ႕ဆက္ဖို႔ ရုန္းကန္ခဲ႔ရသူ မက္ဆီ Messi ဟာ အခုခ်ိန္မွာေတာ႔ ကမၻာ႔နာမည္ေက်ာ္ ေဘာလံုးအသင္းတစ္သင္းျဖစ္တဲ႔ ဘာစီလိုနာအသင္းရဲ႕ စံခ်ိန္မွတ္တမ္းေတြကို လႊမ္းမိုးထားတဲ႔သူျဖစ္ေနပါျပီ။ ဒီအေျခအေနကို ၾကည္႔ျခင္းအားျဖင္႔ ဘ၀မွာမျဖစ္နိုင္ဘူးဆိုတာ မရိွဘူးဆိုတဲ႔အရာကို ျမင္ေတြ႕ၾကရမွာပါ။ မက္ဆီ Messi ဟာ ဘာစီလိုနာအသင္းရဲ႕ နာမည္ေက်ာ္လာမာစီယာအကယ္ဒမီရဲ႕ အေကာင္းဆံုး ထုတ္ကုန္တစ္ခုဆိုရင္လည္းမမွားပါဘူး။ ဘာစီလုိနာ C အသင္း ၊ ဘာစီလိုနာ B အသင္း ၊ ေနာက္ဆံုး ဘာစီလိုနာအသင္းၾကီး အဆင္႔ဆင္႔ျဖတ္ေက်ာ္ေရာက္ရိွလာတဲ႔ Messi ဟာ ဘာစီလိုနာအသင္းရဲ႕ စံခ်ိန္မွတ္တမ္းေကာင္းေတြကို ဆက္လက္သိမ္းပိုက္ရယူသြားဦးမယ္႔ ဘာစီလိုနာအသင္းရဲ႕ ဂႏၳ၀င္ကစားသမားလို႔ပဲ ဆုိၾကရမွာပါ။

Messi-With-Spain-Super-Cup-Trophy

Messi-With-Spain-Super-Cup-Trophy

မက္ဆီ Messi ရဲ႕ ဘာစီလိုနာကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

La Liga: 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16, 2017–18
Copa del Rey: 2008–09, 2011–12, 2014–15, 2015–16, 2016–17, 2017–18
Supercopa de España: 2005, 2006, 2009, 2010, 2011, 2013, 2016, 2018
UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011, 2015
FIFA Club World Cup: 2009, 2011, 2015

 

Photo: deviantart , qfmzambia , tribuna
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာသမိုင်းတစ်လျှောက်ဆုဖလားရရှိမှု အများဆုံးကစားသမားဖြစ်လာသူ Messi

မက်ဆီ Messi အတွက် ဒီရက်ပိုင်းဟာ စိတ်ကျေနပ်စရာတွေနဲ့ ပြည့်နေတယ်လို့ဆိုရမှာပါ။ မက်ဆီ Messi ဟာ ဘာစီလိုနာအသင်းနဲ့သက်ဆိုင်တဲ့ ဂုဏ်ထူးတွေကို ဒီရက်ပိုင်းမှာပိုင်ဆိုင်ခဲ့ပါတယ်။ အင်နီယေစတာ Iniesta မရှိတော့တဲ့ ဘာစီလိုနာအသင်းမှာ မက်ဆီ Messi ဟာ အသင်းခေါင်းဆောင်သစ်ဖြစ်လာခဲ့သလို လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက်ဆုဖလားရရှိမှု အများဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို (၂ – ၁)နဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်အပြီးမှာ မက်ဆီ Messi ဟာ ဒီမှတ်တမ်းကိုရရှိခဲ့တာပါ။ မက်ဆီ Messi ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံဆုဖလားပေါင်း(၃၃)လုံးအထိ ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

Messi-With-Ballon-dOr

Messi-With-Ballon-dOr

ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်သူ မက်ဆီ Messi ဟာ အသင်းနဲ့သက်ဆိုင်တဲ့မှတ်တမ်းမှတ်ရာတွေကို တစ်ခုပြီးတစ်ခုသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကာလက ဖွံဖြိုးမှုနှေးကွေးလို့ ကစားသမားဘဝရှေ့ဆက်ဖို့ ရုန်းကန်ခဲ့ရသူ မက်ဆီ Messi ဟာ အခုချိန်မှာတော့ ကမ္ဘာ့နာမည်ကျော် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ စံချိန်မှတ်တမ်းတွေကို လွှမ်းမိုးထားတဲ့သူဖြစ်နေပါပြီ။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဘဝမှာမဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့အရာကို မြင်တွေ့ကြရမှာပါ။ မက်ဆီ Messi ဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်လာမာစီယာအကယ်ဒမီရဲ့ အကောင်းဆုံး ထုတ်ကုန်တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဘာစီလိုနာ C အသင်း ၊ ဘာစီလိုနာ B အသင်း ၊ နောက်ဆုံး ဘာစီလိုနာအသင်းကြီး အဆင့်ဆင့်ဖြတ်ကျော်ရောက်ရှိလာတဲ့ Messi ဟာ ဘာစီလိုနာအသင်းရဲ့ စံချိန်မှတ်တမ်းကောင်းတွေကို ဆက်လက်သိမ်းပိုက်ရယူသွားဦးမယ့် ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ကစားသမားလို့ပဲ ဆိုကြရမှာပါ။

Messi-With-Spain-Super-Cup-Trophy

Messi-With-Spain-Super-Cup-Trophy

မက်ဆီ Messi ရဲ့ ဘာစီလိုနာကစားသမားဘဝ အောင်မြင်မှုများ

La Liga: 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16, 2017–18
Copa del Rey: 2008–09, 2011–12, 2014–15, 2015–16, 2016–17, 2017–18
Supercopa de España: 2005, 2006, 2009, 2010, 2011, 2013, 2016, 2018
UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011, 2015
FIFA Club World Cup: 2009, 2011, 2015

 

Photo: deviantart , qfmzambia , tribuna
Ko Kyue(Akhayar)
www.akhayar.com