၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းရဲ့လူစာရင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာတော့ ဥရောပအခြေစိုက်နဲ့ ပြည်တွင်းအခြေစိုက် ကစားသမားတွေ ပါဝင်လာတာကို တွေ့ရပြီး အသင်းရဲ့ ဂိုးပေါက်ကို ကာလရှည် တာဝန်ယူခဲ့တဲ့ ရိုမဲရိုး Romero နဲ့ တိုက်စစ်မှူး အီကာဒီ Icardi တို့ကတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲကိုတော့ ဘရာဇီးလ်အသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး လာမယ့် ဇွန်လ(၁၄)ရက်ကနေ ဇူလိုင်(၇)ရက်နေ့ အထိ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကတော့ ပြိုင်ပွဲရဲ့ အုပ်စု(ခ)မှာ ပါဝင်နေပြီး အဖွင့်ပွဲစဉ်မှာ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ကိုပါအမေရိကဖလားကို အာဂျင်တီးနားအသင်းဟာ (၁၄)ကြိမ်ထိ ရရှိထားပြီး ပြိုင်ပွဲရဲ့ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပေမယ့် ချန်ပီယံဆုကို ၁၉၉၃ ခုနှစ်က နောက်ဆုံးရရှိထားတာကြောင့် ချန်ပီယံဆုဖလားနဲ့ ဝေးကွာနေတာကြာပြီဖြစ်သလို အခုနောက်ပိုင်းနှစ်တွေမှာလည်း ဗိုလ်လုပွဲတွေရောက်မှ ရှုံးနိမ့်နေတာဖြစ်ပါတယ်။ လတ်တလော ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ အာဂျင်တီးနားအသင်းဟာ ကံခေနေတယ်လို့ ပြောရမှာဖြစ်ပြီး မက်ဆီ Messi ဟာလည်း နိုင်ငံအသင်းနဲ့ ဆုဖလားအောင်မြင်မှု တစ်ခုခုရယူဖို့လိုအပ်နေတာကြောင့် အနေအထားတွေက စိတ်ဝင်စားစရာကောင်းနေပါတယ်။ မက်ဆီ အနေနဲ့ အာဂျင်တီးနားအသင်းကို အကောင်းဆုံး ဦးဆောင်ပြီး ဆုဖလားအောင်မြင်မှုရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဝင် လူစာရင်း

Goalkeepers: Franco Armani (River Plate), Agustin Marchesin (Club America), Esteban Andrada (Boca Juniors).

Defenders: Juan Foyth (Tottenham), Nicolas Otamendi (Manchester City), German Pezzella (Fiorentina), Nicolas Tagliafico (Ajax), Ramiro Funes Mori (Villarreal), Renzo Saravia (Racing Club), Marcos Acuna (Sporting Lisbon), Milton Casco (River Plate).

Midfielders: Leandro Paredes (Zenit), Guido Rodriguez (Club America), Giovani Lo Celso (Betis), Exequiel Palacios (River Plate), Roberto Pereyra (Watford), Rodrigo De Paul (Udinese), Angel Di Maria (PSG).

Forward: Lionel Messi (Barcelona), Sergio Aguero (Manchester City), Lautaro Martinez (Inter Milan) Paulo Dybala (Juventus), Matias Suarez (River)

Ref: ESPN , Wikipedia
Photo: Goal.com , FIFA.com , SportAc.net
Ko Kyue(Akhayar)
www.akhayar.com