[Zawgyi]

ေပါ႔ဘာ Pogba ကို ဘာစီလိုနာမွာ ျမင္ေတြ႕ခ်င္ေနတဲ႔ မက္ဆီ Messi

ဘာစီလိုနာနဲ႔ ေပါ႔ဘာ Pogba တို႔ရဲ႕ သတင္းေတြဟာ မ႐ိုးႏိုင္ေအာင္ တစ္ေန႔တစ္မ်ိဳးနဲ႔ မ်ိဳးစံုထြက္ေပၚေနတာပါ။ ဇာဗီ Xavi နဲ႔ အင္နီေယစတာ Iniesta တို႔ ေခတ္လြန္ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ပိုင္းဟာ အရည္အေသြး က်ဆင္းလာတာေၾကာင္႔ ေျခစြမ္းေကာင္းသလို ပံုရိပ္လည္းၾကီးမားတဲ႔ ေပါ႔ဘာကို ေခၚယူဖို႔အသည္းအသန္ျဖစ္ေနတာပဲျဖစ္ပါတယ္။ ဘာစီလိုနာအသင္းမွာလည္း ၾကယ္ပြင္႔ကစားသမားဆိုလို႔ မက္ဆီ Messi ေလာက္သာ ေလာက္ေလာက္လားလားရိွေနတာေၾကာင္႔လည္း အသင္းရဲ႕ပံုရိပ္အတြက္ ေပါ႔ဘာလို ၾကယ္ပြင္႔ကစားသမားတစ္ဦးကိုေခၚယူလိုေနတာပါ။

Pogba

Pogba

လက္ရိွမွာေတာ႔ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ တိုက္စစ္မႈး မက္ဆီက ေပါ႔ဘာအေနနဲ႔ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕လာေစခ်င္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ျပင္သစ္ကစားသမားေတြကလည္း ေပါ႔ဘာကို ၾကိဳဆိုေနၾကတာေၾကာင္႔ အေနအထားေတြကေတာ႔ စိတ္၀င္စားဖို႔ေကာင္းေနတာကေတာ႔ အမွန္ပါပဲ။ ဒါေပမဲ႔ ေပါ႔ဘာရဲ႕ ေအးဂ်င္႔ ႐ိြဳင္အိုလာ Raiola က သူ႕ရဲ႕ကစားသမားဟာ ေစ်းကြက္ထဲမွာရိွမေနပါဘူးလို႔ ေျပာၾကားထားတာေၾကာင္႔ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔သြားၾကရမွာပဲျဖစ္ပါတယ္။

Ref: Goal.com
Photo: Flipboard 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပေါ့ဘာ Pogba ကို ဘာစီလိုနာမှာ မြင်တွေ့ချင်နေတဲ့ မက်ဆီ Messi

ဘာစီလိုနာနဲ့ ပေါ့ဘာ Pogba တို့ရဲ့ သတင်းတွေဟာ မရိုးနိုင်အောင် တစ်နေ့တစ်မျိုးနဲ့ မျိုးစုံထွက်ပေါ်နေတာပါ။ ဇာဗီ Xavi နဲ့ အင်နီယေစတာ Iniesta တို့ ခေတ်လွန် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ပိုင်းဟာ အရည်အသွေး ကျဆင်းလာတာကြောင့် ခြေစွမ်းကောင်းသလို ပုံရိပ်လည်းကြီးမားတဲ့ ပေါ့ဘာကို ခေါ်ယူဖို့အသည်းအသန်ဖြစ်နေတာပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာလည်း ကြယ်ပွင့်ကစားသမားဆိုလို့ မက်ဆီ Messi လောက်သာ လောက်လောက်လားလားရှိနေတာကြောင့်လည်း အသင်းရဲ့ပုံရိပ်အတွက် ပေါ့ဘာလို ကြယ်ပွင့်ကစားသမားတစ်ဦးကိုခေါ်ယူလိုနေတာပါ။

Pogba

Pogba

လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှုး မက်ဆီက ပေါ့ဘာအနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာစေချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်ကစားသမားတွေကလည်း ပေါ့ဘာကို ကြိုဆိုနေကြတာကြောင့် အနေအထားတွေကတော့ စိတ်ဝင်စားဖို့ကောင်းနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်အိုလာ Raiola က သူ့ရဲ့ကစားသမားဟာ ဈေးကွက်ထဲမှာရှိမနေပါဘူးလို့ ပြောကြားထားတာကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်။

Ref: Goal.com
Photo: Flipboard 
Ko Kyue(Akhayar)
www.akhayar.com