[Zawgyi]

လုပ္ခ တစ္ႏွစ္ေပါင္ (၈၈) သန္းနဲ႔ တ႐ုတ္စူပါလိဂ္ရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တဲ့ မက္ဆီ

ဘာစီလိုနာအသင္းတုိက္စစ္မွဴးမက္ဆီဟာ အသင္းနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဆိုမီ တ႐ုတ္စူပါလိဂ္အသင္းတစ္သင္းရဲဲ႕ ျမင့္မားတဲ့လစာေငြနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။ တ႐ုတ္စူပါလိဂ္အသင္းျဖစ္တဲ့ ဟိုင္းေဘးေဖာ္ကၽြန္းအသင္းဟာ မက္ဆီကို တစ္ပတ္လုပ္ခ ေပါင္(၁.၇)သန္းနဲ႔ တစ္ႏွစ္ ေပါင္(၈၈)သန္းထိ ျမင့္မားတဲ့လစာေငြနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး မက္ဆီဟာ ဘာစီလိုနာမွာ ဆက္ေနဖို႔ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ အဆိုပါျမင့္မားတဲ့လစာေငြကမ္းလွမ္းမႈကို ျငင္းပယ္ၿပီး ဘာစီလိုနာအသင္းမွာ အေျခခံလုပ္ခလစာ (အပိုဆုေၾကးနဲ႔ ပံုရိပ္အသံုးျပဳခမပါ) တစ္ပတ္ေပါင္(၅)သိန္းပတ္ဝန္းက်င္နဲ႔ ၂၀၂၁ ခုႏွစ္ထိ သက္တမ္းတုိးခဲ့တာျဖစ္ပါတယ္။ တ႐ုတ္စူပါလိဂ္အသင္းေတြဟာ မက္ဆီကိုေခၚယူဖို႔ အေလွ်ာ့ေပးဖို႔ မရိွဘဲ မက္ဆီရဲ႕ကစားသမားဘဝေနဝင္ခ်ိန္ကို စူပါလိဂ္မွာျမင္ေတြ႕ႏိုင္ဖို႔ ႀကိဳးစားသြားဖြယ္ရိွေနပါတယ္။ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းေဖာ္ေတြျဖစ္တဲ့ မာေရွယာႏိုနဲ႔ လာဗက္ဇီတို႔ဟာ တ႐ုတ္စူပါလိဂ္ကလပ္ ဟိုင္းေဘးေဖာ္ကၽြန္းအသင္းမွာ ကစားေနၾကသူေတြျဖစ္ပါတယ္။ လာဗက္ဇီဟာ ပီအက္စ္ဂ်ီအသင္းကေန ဟိုင္းေဘးေဖာ္ကၽြန္းအသင္းကို ၂၀၁၆ ခုႏွစ္မွာ ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး မာေရွယာႏိုမွာ ၿပီးခဲ့တဲ့လက ဟိုင္းေဘးေဖာ္ကၽြန္းအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လုပ်ခ တစ်နှစ်ပေါင် (၈၈) သန်းနဲ့ တရုတ်စူပါလိဂ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ မက်ဆီ

ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုမီ တရုတ်စူပါလိဂ်အသင်းတစ်သင်းရဲ့ မြင့်မားတဲ့လစာငွေနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ တရုတ်စူပါလိဂ်အသင်းဖြစ်တဲ့ ဟိုင်းဘေးဖော်ကျွန်းအသင်းဟာ မက်ဆီကို တစ်ပတ်လုပ်ခ ပေါင်(၁.၇)သန်းနဲ့ တစ်နှစ် ပေါင်(၈၈)သန်းထိ မြင့်မားတဲ့လစာငွေနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မက်ဆီဟာ ဘာစီလိုနာမှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အဆိုပါမြင့်မားတဲ့လစာငွေကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဘာစီလိုနာအသင်းမှာ အခြေခံလုပ်ခလစာ (အပိုဆုကြေးနဲ့ ပုံရိပ်အသုံးပြုခမပါ) တစ်ပတ်ပေါင်(၅)သိန်းပတ်ဝန်းကျင်နဲ့ ၂၀၂၁ ခုနှစ်ထိ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ တရုတ်စူပါလိဂ်အသင်းတွေဟာ မက်ဆီကိုခေါ်ယူဖို့ အလျှော့ပေးဖို့ မရှိဘဲ မက်ဆီရဲ့ကစားသမားဘဝနေဝင်ချိန်ကို စူပါလိဂ်မှာမြင်တွေ့နိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော်တွေဖြစ်တဲ့ မာရှေယာနိုနဲ့ လာဗက်ဇီတို့ဟာ တရုတ်စူပါလိဂ်ကလပ် ဟိုင်းဘေးဖော်ကျွန်းအသင်းမှာ ကစားနေကြသူတွေဖြစ်ပါတယ်။ လာဗက်ဇီဟာ ပီအက်စ်ဂျီအသင်းကနေ ဟိုင်းဘေးဖော်ကျွန်းအသင်းကို ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မာရှေယာနိုမှာ ပြီးခဲ့တဲ့လက ဟိုင်းဘေးဖော်ကျွန်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။