[Zawgyi]

ချယ်လ်ဆီးကို မက်ဆီ(Messi) ဂိုးသွင်းပြီ

ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ရဲ့ အားပြိုင်မှုဟာ မျှော်လင့်ထားသလိုပဲ ဘာစီလိုနာရဲ့ စိုးမိုးမှုအောက်မှာ ချယ်လ်ဆီး အချိန်ကုန်နေရတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအပြတ်အသတ်အသာစီးယူခဲ့တာက ဘာစီလိုနာပါပဲ။ ဒါပေမဲ့ ဂိုးရဖို့နီးစပ်ခဲ့တာက ချယ်လ်ဆီးဖြစ်နေတယ်။ ၀ီလီယံ (Willian)ရဲ့ ဂိုးဧရိယာထိပ်ကန်ချက်(၂)ကြိမ် တိုင်ထိခဲ့လို့ ချယ်လ်ဆီးကံဆိုးခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်ကို ထုံးစံအတိုင်း မက်ဆီ (Messi)က ဦးဆောင်ခဲ့ပြီး ချယ်လ်ဆီးခံစစ်ဇုန်ထဲမှာ တစ်ဦးချင်းလှုပ်ရှားမှုတွေကို သိပ်ပြီးမထိန်းနိုင်ခဲ့ဘူး။

ဘိုင်ယန်မြူးနစ်အတွက် နှစ်ဂိုးသွင်းခဲ့သည့်မူလာ(Muller)

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဆက်လက်စိုးမိုးနိုင်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ချယ်လ်ဆီး ဂိုးစရသွားတယ်။ ပထမပိုင်းမှာကတည်းက ၀ီလီယံရဲ့ ဂိုးဧရိယာထိပ်ကန်ချက်တွေကို Block ပျက်ကွက်နေတဲ့ ဘာစီလိုနာ ပေးဆပ်လိုက်ရတာပါပဲ။ ၀ီလီယံရဲ့ ကန်ချက်က တိကျသေသပ်ပြီး ဘာစီလိုနာဂိုးသမား စတီဂန် (Stegen) ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဂိုးရခဲ့ပေမယ့် ချယ်လ်ဆီး ဟာ အရင်တိုင်းပဲ ဘာစီလိုနာရဲ့ထိုးဖောက်မှုကို ခံနေရဆဲပဲ။ (၇၅)မိနစ်မှာ ဘာစီလိုနာချေပဂိုးရခဲ့ပါတယ်။ ချယ်လ်ဆီးဘက်ကို ဂိုးမသွင်းဖူးတဲ့ မက်ဆီက လှလှပပကန်သွင်းယူခဲ့တာပါပဲ။ နောက်ပိုင်းမှာ နှစ်သင်းစလုံး ဂိုးရဖို့ထပ်မံအားထုတ်ခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ သရေနဲ့အဆုံး သတ်ခဲ့တယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဘက်ဆစ်တက်ပွဲမှာ ဘိုင်ယန်မြူးနစ်က ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဂိုးတွေကို မူလာ(Muller) (၂)ဂိုး၊ လီဝန်ဒေါစကီး(Lewandowski) (၂)ဂိုးကိုးမန်း(Coman)က တစ်ဂိုးစီသွင်းပြီး (၅-၀)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ရလဒ်

ချယ်လ်ဆီး ၁-၁ ဘာစီလိုနာ

ဘိုင်ယန်မြူးနစ် ၅-၀ ဘက်ဆစ်တက်

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[Zawgyi]

ချယ်လ်ဆီးကို မက်ဆီ(Messi) ဂိုးသွင်းပြီ

ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ရဲ့ အားပြိုင်မှုဟာ မျှော်လင့်ထားသလိုပဲ ဘာစီလိုနာရဲ့ စိုးမိုးမှုအောက်မှာ ချယ်လ်ဆီး အချိန်ကုန်နေရတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအပြတ်အသတ်အသာစီးယူခဲ့တာက ဘာစီလိုနာပါပဲ။ ဒါပေမဲ့ ဂိုးရဖို့နီးစပ်ခဲ့တာက ချယ်လ်ဆီးဖြစ်နေတယ်။ ၀ီလီယံ (Willian)ရဲ့ ဂိုးဧရိယာထိပ်ကန်ချက်(၂)ကြိမ် တိုင်ထိခဲ့လို့ ချယ်လ်ဆီးကံဆိုးခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်ကို ထုံးစံအတိုင်း မက်ဆီ (Messi)က ဦးဆောင်ခဲ့ပြီး ချယ်လ်ဆီးခံစစ်ဇုန်ထဲမှာ တစ်ဦးချင်းလှုပ်ရှားမှုတွေကို သိပ်ပြီးမထိန်းနိုင်ခဲ့ဘူး။

ဘိုင်ယန်မြူးနစ်အတွက် နှစ်ဂိုးသွင်းခဲ့သည့်မူလာ(Muller)

ဘိုင်ယန်မြူးနစ်အတွက် နှစ်ဂိုးသွင်းခဲ့သည့်မူလာ(Muller)

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဆက်လက်စိုးမိုးနိုင်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ချယ်လ်ဆီး ဂိုးစရသွားတယ်။ ပထမပိုင်းမှာကတည်းက ၀ီလီယံရဲ့ ဂိုးဧရိယာထိပ်ကန်ချက်တွေကို Block ပျက်ကွက်နေတဲ့ ဘာစီလိုနာ ပေးဆပ်လိုက်ရတာပါပဲ။ ၀ီလီယံရဲ့ ကန်ချက်က တိကျသေသပ်ပြီး ဘာစီလိုနာဂိုးသမား စတီဂန် (Stegen) ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဂိုးရခဲ့ပေမယ့် ချယ်လ်ဆီး ဟာ အရင်တိုင်းပဲ ဘာစီလိုနာရဲ့ထိုးဖောက်မှုကို ခံနေရဆဲပဲ။ (၇၅)မိနစ်မှာ ဘာစီလိုနာချေပဂိုးရခဲ့ပါတယ်။ ချယ်လ်ဆီးဘက်ကို ဂိုးမသွင်းဖူးတဲ့ မက်ဆီက လှလှပပကန်သွင်းယူခဲ့တာပါပဲ။ နောက်ပိုင်းမှာ နှစ်သင်းစလုံး ဂိုးရဖို့ထပ်မံအားထုတ်ခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ သရေနဲ့အဆုံး သတ်ခဲ့တယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဘက်ဆစ်တက်ပွဲမှာ ဘိုင်ယန်မြူးနစ်က ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဂိုးတွေကို မူလာ(Muller) (၂)ဂိုး၊ လီဝန်ဒေါစကီး(Lewandowski) (၂)ဂိုးကိုးမန်း(Coman)နဲ့ က တစ်ဂိုးစီသွင်းပြီး (၄-၀)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။