ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ဟာ မနေ့ကအသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တယ်လို့ သိရပါတယ်။ မက်ဆီ ဟာ ခြေသလုံးဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေနဲ့ ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်တွေကို လွဲချော်ခဲ့ရသူဖြစ်ပါတယ်။ ဘာစီလိုနာတိုက်စစ်ဟာ မက်ဆီ မပါရင် ရုန်းကန်ရတယ်ဆိုတဲ့ အစဉ်အလာဆိုးကို အခုချိန်ထိ မပြင်နိုင်သေးဘဲ ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာလည်း အသင်းရဲ့ တိုက်စစ်ဟာ လိုအပ်ချက်တွေများခဲ့ပြီး ဖန်တီးမှုမရှိ ၊ စွဲမက်စရာမရှိတဲ့ ပုံစံဖြစ်ခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ဒဏ်ရာပြဿနာတွေများနေပြီး ဒမ်ဘီလီ Dembele က (၅)ပတ်နားဖို့ ရှိနေသလို ၊ ဆွာရက်ဇ် Suarez ကလည်း ဘီလ်ဘာအိုအသင်းနဲ့ ပွဲမှာ ခြေသလုံးဒဏ်ရာရရှိခဲ့တာကြောင့် အသင်းတိုက်စစ်မှာ ဒဏ်ရာပြဿနာကင်းရှင်းသူ အဖြစ် ဂရစ်ဇ်မန်း Griezmann သာရှိနေပါတယ်။ ဂရစ်ဇ်မန်း ကလည်း အခုချိန်ထိ ဘာစီလိုနာအသင်းနဲ့ သိပ်ပြီးအံမ၀င်သေးတာကြောင့် လိုအပ်ချက်တွေများနေတဲ့ အချိန်မှာ မက်ဆီ လေ့ကျင့်ခန်းပြန်ဆင်းတဲ့ သတင်းက ဘာစီလိုနာအသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ Valverde ကတော့ လာလီဂါပွဲစဉ်(၂) ဘက်တစ်နဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ မက်ဆီ ကို လူစာရင်းမှာ ထည့်သွင်းသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Ref: Sportskeeda
Photo: Barcelona Twitter , FCBarcelona.dk
Ko Kyue(Akhayar)
www.akhayar.com