[Zawgyi]

စံခ်ိန္မွတ္တမ္းေတြဆုိတာက မက္ဆီ Messi အတြက္ သတ္မွတ္ေပးထားတာလား

ဘာစီလုိနာအသင္းရဲ႕ အာဂ်င္တီးနား နာမည္ေက်ာ္တိုက္စစ္မွဴး မက္ဆီ Messi ရဲ႕ တစ္ဦးခ်င္း စံခ်ိန္မွတ္တမ္းေတြက မရပ္တန္႔ေတာ့ဘူးလား။ သူ႔ရဲ႕ Individual Records နဲ႔ Awards ေတြကုိ ခ်ေရးရင္ ေဆာင္းပါးရွည္ တစ္ပုဒ္ေတာင္ ျဖစ္သြားလိမ့္မယ္။ စံခ်ိန္ေတြ တစ္ခုၿပီးတစ္ခု ရယူေနတာေတာင္ မက္ဆီအတြက္ စံခ်ိန္မွတ္တမ္းေတြက အခုထိ မဆုံးေသးဘူး။ ၿပီးခဲ့တဲ့စေနေန႔က အလာဗတ္စ္ကုိ (၃)ဂုိးျပတ္ႏုိင္တဲ့ လာလီဂါရာသီသစ္ အဖြင့္ပဲြမွာ မက္ဆီဟာ ဘာစီလုိနာအတြက္ (၂)ဂုိးသြင္းယူခဲ့ၿပီး သမုိင္း၀င္မယ့္ စံခ်ိန္မွတ္တမ္းေတြ ရယူႏုိင္ခဲ့တယ္။

Argentina-star-sent-a-free-kick-under-the-wall-and-into-the-net-to-break-the-deadlock

Argentina-star-sent-a-free-kick-under-the-wall-and-into-the-net-to-break-the-deadlock

မက္ဆီဟာ (၆၄)မိနစ္မွာ ထုံးစံအတိုင္း Tricky Free kick ျဖစ္တဲ့ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ ေျခေထာက္ေအာက္ကေန ကန္သြင္းခဲ့ၿပီး အဲဒီဂုိးဟာ ဘာစီလုိနာအသင္းသမုိင္းတစ္ေလွ်ာက္ လာလီဂါဂုိး(၆၀၀၀)ျပည့္အျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ အရင္ လာလီဂါ ဂုိး(၅၀၀၀)ျပည့္တုန္းကလည္း မက္ဆီပဲ သြင္းခဲ့တာပါ။ ေနာက္ထပ္ ထူးျခားတာက ဘာစီလုိနာအသင္း လာလီဂါသြင္းဂုိး(၆၀၀၀)မွာ မက္ဆီ တစ္ဦးတည္းက (၃၈၄)ဂုိးအထိ သြင္းခဲ့တာေၾကာင့္ သြင္းဂုိးအားလုံးရဲ႕(၆.၄)ရာခုိင္ႏႈန္းကုိ သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ မက္ဆီရဲ႕ စံခ်ိန္က ဒီတစ္ခုတည္း မဟုတ္ပါဘူး။ လာလီဂါ သမုိင္းတစ္ေလွ်ာက္ (၁၅)ရာသီဆက္ ဂုိးသြင္းခဲ့တ့ဲ ပထမဆုံး ကစားသမားအျဖစ္လည္း စံခ်ိန္စုိက္ထူႏုိင္ခဲ့ပါေသးတယ္။ ၂၀၀၄-၀၅ ရာသီကတည္းက ဘာစီလုိနာ စီနီယာအသင္းအတြက္ ပဲြထြက္ခြင့္ရခဲ့တဲ့ မက္ဆီဟာ အဲဒီအခ်ိန္ကတည္းက စလုိ႔ လာလီဂါမွာ ေတာက္ေလွ်ာက္ ဂုိးသြင္းခဲ့ၿပီး ၂၀၁၁-၁၂ ရာသီတုန္းကဆုိရင္ ကစားသမားဘ၀တစ္ေလွ်ာက္ အျမင့္ဆုံးအျဖစ္ တစ္ရာသီထဲမွာ ဂုိး(၅၀)အထိ သြင္းယူခဲ့တယ္။

Messi

Messi

ဒီရာသီ လာလီဂါမွာ အဓိက ၿပိဳင္ဘက္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မရွိေတာ့လုိ႔ မက္ဆီအတြက္ ၿပိဳင္ဘက္ကင္းသြားၿပီလုိ႔ မီဒီယာေတြက သုံးသပ္ေနၾကေပမယ့္ မက္ဆီလုိ Gifted Player တစ္ဦးဆုိတာက စိန္ေခၚမႈေတြနဲ႔ ရင္ဆုိင္ရဖုိ႔၊ ၿပိဳင္ဘက္ေကာင္းနဲ႔ ယွဥ္ၿပိဳင္ခြင့္ရဖုိ႔ အၿမဲေမွ်ာ္လင့္ေနသူပါပဲ။ ဒီရာသီမွာလည္း မက္ဆီ ေနာက္ထပ္ ဘယ္လုိစံခ်ိန္မွတ္တမ္းေကာင္းေတြ ဆက္ၿပီးရယူသြားမလဲဆုိတာ . . .

ဘာစီလုိနာအသင္းအတြက္ လာလီဂါသမုိင္းတစ္ေလွ်ာက္ မွတ္တမ္း၀င္သြင္းဂုိးပုိင္ရွင္မ်ား
1 – Manuel Parera 1929
1000 – Marcos Aurelio 1950
2000 – Pedro Tomás Zaballa 1964
3000 – Quini 1982
4000 – Guillermo Amor 1996
5000 – Lionel Messi 2009
6000 – LIONEL MESSI 2018

REF:AS
Photo:Getty Images,Twitter,SPORTbible
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စံချိန်မှတ်တမ်းတွေဆိုတာက မက်ဆီ Messi အတွက် သတ်မှတ်ပေးထားတာလား

ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနား နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Messi ရဲ့ တစ်ဦးချင်း စံချိန်မှတ်တမ်းတွေက မရပ်တန့်တော့ဘူးလား။ သူ့ရဲ့ Individual Records နဲ့ Awards တွေကို ချရေးရင် ဆောင်းပါးရှည် တစ်ပုဒ်တောင် ဖြစ်သွားလိမ့်မယ်။ စံချိန်တွေ တစ်ခုပြီးတစ်ခု ရယူနေတာတောင် မက်ဆီအတွက် စံချိန်မှတ်တမ်းတွေက အခုထိ မဆုံးသေးဘူး။ ပြီးခဲ့တဲ့စနေနေ့က အလာဗတ်စ်ကို (၃)ဂိုးပြတ်နိုင်တဲ့ လာလီဂါရာသီသစ် အဖွင့်ပွဲမှာ မက်ဆီဟာ ဘာစီလိုနာအတွက် (၂)ဂိုးသွင်းယူခဲ့ပြီး သမိုင်းဝင်မယ့် စံချိန်မှတ်တမ်းတွေ ရယူနိုင်ခဲ့တယ်။

Argentina-star-sent-a-free-kick-under-the-wall-and-into-the-net-to-break-the-deadlock

Argentina-star-sent-a-free-kick-under-the-wall-and-into-the-net-to-break-the-deadlock

မက်ဆီဟာ (၆၄)မိနစ်မှာ ထုံးစံအတိုင်း Tricky Free kick ဖြစ်တဲ့ ပြိုင်ဘက်ကစားသမားတွေရဲ့ ခြေထောက်အောက်ကနေ ကန်သွင်းခဲ့ပြီး အဲဒီဂိုးဟာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် လာလီဂါဂိုး(၆၀၀၀)ပြည့်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အရင် လာလီဂါ ဂိုး(၅၀၀၀)ပြည့်တုန်းကလည်း မက်ဆီပဲ သွင်းခဲ့တာပါ။ နောက်ထပ် ထူးခြားတာက ဘာစီလိုနာအသင်း လာလီဂါသွင်းဂိုး(၆၀၀၀)မှာ မက်ဆီ တစ်ဦးတည်းက (၃၈၄)ဂိုးအထိ သွင်းခဲ့တာကြောင့် သွင်းဂိုးအားလုံးရဲ့(၆.၄)ရာခိုင်နှုန်းကို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီရဲ့ စံချိန်က ဒီတစ်ခုတည်း မဟုတ်ပါဘူး။ လာလီဂါ သမိုင်းတစ်လျှောက် (၁၅)ရာသီဆက် ဂိုးသွင်းခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း စံချိန်စိုက်ထူနိုင်ခဲ့ပါသေးတယ်။ ၂၀၀၄-၀၅ ရာသီကတည်းက ဘာစီလိုနာ စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ အဲဒီအချိန်ကတည်းက စလို့ လာလီဂါမှာ တောက်လျှောက် ဂိုးသွင်းခဲ့ပြီး ၂၀၁၁-၁၂ ရာသီတုန်းကဆိုရင် ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးအဖြစ် တစ်ရာသီထဲမှာ ဂိုး(၅၀)အထိ သွင်းယူခဲ့တယ်။

Messi

Messi

ဒီရာသီ လာလီဂါမှာ အဓိက ပြိုင်ဘက် စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့လို့ မက်ဆီအတွက် ပြိုင်ဘက်ကင်းသွားပြီလို့ မီဒီယာတွေက သုံးသပ်နေကြပေမယ့် မက်ဆီလို Gifted Player တစ်ဦးဆိုတာက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့၊ ပြိုင်ဘက်ကောင်းနဲ့ ယှဉ်ပြိုင်ခွင့်ရဖို့ အမြဲမျှော်လင့်နေသူပါပဲ။ ဒီရာသီမှာလည်း မက်ဆီ နောက်ထပ် ဘယ်လိုစံချိန်မှတ်တမ်းကောင်းတွေ ဆက်ပြီးရယူသွားမလဲဆိုတာ . . .

ဘာစီလိုနာအသင်းအတွက် လာလီဂါသမိုင်းတစ်လျှောက် မှတ်တမ်းဝင်သွင်းဂိုးပိုင်ရှင်များ
1 – Manuel Parera 1929
1000 – Marcos Aurelio 1950
2000 – Pedro Tomás Zaballa 1964
3000 – Quini 1982
4000 – Guillermo Amor 1996
5000 – Lionel Messi 2009
6000 – LIONEL MESSI 2018

REF:AS
Photo:Getty Images,Twitter,SPORTbible
Naing Linn(Akhayar)
www.akhayar.com