[Zawgyi]

Cristiano Ronaldo နဲ႔ Messi တို႔ရဲ႕ အားၿပိဳင္ပဲြကုိ စီးရီးေအမွာ ဆက္ၿပီး ျမင္ေတြ႕ရမလား

မၾကာေသးခင္က စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္ Juventus အသင္းကုိ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ေျပာင္းေရႊ႕ခဲ့ၿပီးတဲ့ေနာက္ အခု သူ႔ရဲ႕အဓိက ၿပိဳင္ဘက္ မက္ဆီ Messi ကလည္း စီေရာ္နယ္လ္ဒုိ ေျခရာကုိ လုိက္ဖုိ႔ ျပင္ဆင္ေနပါၿပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ စီးရီးေအနာမည္ေက်ာ္ အင္တာမီလန္ Inter Milan အသငး္က မက္ဆီကုိ ေခၚဖုိ႔ ခ်ိတ္ဆက္ေနတယ္ဆုိၿပီး အီတလီမီဒီယာေတြက ေဖာ္ျပေနၾကလုိ႔ပါပဲ။ တစ္ခ်ိန္က စီးရီးေအမွာ ထိပ္တန္းအသင္းတစ္သင္းျဖစ္ခဲ့တဲ့ အင္တာမီလန္အသင္းဟာ ၂၀၁၀ ခုႏွစ္ေနာက္ပုိင္း ေအာင္ျမင္မႈနဲ႔ေ၀းကြာခဲ့ၿပီး အသင္းပုံရိပ္ကလည္း တျဖည္းျဖည္းက်ဆင္းလာခဲ့တယ္။ အခုေနာက္ပုိင္းႏွစ္ေတြမွာ အသငး္ပုိင္ရွင္အေျပာင္းအလဲေတြနဲ႔ ျပႆနာေပါင္းစုံျဖစ္ပြားခဲ့တဲ့ အင္တာမီလန္အသင္း ဥေရာပေဘာလုံးေလာကမွာ တစ္ေက်ာ႔ျပန္ ဦးေမာ့လာဖုိ႔ ျပင္ဆင္ေနတာျဖစ္ၿပီး လာမယ့္ရာသီက်ရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြ၀င္ခြင့္ရထားတာေၾကာင့္လည္း ကစားသမားသစ္ေတြကုိ အားျဖည့္ဖုိ႔ စီစဥ္ေနၿပီျဖစ္ပါတယ္။

Cristiano-Ronaldo-Presentation1

Cristiano-Ronaldo-Presentation1

ဂ်ဴဗင္တပ္စ္အသင္းက ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိကုိ ယူ႐ုိသန္း(၁၀၀)နဲ႔ ေခၚယူၿပီးခ်ိန္မွာ အင္တာမီလန္အသင္းကလည္း အားက်မခံ စီေရာ္နယ္လ္ဒုိရဲ႕ၿပိဳင္ဘက္ မက္ဆီကုိ ကမ္းလွမ္းဖုိ႔ ပစ္မွတ္ထားေနတာပါ။ ဒါေပမဲ့ မက္ဆီနဲ႔ဘာစီလုိနာတို႔ ခ်ဳပ္ဆုိထားတဲ့စာခ်ဳပ္အရ ေလ်ာ္ေၾကးအျဖစ္ ေပါင္(၆၂၆)သန္းအထိ ေပးေခ်ရမွာျဖစ္တာေၾကာင့္ အဲဒီပမာဏအထိ အင္တာမီလန္အသင္း အကုန္အက်ခံႏုိင္ပါ့မလားဆုိတာ စဥ္းစားစရာပါပဲ။

Cristiano-Ronaldo-and-Messi1

Cristiano-Ronaldo-and-Messi1

အင္တာမီလန္အသင္းရဲ႕ အဓိက စပြန္ဆာကုမၸဏီျဖစ္တဲ့ Pirelli ရဲ႕ CEO ျဖစ္သူ Provera က “တကယ္လုိ႔ UEFA က ခ်မွတ္ထားတဲ့ ဘ႑ာေရးမွ်ေျခစည္းမ်ဥ္း(Financial Fair Play)နဲ႔ ကုိက္ညီတယ္ဆုိရင္ ဆန္နန္းကုမၸဏီ(အင္တာမီလန္အသင္းကုိ ပုိင္ဆုိင္သည့္တ႐ုတ္ကုမၸဏီ)ဟာ နာမည္ႀကီးကစားသမားတစ္ဦးကုိ ေငြေၾကးအေျမာက္အျမားသုံးစဲြၿပီး ေခၚယူႏုိင္စြမ္းရွိပါတယ္။ မက္ဆီကုိ ေခၚဖုိ႔လား။ မက္ဆီလုိကစားသမားမ်ိဳးကုိ ဘယ္သူက မေခၚခ်င္ဘဲေနမွာလဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ကဲ .. ပရိသတ္ႀကီးေရ၊ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီတို႔ရဲ႕ အားၿပိဳင္မႈကုိေတာ့ လာလီဂါမွာ ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ၊ စီးရီးေအၿပိဳင္ပဲြမွာလည္း ဒီႏွစ္ေယာက္ရဲ႕ Battle ကုိ ဆက္ၿပီးေတြ႕ရမလားဆုိတာကေတာ့ . . .

REF:The Sun
Photo:The Sun,Juventus.com,SOCCERINFOMANIA
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo နဲ့ Messi တို့ရဲ့ အားပြိုင်ပွဲကို စီးရီးအေမှာ ဆက်ပြီး မြင်တွေ့ရမလား

မကြာသေးခင်က စီးရီးအေထိပ်သီး ဂျူဗင်တပ်စ် Juventus အသင်းကို စီရော်နယ်လ်ဒို Cristiano Ronaldo ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် အခု သူ့ရဲ့အဓိက ပြိုင်ဘက် မက်ဆီ Messi ကလည်း စီရော်နယ်လ်ဒို ခြေရာကို လိုက်ဖို့ ပြင်ဆင်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ စီးရီးအေနာမည်ကျော် အင်တာမီလန် Inter Milan အသင်းက မက်ဆီကို ခေါ်ဖို့ ချိတ်ဆက်နေတယ်ဆိုပြီး အီတလီမီဒီယာတွေက ဖော်ပြနေကြလို့ပါပဲ။ တစ်ချိန်က စီးရီးအေမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အောင်မြင်မှုနဲ့ဝေးကွာခဲ့ပြီး အသင်းပုံရိပ်ကလည်း တဖြည်းဖြည်းကျဆင်းလာခဲ့တယ်။ အခုနောက်ပိုင်းနှစ်တွေမှာ အသင်းပိုင်ရှင်အပြောင်းအလဲတွေနဲ့ ပြဿနာပေါင်းစုံဖြစ်ပွားခဲ့တဲ့ အင်တာမီလန်အသင်း ဥရောပဘောလုံးလောကမှာ တစ်ကျော့ပြန် ဦးမော့လာဖို့ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်ရာသီကျရင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရထားတာကြောင့်လည်း ကစားသမားသစ်တွေကို အားဖြည့်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Cristiano-Ronaldo-Presentation1

Cristiano-Ronaldo-Presentation1

ဂျူဗင်တပ်စ်အသင်းက ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူပြီးချိန်မှာ အင်တာမီလန်အသင်းကလည်း အားကျမခံ စီရော်နယ်လ်ဒိုရဲ့ပြိုင်ဘက် မက်ဆီကို ကမ်းလှမ်းဖို့ ပစ်မှတ်ထားနေတာပါ။ ဒါပေမဲ့ မက်ဆီနဲ့ဘာစီလိုနာတို့ ချုပ်ဆိုထားတဲ့စာချုပ်အရ လျော်ကြေးအဖြစ် ပေါင်(၆၂၆)သန်းအထိ ပေးချေရမှာဖြစ်တာကြောင့် အဲဒီပမာဏအထိ အင်တာမီလန်အသင်း အကုန်အကျခံနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။

Cristiano-Ronaldo-and-Messi1

Cristiano-Ronaldo-and-Messi1

အင်တာမီလန်အသင်းရဲ့ အဓိက စပွန်ဆာကုမ္ပဏီဖြစ်တဲ့ Pirelli ရဲ့ CEO ဖြစ်သူ Provera က “တကယ်လို့ UEFA က ချမှတ်ထားတဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း(Financial Fair Play)နဲ့ ကိုက်ညီတယ်ဆိုရင် ဆန်နန်းကုမ္ပဏီ(အင်တာမီလန်အသင်းကို ပိုင်ဆိုင်သည့်တရုတ်ကုမ္ပဏီ)ဟာ နာမည်ကြီးကစားသမားတစ်ဦးကို ငွေကြေးအမြောက်အမြားသုံးစွဲပြီး ခေါ်ယူနိုင်စွမ်းရှိပါတယ်။ မက်ဆီကို ခေါ်ဖို့လား။ မက်ဆီလိုကစားသမားမျိုးကို ဘယ်သူက မခေါ်ချင်ဘဲနေမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။ ကဲ .. ပရိသတ်ကြီးရေ၊ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ အားပြိုင်မှုကိုတော့ လာလီဂါမှာ မြင်တွေ့ခဲ့ရပြီးပါပြီ၊ စီးရီးအေပြိုင်ပွဲမှာလည်း ဒီနှစ်ယောက်ရဲ့ Battle ကို ဆက်ပြီးတွေ့ရမလားဆိုတာကတော့ . . .

REF:The Sun
Photo:The Sun,Juventus.com,SOCCERINFOMANIA
Naing Linn(Akhayar)
www.akhayar.com