[Zawgyi]

ခ်န္ပီယံလိဂ္ပြဲစဥ္(၅)ရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရိွခဲ႔တဲ႔ မက္ဆီ Messi

စံခ်ိန္မွတ္တမ္းေတြနဲ႔ တစ္ဦးခ်င္းထူးခၽြန္ဆုေတြကို အၿမဲလိုလို ရယူေနတဲ႔ ဘာစီလိုနာအသင္းေခါင္းေဆာင္ တိုက္စစ္မွဴး မက္ဆီ ဟာ လက္ရိွမွာလည္း ေနာက္ထပ္တစ္ဦးခ်င္း ထူးခၽြန္ဆုတစ္ခု ထပ္ရရိွခဲ႔ပါတယ္။ ဒါကေတာ႔ ခ်န္ပီယံလိဂ္ပြဲစဥ္(၅)ရဲ႕ အေကာင္းဆံုးကစားသမားဆုပါပဲ။ ခ်န္ပီယံလိဂ္ပြဲစဥ္(၅)မွာေတာ႔ ဘာစီလိုနာအသင္းဟာ PSV အသင္းကို အေ၀းကြင္းမွာ ( ၁ – ၂ )နဲ႔ အႏိုင္ရရိွခဲ႔ျပီး အဲ႔ဒီပြဲမွာ မက္ဆီ ဟာ အသင္းကိုအေကာင္းဆံုးဦးေဆာင္ကစားခဲ႔သလို (၁)ဂိုးသြင္း ၊ (၁)ဂိုးဖန္တီးေပးႏိုင္ခဲ႔တာေၾကာင္႔ ဒီဆုကိုရရိွခဲ႔တာပဲျဖစ္ပါတယ္။

Messi

Messi

ထူးျခားခ်က္တစ္ခုကေတာ႔ မက္ဆီ ဟာ ဒီႏွစ္ေဘာလံုးရာသီမွာ ဘာစီလိုနာအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္(၃)ပြဲကစားခဲ႔ျပီး (၃)ပြဲလံုးမွာ ျပိဳင္ပြဲရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရိွခဲ႔တာပဲျဖစ္ပါတယ္။ ဘာစီလိုနာ က PSV ကို ( ၄ – ၀ )နဲ႔ႏိုင္တဲ႔ပြဲမွာ မက္ဆီ ဟာ ဟက္ထရစ္သြင္းယူႏိုင္ခဲ႔ျပီး ခ်န္ပီယံလိဂ္ပြဲစဥ္(၁)ရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရိွခဲ႔သလို ၊ စပါး ( ၂ – ၄ ) ဘာစီလိုနာပြဲမွာလည္း အသင္းအတြက္ (၂)ဂိုးသြင္းယူေပးခဲ႔ျပီး ခ်န္ပီယံလိဂ္ပြဲစဥ္(၂)ရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရိွခဲ႔ပါတယ္။

Lionel-Messi-has-won-the-player-of-the-week-for-the-third-time-this-season-Champions-League

Lionel-Messi-has-won-the-player-of-the-week-for-the-third-time-this-season-Champions-League

မက္ဆီ ဟာ ဒီႏွစ္ေဘာလံုးရာသီမွာ အသင္းအတြက္ ခ်န္ပီယံလိဂ္ပြဲ(၃)ပြဲကစားအျပီးမွာ (၆)ဂိုးထိသြင္းယူထားပါတယ္။ PSV အသင္းကို ဘာစီလိုနာအသင္းက ( ၁ – ၂ )နဲ႔ႏိုင္တဲ႔ပြဲမွာ သြင္းယူခဲ႔တဲ႔ ဂိုးေၾကာင္႔ မက္ဆီ ဟာ ကလပ္အသင္းတစ္သင္းတည္းအတြက္ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ (၁၀၆)ဂုိးနဲ႔ စံခ်ိန္သစ္လည္းတင္ႏုိင္ခဲ့ပါတယ္။

Ref: Pulse Nigeria
Photo: KeNoticias.com , Twitter , CWNoticias , Houston Chronicle
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ပွဲစဉ်(၅)ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ မက်ဆီ Messi

စံချိန်မှတ်တမ်းတွေနဲ့ တစ်ဦးချင်းထူးချွန်ဆုတွေကို အမြဲလိုလို ရယူနေတဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ ဟာ လက်ရှိမှာလည်း နောက်ထပ်တစ်ဦးချင်း ထူးချွန်ဆုတစ်ခု ထပ်ရရှိခဲ့ပါတယ်။ ဒါကတော့ ချန်ပီယံလိဂ်ပွဲစဉ်(၅)ရဲ့ အကောင်းဆုံးကစားသမားဆုပါပဲ။ ချန်ပီယံလိဂ်ပွဲစဉ်(၅)မှာတော့ ဘာစီလိုနာအသင်းဟာ PSV အသင်းကို အဝေးကွင်းမှာ ( ၁ – ၂ )နဲ့ အနိုင်ရရှိခဲ့ပြီး အဲ့ဒီပွဲမှာ မက်ဆီ ဟာ အသင်းကိုအကောင်းဆုံးဦးဆောင်ကစားခဲ့သလို (၁)ဂိုးသွင်း ၊ (၁)ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် ဒီဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

Messi

Messi

ထူးခြားချက်တစ်ခုကတော့ မက်ဆီ ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်(၃)ပွဲကစားခဲ့ပြီး (၃)ပွဲလုံးမှာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာ က PSV ကို ( ၄ – ၀ )နဲ့နိုင်တဲ့ပွဲမှာ မက်ဆီ ဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်(၁)ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို ၊ စပါး ( ၂ – ၄ ) ဘာစီလိုနာပွဲမှာလည်း အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်(၂)ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

Lionel-Messi-has-won-the-player-of-the-week-for-the-third-time-this-season-Champions-League

Lionel-Messi-has-won-the-player-of-the-week-for-the-third-time-this-season-Champions-League

မက်ဆီ ဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ချန်ပီယံလိဂ်ပွဲ(၃)ပွဲကစားအပြီးမှာ (၆)ဂိုးထိသွင်းယူထားပါတယ်။ PSV အသင်းကို ဘာစီလိုနာအသင်းက ( ၁ – ၂ )နဲ့နိုင်တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် မက်ဆီ ဟာ ကလပ်အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် (၁၀၆)ဂိုးနဲ့ စံချိန်သစ်လည်းတင်နိုင်ခဲ့ပါတယ်။

Ref: Pulse Nigeria
Photo: KeNoticias.com , Twitter , CWNoticias , Houston Chronicle
Ko Kyue(Akhayar)
www.akhayar.com