[Zawgyi]

ကေလးေတြေၾကာင့္ ေန႔လယ္ဘက္ တေရးတေမာအိပ္ခ်ိန္မရသူ မက္ဆီ(Messi)

Face To Face

Face To Face အင္တာဗ်ဴးအစီအစဥ္က႑ကို စတင္လုိက္ပါတယ္။ ပထမဦးဆံုးအေနနဲ႔  ေဘာလံုးေလာကထဲကို ပါရမီႀကီးမားရင့္သန္စြာ ၀င္ေရာက္လာခဲ့ၿပီး Gifted Player လို႔တင္စားရမယ့္ ဘာစီလိုနာနဲ႔ အာဂ်င္တီးနားတုိက္စစ္မွဴး မက္ဆီ (Messi) နဲ႔ Face To Face အစီအစဥ္ကို တင္ဆက္လုိက္ပါတယ္။ ေဘာလံုးအေၾကာင္းသီးသန္႔မဟုတ္ဘဲ မက္ဆီရဲ႕ ျပင္လူေနမႈဘ၀၊ မိသားစုအေပၚ သေဘာထားေတြကို အင္တာဗ်ဴးထဲမွာ ဦးစားေပးေဖာ္ျပထားပါတယ္။

ေမး – ဘာစီလုိနာကို စေရာက္ခါစ (၁၃)ႏွစ္သားေလးရဲ႕ စိတ္အားတက္ၾကြမႈလိုမ်ဳိး အခုအခ်ိန္မွာ ျဖစ္ေနတုန္းပဲလား။

ေျဖ – အခ်ိန္ကာလမ်ားစြာ၊ ျဖစ္ရပ္မ်ားစြာ ျဖတ္သန္းစီးဆင္းခဲ့ေပမယ့္ ကၽြန္ေတာ္ရဲ႕ အိပ္မက္နဲ႔ခံယူခ်က္ေတြဟာ အရင္အတုိင္းမေျပာင္းလဲဘဲ ရွိေနဆဲပဲ။

ေမး – မိသားစုဘ၀က ဘယ္ေလာက္ေျပာင္းလဲေစခဲ့သလဲ။ ကေလးေတြရလာတာဟာ ဇနီးျဖစ္သူ အန္တိုနယ္လာေရာ့ကတ္ဇုိ( Antonella Roccuzzo) နဲ႔ဆက္ဆံေရးကို ပိုၿပီးတည္ၿငိမ္ေအးခ်မ္းေစလား။

ေျဖ – တစ္ဦးေပၚတစ္ဦး ေလးစားစြာဆက္ဆံတဲ့အပုိင္းမွာ အမ်ားႀကီးေျပာင္းလဲသြားတယ္။ အျမင္ေတြ ေျပာင္းလဲလာတယ္။ ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္လံုးမွာ ဖခင္တစ္ေယာက္ျဖစ္လာတဲ့အရာေလာက္ လွပတာမရွိပါဘူး။ အခုအခ်ိန္မွာ ကေလးႏွစ္ဦးပိုင္ဆုိင္ထားၿပီးျဖစ္ေပမယ့္ ေနာက္တစ္ေယာက္ကို ေမွ်ာ္လင့္ေနဆဲပဲ။ ပထမဆံုးရင္ေသြးကို ပိုင္ဆုိင္ရခ်ိန္မွာ ေျပာမျပတတ္ေအာင္ ပီတိျဖစ္ရတယ္။ ဒုတိယတစ္ေယာက္လည္း ဒီလိုခံစားခ်က္မ်ဳိးပဲ။ တတိယတစ္ေယာက္က်ရင္လည္း ဒီလုိပဲျဖစ္ဦးမွာပါ။

ေမး – ကေလးေတြနဲ႔ ေန႔စဥ္ျဖတ္သန္းမႈက ဘယ္လုိမ်ားလဲ။

ေျဖ – သူတို႔ရဲ႕လုပ္ငန္းေဆာင္တာေတြအေပၚမူတည္ၿပီး ပံုမွန္ျဖတ္သန္းေနရတာပဲ။ မနက္ဆို ေက်ာင္းလုိက္ပို႔မယ္။ ေလ့က်င့္ခန္းအစီအစဥ္ၿပီးရင္ သီယာဂို(ပထမသား)ကို ေက်ာင္း၀င္ႀကိဳမယ္။ အိမ္ျပန္ေရာက္ရင္ ညစာစားတဲ့အခ်ိန္အထိ မိသားစုစုံညီစကား၀ုိင္းေလး ဖန္တီးမယ္။ ၿပီးရင္ အိပ္ယာ၀င္မယ္၊ ဒါပါပဲ။ သာမန္မိသားစုတစ္ခုရဲ႕ ျဖတ္သန္းပံုေတြလိုပါပဲ။ သိပ္မထူးျခားပါဘူး။

မက္ဆီတုိ႔ ဇနီးေမာင္ႏွံ

မက္ဆီတုိ႔ ဇနီးေမာင္ႏွံ

ေမး – ကေလးႏွစ္ေယာက္က မက္ဆီနဲ႔ ေဘာလံုးကန္ေလ့ရွိလား။

ေျဖ – သူတို႔နဲ႔အတူ ေဘာလံုးကစားဖို႔ ကၽြန္ေတာ့္ကို မေမးဘူးဗ်၊ တခါတေလ သူတုိ႔ဘာသာသူတုိ႔ကစားေနတတ္တယ္။ မက္တီယို(Mateo)က ငယ္ေသးေတာ့ အိမ္မွာပဲကစားေပါ့ေလ။ သီယာဂို(Thiago)ကေတာ့ ေဘာလံုးသင္တန္းေက်ာင္းတက္ေနပါၿပီ။ ဒါေပမဲ့ ႏွစ္ေယာက္စလံုးက ေဘာလံုးကစားရေအာင္လုိ႔ ကၽြန္ေတာ့္ကို ေမးေလ့မရိွပါဘူး။

ေမး – မက္တီယိုကို ေဘာလံုးပစ္ေပးလုိက္ရင္ ဘယ္လက္နဲ႔ ျပန္ပစ္ေပးတတ္လဲ။

ေျဖ – ညာဘက္ဗ်၊ ႏွစ္ေယာက္စလံုးညာသန္ေတြ(မက္ဆီက ဘယ္သန္ကစားသမားတစ္ဦးျဖစ္ပါတယ္)

ေမး – အိမ္မွာ ေဘာလံုးအေၾကာင္းေတြေရာ ေျပာျဖစ္လား။

ေျဖ – သိပ္မေျပာျဖစ္ပါဘူး။ တခါတေလ ဘာစီလုိနာမွာျဖစ္ျဖစ္၊ အာဂ်င္တီးနားမွာျဖစ္ျဖစ္ အရမ္းအေရးႀကီးတဲ့ကိစၥမ်ဳိးရွိမွသာ ေျပာျဖစ္တယ္။

ေမး – သူ႕အေဖက နာမည္ေက်ာ္ေဘာလံုးသမား မက္ဆီဆိုတာကို ကေလးေတြ သိရဲ႕လား။

ေျဖ – မက္တီယိုကေတာ့ ဘာမွသိပ္မသိေသးဘူး။ တစ္ေယာက္ေယာက္က ကၽြန္ေတာ့္နဲ႔အတူ ဓာတ္ပံု႐ုိက္တာ၊ ကၽြန္ေတာ့္ကို အမွတ္တရလက္မွတ္ထိုးခုိင္းတဲ့အခါမ်ဳိးဆုိ မက္တီယိုက အံ့ၾသေနတတ္တယ္။ သူ နားမလည္ဘူးေလ။ သီယာဂိုကေတာ့ နားလည္လာပါၿပီ။ ဒါေပမဲ့ အမ်ားႀကီးေတာ့မဟုတ္ဘူး။ ေဘာလံုးကြင္း သြားရတာ၊ ေဘာလံုးပြဲၾကည့္ရတာမ်ဳိးကိုေတာ့ သူ ႀကိဳက္လာပါၿပီ။ အိမ္မွာ ေဘာလံုးပြဲၾကည့္တဲ့အခါမ်ဳိးမွာ ကၽြန္ေတာ့္ကိုျမင္တဲ့အခါ ပရိသတ္ေတြအားေပးသလုိမ်ဳိး ‘ မက္ဆီ’ ဆိုၿပီးေအာ္ဟစ္တတ္တယ္။

ေမး – အနာဂတ္မွာ ဘာလုပ္ဖုိ႔စိတ္ကူးထားလဲ။ နည္းျပေလာကထဲ ၀င္မွာလား။

ေျဖ – မသိေသးပါဘူး။ ေဘာလံုးသမားဘ၀က အနားယူၿပီးရင္ ဘာလုပ္ရမလဲဆိုတာကို မိသားစုနဲ႔ ခဏခဏေျပာျဖစ္ေပမယ့္ တိက်တဲ့ဆံုးျဖတ္ခ်က္မရေသးပါဘူး။ နည္းျပလုပ္ဖို႔ေတာ့ စိတ္ကူးထဲမရွိပါဘူး။ နည္းျပလုပ္ရမွာကို အခုအခ်ိန္မွာ ဘယ္လိုမွစိတ္မ၀င္စားေသးေပမယ့္ ေနာင္တစ္ခ်ိန္မွာ ဘာျဖစ္လာမလဲဆိုတာ မေျပာတတ္ေသးဘူးေလ။ အနားယူဖို႔ နီးကပ္လာတဲ့အခ်ိန္မ်ဳိးေရာက္ရင္ေတာ့ အေျဖတစ္ခု တိတိက်က်ထြက္လာပါလိမ့္မယ္။

မက္ဆီနဲ႔ အန္တိုနယ္လာတို႔ မဂၤလာပြဲ

မက္ဆီနဲ႔ အန္တိုနယ္လာတို႔ မဂၤလာပြဲ

ေမး – သဘာ၀အတုိင္းပဲ ခႏၶာကုိယ္ႀကံ့ခုိင္ေအာင္လုပ္တယ္ဆုိတာ တကယ္လား။

ေျဖ – အထူးတလည္ဘာမွမလုပ္ျဖစ္ဘူး။ ႏွစ္ေပါင္းမ်ားစြာ Diet လုပ္လာတယ္။ ေလ့က်င့္ခန္းအစီအစဥ္ၿပီးရင္ ေျခေထာက္ေတြသန္မာေအာင္ လုပ္ပါတယ္။ ကၽြန္ေတာ္က GYM ကစားရတာသိပ္မႀကိဳက္ဘူး။

ေမး – အစားအေသာက္ခ်က္ျပဳတ္ရတာေရာ။

ေျဖ – မရပါဘူး။ ကၽြန္ေတာ္ ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးပါဘူး။ ေစ်းေတာင္မ၀ယ္တတ္ဘူး။

ေမး – ကုိယ္အေလးခ်ိန္ဘယ္လုိထိန္းလဲ။ မက္ဆီရဲ႕ Diet အစီအစဥ္မွာ ႀကိဳက္ရဲ႕သားနဲ႔လံုး၀ေရွာင္တာ ဘာျဖစ္မလဲ။

ေျဖ – ေခ်ာကလက္ေပါ့။ ကၽြန္ေတာ့္အတြက္ အခက္ဆံုးအရာပါပဲ။

ေမး – ေန႔လယ္ခင္းတေရးတေမာေရာ အိပ္ျဖစ္လား။

ေျဖ – မရွိပါဘူးဗ်ာ၊ အမွန္အတုိင္းေျပာရရင္ တေရးအိပ္ခ်ိန္လံုး၀မရိွပါဘူး။ ႏုိင္ငံအသင္းအတြက္ ပြဲကစားတဲ့အခ်ိန္ေတြမွာပဲ တေရးတေမာအိပ္ခ်ိန္ရတာ။ အိမ္မွာေတာ့ ကေလးႏွစ္ေယာက္နဲ႔ တေရးတေမာ အိပ္ခ်ိန္မရွိပါဘူး။

ေမး – ေဘာလံုးပြဲေတြေရာ ၾကည့္ျဖစ္လား။

ေျဖ – ၾကည့္ျဖစ္ပါတယ္။ ကၽြန္ေတာ္က ေဘာလံုးပရိသတ္ႀကီးပါ။

ေမး – ဘယ္လိဂ္ၿပိဳင္ပြဲေတြ ၾကည့္ျဖစ္လဲ။

ေျဖ – အစံုပါပဲ။ လာလီဂါ၊ ပရီးမီးယားလိဂ္နဲ႔ အာဂ်င္တီးနားလိဂ္ေတြ ၾကည့္ျဖစ္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ရဲ႕ အားလပ္ခ်ိန္က်ပ္တည္းမႈက ပြဲၾကည့္ဖို႔အခက္အခဲပါပဲ။

ေမး – မက္ဆီဆိုတဲ့ ဘ၀ဟာ လြယ္ကူလြန္းလား။

ေျဖ – ကၽြန္ေတာ္က မိသားစုဘ၀ကို ပိုင္ဆုိင္ခ်င္ေနတဲ့ သာမန္လူသားတစ္ဦးပါ။ အခ်ိန္တုိင္းေစာင့္ၾကည့္ခံေန ရတဲ့ဘ၀မ်ဳိးကို တခါတေလမလိုခ်င္မိဘူး။

စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီ

စီေရာ္နယ္လ္ဒိုနဲ႔ မက္ဆီ

ေမး – ရီးယဲလ္ရဲ႕ အေျခအေနကိုဘယ္လိုျမင္လဲ။

ေျဖ – သူတုိ႔ ယာယီခက္ခဲက်ပ္တည္းေနတာပါ။ ရီးယဲလ္ဟာ အခက္အခဲေတြကို အေကာင္းဆံုးေျဖရွင္းၿပီး အခ်ိန္တန္ရင္ အေကာင္းဆံုးျပန္လာႏုိင္တဲ့အသင္းမ်ဳိးပါပဲ။ အရာအားလံုးကို တုိက္ပြဲ၀င္ႏုိင္တဲ့ လူစာရင္းမ်ဳိးပိုင္ဆုိင္ထားပါတယ္။

ေမး – ဒီရာသီ Ballon d’ Or ကုိ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒို(C.Ronaldo)လုရဦးမွာလား။

ေျဖ – Ballon d’ Or ကုိေမွ်ာ္လင့္ႏုိင္တဲ့ကစားသမားေတြအမ်ားႀကီးပါပဲ။ ေနမာ( Neymar)၊ ဘာေပ (Mbappe)၊ ဆြာရက္ဇ္( Suarez) တုိ႔ကလည္းေမွ်ာ္လင့္ခြင့္ရွိေနပါတယ္။

ေမး – စီေရာ္နယ္လ္ဒိုက တစ္ေန႔မွာ ခင္ဗ်ားနဲ႔ မိတ္ေဆြျဖစ္လာမယ္လို႔ ေျပာခဲ့ဖူးတယ္၊ အဲဒါျဖစ္လာႏုိင္လား။

ေျဖ – မိတ္ေဆြဆက္ဆံေရးဆုိတာ အခ်ိန္မ်ားစြာအတူတကြျဖတ္သန္းလာၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္သိထားမွသာ ျဖစ္ႏုိင္တယ္လို႔ ထင္ပါတယ္။ ကၽြန္ေတာ္တုိ႔ႏွစ္ဦးၾကားမွာ ဆက္ဆံေရးလုံး၀မရွိပါဘူး။ ဆုေပးပြဲအခမ္းအနားေတြက်မွသာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ေစ့ေစ့ၾကည့္ျဖစ္ၿပီး စကားအနည္းငယ္ေျပာျဖစ္တာပါ။ ကၽြန္ေတာ္တုိ႔ႏွစ္ဦးၾကား ျပႆနာမရွိတာေတာ့ ေသခ်ာပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကလေးတွေကြောင့် နေ့လယ်ဘက် တရေးတမောအိပ်ချိန်မရသူ မက်ဆီ(Messi)

Face To Face

Face To Face အင်တာဗျူးအစီအစဉ်ကဏ္ဍကို စတင်လိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့  ဘောလုံးလောကထဲကို ပါရမီကြီးမားရင့်သန်စွာ ဝင်ရောက်လာခဲ့ပြီး Gifted Player လို့တင်စားရမယ့် ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ (Messi) နဲ့ Face To Face အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဘောလုံးအကြောင်းသီးသန့်မဟုတ်ဘဲ မက်ဆီရဲ့ ပြင်လူနေမှုဘဝ၊ မိသားစုအပေါ် သဘောထားတွေကို အင်တာဗျူးထဲမှာ ဦးစားပေးဖော်ပြထားပါတယ်။

မေး – ဘာစီလိုနာကို စရောက်ခါစ (၁၃)နှစ်သားလေးရဲ့ စိတ်အားတက်ကြွမှုလိုမျိုး အခုအချိန်မှာ ဖြစ်နေတုန်းပဲလား။

ဖြေ – အချိန်ကာလများစွာ၊ ဖြစ်ရပ်များစွာ ဖြတ်သန်းစီးဆင်းခဲ့ပေမယ့် ကျွန်တော်ရဲ့ အိပ်မက်နဲ့ခံယူချက်တွေဟာ အရင်အတိုင်းမပြောင်းလဲဘဲ ရှိနေဆဲပဲ။

မေး – မိသားစုဘဝက ဘယ်လောက်ပြောင်းလဲစေခဲ့သလဲ။ ကလေးတွေရလာတာဟာ ဇနီးဖြစ်သူ အန်တိုနယ်လာရော့ကတ်ဇို( Antonella Roccuzzo) နဲ့ဆက်ဆံရေးကို ပိုပြီးတည်ငြိမ်အေးချမ်းစေလား။

ဖြေ – တစ်ဦးပေါ်တစ်ဦး လေးစားစွာဆက်ဆံတဲ့အပိုင်းမှာ အများကြီးပြောင်းလဲသွားတယ်။ အမြင်တွေ ပြောင်းလဲလာတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဖခင်တစ်ယောက်ဖြစ်လာတဲ့အရာလောက် လှပတာမရှိပါဘူး။ အခုအချိန်မှာ ကလေးနှစ်ဦးပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် နောက်တစ်ယောက်ကို မျှော်လင့်နေဆဲပဲ။ ပထမဆုံးရင်သွေးကို ပိုင်ဆိုင်ရချိန်မှာ ပြောမပြတတ်အောင် ပီတိဖြစ်ရတယ်။ ဒုတိယတစ်ယောက်လည်း ဒီလိုခံစားချက်မျိုးပဲ။ တတိယတစ်ယောက်ကျရင်လည်း ဒီလိုပဲဖြစ်ဦးမှာပါ။

မေး – ကလေးတွေနဲ့ နေ့စဉ်ဖြတ်သန်းမှုက ဘယ်လိုများလဲ။

ဖြေ – သူတို့ရဲ့လုပ်ငန်းဆောင်တာတွေအပေါ်မူတည်ပြီး ပုံမှန်ဖြတ်သန်းနေရတာပဲ။ မနက်ဆို ကျောင်းလိုက်ပို့မယ်။ လေ့ကျင့်ခန်းအစီအစဉ်ပြီးရင် သီယာဂို(ပထမသား)ကို ကျောင်းဝင်ကြိုမယ်။ အိမ်ပြန်ရောက်ရင် ညစာစားတဲ့အချိန်အထိ မိသားစုစုံညီစကားဝိုင်းလေး ဖန်တီးမယ်။ ပြီးရင် အိပ်ယာဝင်မယ်၊ ဒါပါပဲ။ သာမန်မိသားစုတစ်ခုရဲ့ ဖြတ်သန်းပုံတွေလိုပါပဲ။ သိပ်မထူးခြားပါဘူး။

မက်ဆီတို့ ဇနီးမောင်နှံ

မက်ဆီတို့ ဇနီးမောင်နှံ

မေး – ကလေးနှစ်ယောက်က မက်ဆီနဲ့ ဘောလုံးကန်လေ့ရှိလား။

ဖြေ – သူတို့နဲ့အတူ ဘောလုံးကစားဖို့ ကျွန်တော့်ကို မမေးဘူးဗျ၊ တခါတလေ သူတို့ဘာသာသူတို့ကစားနေတတ်တယ်။ မက်တီယို(Mateo)က ငယ်သေးတော့ အိမ်မှာပဲကစားပေါ့လေ။ သီယာဂို(Thiago)ကတော့ ဘောလုံးသင်တန်းကျောင်းတက်နေပါပြီ။ ဒါပေမဲ့ နှစ်ယောက်စလုံးက ဘောလုံးကစားရအောင်လို့ ကျွန်တော့်ကို မေးလေ့မရှိပါဘူး။

မေး – မက်တီယိုကို ဘောလုံးပစ်ပေးလိုက်ရင် ဘယ်လက်နဲ့ ပြန်ပစ်ပေးတတ်လဲ။

ဖြေ – ညာဘက်ဗျ၊ နှစ်ယောက်စလုံးညာသန်တွေ(မက်ဆီက ဘယ်သန်ကစားသမားတစ်ဦးဖြစ်ပါတယ်)

မေး – အိမ်မှာ ဘောလုံးအကြောင်းတွေရော ပြောဖြစ်လား။

ဖြေ – သိပ်မပြောဖြစ်ပါဘူး။ တခါတလေ ဘာစီလိုနာမှာဖြစ်ဖြစ်၊ အာဂျင်တီးနားမှာဖြစ်ဖြစ် အရမ်းအရေးကြီးတဲ့ကိစ္စမျိုးရှိမှသာ ပြောဖြစ်တယ်။

မေး – သူ့အဖေက နာမည်ကျော်ဘောလုံးသမား မက်ဆီဆိုတာကို ကလေးတွေ သိရဲ့လား။

ဖြေ – မက်တီယိုကတော့ ဘာမှသိပ်မသိသေးဘူး။ တစ်ယောက်ယောက်က ကျွန်တော့်နဲ့အတူ ဓာတ်ပုံရိုက်တာ၊ ကျွန်တော့်ကို အမှတ်တရလက်မှတ်ထိုးခိုင်းတဲ့အခါမျိုးဆို မက်တီယိုက အံ့သြနေတတ်တယ်။ သူ နားမလည်ဘူးလေ။ သီယာဂိုကတော့ နားလည်လာပါပြီ။ ဒါပေမဲ့ အများကြီးတော့မဟုတ်ဘူး။ ဘောလုံးကွင်း သွားရတာ၊ ဘောလုံးပွဲကြည့်ရတာမျိုးကိုတော့ သူ ကြိုက်လာပါပြီ။ အိမ်မှာ ဘောလုံးပွဲကြည့်တဲ့အခါမျိုးမှာ ကျွန်တော့်ကိုမြင်တဲ့အခါ ပရိသတ်တွေအားပေးသလိုမျိုး ‘ မက်ဆီ’ ဆိုပြီးအော်ဟစ်တတ်တယ်။

မေး – အနာဂတ်မှာ ဘာလုပ်ဖို့စိတ်ကူးထားလဲ။ နည်းပြလောကထဲ ဝင်မှာလား။

ဖြေ – မသိသေးပါဘူး။ ဘောလုံးသမားဘဝက အနားယူပြီးရင် ဘာလုပ်ရမလဲဆိုတာကို မိသားစုနဲ့ ခဏခဏပြောဖြစ်ပေမယ့် တိကျတဲ့ဆုံးဖြတ်ချက်မရသေးပါဘူး။ နည်းပြလုပ်ဖို့တော့ စိတ်ကူးထဲမရှိပါဘူး။ နည်းပြလုပ်ရမှာကို အခုအချိန်မှာ ဘယ်လိုမှစိတ်မဝင်စားသေးပေမယ့် နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲဆိုတာ မပြောတတ်သေးဘူးလေ။ အနားယူဖို့ နီးကပ်လာတဲ့အချိန်မျိုးရောက်ရင်တော့ အဖြေတစ်ခု တိတိကျကျထွက်လာပါလိမ့်မယ်။

မက်ဆီနဲ့ အန်တိုနယ်လာတို့ မင်္ဂလာပွဲ

မက်ဆီနဲ့ အန်တိုနယ်လာတို့ မင်္ဂလာပွဲ

မေး – သဘာဝအတိုင်းပဲ ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်ဆိုတာ တကယ်လား။

ဖြေ – အထူးတလည်ဘာမှမလုပ်ဖြစ်ဘူး။ နှစ်ပေါင်းများစွာ Diet လုပ်လာတယ်။ လေ့ကျင့်ခန်းအစီအစဉ်ပြီးရင် ခြေထောက်တွေသန်မာအောင် လုပ်ပါတယ်။ ကျွန်တော်က GYM ကစားရတာသိပ်မကြိုက်ဘူး။

မေး – အစားအသောက်ချက်ပြုတ်ရတာရော။

ဖြေ – မရပါဘူး။ ကျွန်တော် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။ ဈေးတောင်မဝယ်တတ်ဘူး။

မေး – ကိုယ်အလေးချိန်ဘယ်လိုထိန်းလဲ။ မက်ဆီရဲ့ Diet အစီအစဉ်မှာ ကြိုက်ရဲ့သားနဲ့လုံးဝရှောင်တာ ဘာဖြစ်မလဲ။

ဖြေ – ချောကလက်ပေါ့။ ကျွန်တော့်အတွက် အခက်ဆုံးအရာပါပဲ။

မေး – နေ့လယ်ခင်းတရေးတမောရော အိပ်ဖြစ်လား။

ဖြေ – မရှိပါဘူးဗျာ၊ အမှန်အတိုင်းပြောရရင် တရေးအိပ်ချိန်လုံးဝမရှိပါဘူး။ နိုင်ငံအသင်းအတွက် ပွဲကစားတဲ့အချိန်တွေမှာပဲ တရေးတမောအိပ်ချိန်ရတာ။ အိမ်မှာတော့ ကလေးနှစ်ယောက်နဲ့ တရေးတမော အိပ်ချိန်မရှိပါဘူး။

မေး – ဘောလုံးပွဲတွေရော ကြည့်ဖြစ်လား။

ဖြေ – ကြည့်ဖြစ်ပါတယ်။ ကျွန်တော်က ဘောလုံးပရိသတ်ကြီးပါ။

မေး – ဘယ်လိဂ်ပြိုင်ပွဲတွေ ကြည့်ဖြစ်လဲ။

ဖြေ – အစုံပါပဲ။ လာလီဂါ၊ ပရီးမီးယားလိဂ်နဲ့ အာဂျင်တီးနားလိဂ်တွေ ကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အားလပ်ချိန်ကျပ်တည်းမှုက ပွဲကြည့်ဖို့အခက်အခဲပါပဲ။

မေး – မက်ဆီဆိုတဲ့ ဘဝဟာ လွယ်ကူလွန်းလား။

ဖြေ – ကျွန်တော်က မိသားစုဘဝကို ပိုင်ဆိုင်ချင်နေတဲ့ သာမန်လူသားတစ်ဦးပါ။ အချိန်တိုင်းစောင့်ကြည့်ခံနေ ရတဲ့ဘဝမျိုးကို တခါတလေမလိုချင်မိဘူး။

စီရော်နယ်လ်ဒိုနဲ့ မက်ဆီ

စီရော်နယ်လ်ဒိုနဲ့ မက်ဆီ

မေး – ရီးယဲလ်ရဲ့ အခြေအနေကိုဘယ်လိုမြင်လဲ။

ဖြေ – သူတို့ ယာယီခက်ခဲကျပ်တည်းနေတာပါ။ ရီးယဲလ်ဟာ အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းပြီး အချိန်တန်ရင် အကောင်းဆုံးပြန်လာနိုင်တဲ့အသင်းမျိုးပါပဲ။ အရာအားလုံးကို တိုက်ပွဲဝင်နိုင်တဲ့ လူစာရင်းမျိုးပိုင်ဆိုင်ထားပါတယ်။

မေး – ဒီရာသီ Ballon d’ Or ကို မက်ဆီနဲ့ စီရော်နယ်လ်ဒို(C.Ronaldo)လုရဦးမှာလား။

ဖြေ – Ballon d’ Or ကိုမျှော်လင့်နိုင်တဲ့ကစားသမားတွေအများကြီးပါပဲ။ နေမာ( Neymar)၊ ဘာပေ (Mbappe)၊ ဆွာရက်ဇ်( Suarez) တို့ကလည်းမျှော်လင့်ခွင့်ရှိနေပါတယ်။

မေး – စီရော်နယ်လ်ဒိုက တစ်နေ့မှာ ခင်ဗျားနဲ့ မိတ်ဆွေဖြစ်လာမယ်လို့ ပြောခဲ့ဖူးတယ်၊ အဲဒါဖြစ်လာနိုင်လား။

ဖြေ – မိတ်ဆွေဆက်ဆံရေးဆိုတာ အချိန်များစွာအတူတကွဖြတ်သန်းလာပြီး တစ်ယောက်အကြောင်းတစ်ယောက်သိထားမှသာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့နှစ်ဦးကြားမှာ ဆက်ဆံရေးလုံးဝမရှိပါဘူး။ ဆုပေးပွဲအခမ်းအနားတွေကျမှသာ တစ်ယောက်မျက်နှာ တစ်ယောက်စေ့စေ့ကြည့်ဖြစ်ပြီး စကားအနည်းငယ်ပြောဖြစ်တာပါ။ ကျွန်တော်တို့နှစ်ဦးကြား ပြဿနာမရှိတာတော့ သေချာပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။