[Zawgyi]
















August(Akhayar)

www.akhayar.com


[Unicode]

မက်ဆီ (Messi) ရဲ့ ချန်ပီယံလိဂ်နဲ့ ထူးခြားစံချိန်တွေဟာ ဘာတွေများလဲ

မက်ဆီ(Messi) ဟာ စံချိန်လူသားတစ်ဦးလို့ တင်စားရမယ်။ သူကစားခဲ့ရာပြိုင်ပွဲတိုင်းမှာ စံချိန်မှတ်တမ်းများစွာကို ခင်းကျင်းထားနိုင်သူ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း သူ ပိုင်ဆိုင်ခဲ့ရာစံချိန်မှတ်များစွာဟာ ခမ်းနားစွာတည်ရှိနေတယ်။ မဟာပြိုင်ဘက် စီရော်နယ်လ်ဒို (C.Ronaldo)နဲ့အတူ မျှဝေပိုင်ဆိုင်ထားတဲ့ ချန်ပီယံလိဂ်စံချိန်တွေအပြင် တစ်ဦးတည်းသီးသန့်စံချိန်မှတ်တမ်းတွေလည်း အများအပြားပါပဲ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်အများဆုံးသွင်းယူသူ – (၇)ကြိမ် (စီရော်နယ်လ်ဒိုနဲ့ ပူးတွဲ)

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းသူ – (၆၀) ဂိုး (စီရော်နယ်လ်ဒိုနဲ့ ပူးတွဲ)

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဂိုးအများဆုံးသွင်းသူ – (၂၁) ဂိုး

Ballon d’Or ဆုကိုအကြိမ်အများဆုံးရရှိသူ – (၅) ကြိမ် (စီရော်နယ်လ်ဒိုနဲ့ ပူးတွဲ)

လာလီဂါသွင်းဂိုးအများဆုံး – (၃၆၉) ဂိုး

Ballon d' Or ဆုနဲ့အတူတွေ့ရသူ မက်ဆီ (Messi)

Ballon d’ Or ဆုနဲ့အတူတွေ့ရသူ မက်ဆီ (Messi)

တစ်ရာသီအတွင်း လာလီဂါသွင်းဂိုးအများဆုံး – (၅၀) ဂိုး၊ (၂၀၁၁-၁၂ဘောလုံးရာသီ)

ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းသူ – (၇၉) ဂိုး၊ (၂၀၁၂ ခုနှစ်)

ဥရောပရွှေဖိနပ်ဆုအကြိမ်အများဆုံး – (၄) ကြိမ်၊ (စီရော်နယ်လ်ဒိုနဲ့ ပူးတွဲ)

ကလပ်အသင်းကစားသမားဘဝဆုဖလားအများဆုံးရရှိသူ – (၃၀)

အာဂျင်တီးနားအသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူ – (၆၁) ဂိုး

ကမ္ဘာ့ဖလား၌ အာဂျင်တီးနားအတွက် အသက်အငယ်ဆုံးဂိုးသွင်းသူ – (၁၈)နှစ်၊ (၃၅၇)ရက်

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။