[Zawgyi]

လာလီဂါသမုိင္း၀င္စံခ်ိန္မွတ္တမ္းသစ္တစ္ခုကုိ ပုိင္ဆုိင္ခ့ဲတဲ့ မက္ဆီ Messi

ဘာစီလုိနာအသင္းရဲ႕ အာဂ်င္တီးနားနာမည္ေက်ာ္တိုက္စစ္မွဴး မက္ဆီ Messi ဟာ လာလီဂါသမုိင္း၀င္စံခ်ိန္တစ္ခုကုိ ရယူႏုိင္ခဲ့ျပန္ပါၿပီ။ ဒီပုိ႔တီဗုိအသင္းကုိ (၄-၂)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ လာလီဂါပဲြမွာ မက္ဆီက ဟက္ထရစ္သြင္းယူခဲ့ၿပီး ဒီရာသီ သူ႔ရဲ႕လာလီဂါသြင္းဂုိးက (၃၂)ဂုိးအထိရွိလာခဲ့တယ္။ ဒါေၾကာင့္မက္ဆီဟာ လာလီဂါသမုိင္းတစ္ေလွ်ာက္ (၇)ရာသီတိုင္တိုင္ ဂုိး(၃၀)နဲ႔အထက္သြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားဆုိတဲ့ ဂုဏ္ပုဒ္ကုိ ရယူခဲ့တာျဖစ္ပါတယ္။ ဒီပုိ႔တီဗုိကုိ အႏုိင္ရခဲ့တဲ့အတြက္ ဘာစီလုိနာအသင္းဟာ ဒီရာသီလာလီဂါခ်န္ပီယံအျဖစ္ေအာင္ပဲြခံႏုိင္ခဲ့ၿပီျဖစ္သလုိ မက္ဆီကလည္းသူ႔ရဲ႕ကစားသမားဘ၀မွာ အေရးပါတဲ့ စံခ်ိန္ မွတ္တမ္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့တာပါ။ 

လာလီဂါမွာ မက္ဆီ ပထမဆုံးအႀကိမ္ဂုိး(၃၀)နဲ႔အထက္ သြင္းယူခဲ့တာက၂၀၀၉-၁၀ရာသီမွာျဖစ္ၿပီး အဲဒီေနာက္ (၃)ရာသီ ဆက္တုိက္က္ ဂုိး(၃၀)နဲ႔အထက္သြင္းယူခဲ့တယ္။ ၂၀၁၁-၁၂ ရာသီမွာဆုိရင္သူ႔ရဲ႕လာလီဂါသြင္းဂုိးကဂုိး(၅၀)အထိရွိခဲ့ၿပီး ကစားသမားဘ၀တစ္ေလွ်ာက္ စံခ်ိန္တင္ဂုိးအေရအတြက္လည္းျဖစ္ခဲ့တယ္။ အဲဒီ ေနာက္ပုိင္းလာလီဂါမွာ မက္ဆီ ဂုိး(၃၀) နဲ႔အထက္ သြင္းယူခဲ့ျခင္းမရွိတာဆုိလုိ႔ ၂၀၁၃-၁၄ (၂၈ဂုိး)၊ ၂၀၁၅-၁၆ (၂၆ဂုိး)သာရွိခဲ့ပါ တယ္။ အခုရာသီမွာ မက္ဆီရဲ႕လာလီဂါသြင္းဂုိးက (၃၂)ဂုိးရွိလာၿပီျဖစ္လုိ႔ လာလီဂါသြင္းဂုိးအမ်ားဆုံးဆု(ပီခ်ီခ်ီ)ကုိ ရယူဖုိ႔ အေျခအေနေကာင္းေနၿပီျဖစ္သလုိ ဥေရာပသြင္းဂုိးအမ်ားဆုံး ေရႊဖိနပ္ဆု(ESM)မွာ ဆာလာ Salah ကုိ တစ္ဂုိးအသာနဲ႔ ေက်ာ္ျဖတ္ခဲ့ၿပီးထိပ္ဆုံးေနရာကုိျပန္လည္ရယူခဲ့ၿပီျဖစ္ပါတယ္။ 

၂၀၀၉-၁၀ ရာသီက စၿပီး မက္ဆီရဲ႕ ရာသီအလုိက္သြင္းဂုိးမ်ား

2009–10 La Liga  34
2010–11  La Liga  31
2011–12  La Liga  50
2012–13  La Liga  46
2013–14  La Liga  28
2014–15  La Liga  43
2015–16  La Liga  26
2016–17  La Liga  37
2017–18  La Liga  32

REF:Goal.com
Photo:SOCCERINFOMANIA
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လာလီဂါသမိုင်းဝင်စံချိန်မှတ်တမ်းသစ်တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ မက်ဆီ Messi

ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး မက်ဆီ Messi ဟာ လာလီဂါသမိုင်းဝင်စံချိန်တစ်ခုကို ရယူနိုင်ခဲ့ပြန်ပါပြီ။ ဒီပို့တီဗိုအသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ မက်ဆီက ဟက်ထရစ်သွင်းယူခဲ့ပြီး ဒီရာသီ သူ့ရဲ့လာလီဂါသွင်းဂိုးက (၃၂)ဂိုးအထိရှိလာခဲ့တယ်။ ဒါကြောင့်မက်ဆီဟာ လာလီဂါသမိုင်းတစ်လျှောက် (၇)ရာသီတိုင်တိုင် ဂိုး(၃၀)နဲ့အထက်သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူခဲ့တာဖြစ်ပါတယ်။ ဒီပို့တီဗိုကို အနိုင်ရခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ ဒီရာသီလာလီဂါချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်သလို မက်ဆီကလည်းသူ့ရဲ့ကစားသမားဘဝမှာ အရေးပါတဲ့ စံချိန် မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။ 

လာလီဂါမှာ မက်ဆီ ပထမဆုံးအကြိမ်ဂိုး(၃၀)နဲ့အထက် သွင်းယူခဲ့တာက၂၀၀၉-၁၀ရာသီမှာဖြစ်ပြီး အဲဒီနောက် (၃)ရာသီ ဆက်တိုက်က် ဂိုး(၃၀)နဲ့အထက်သွင်းယူခဲ့တယ်။ ၂၀၁၁-၁၂ ရာသီမှာဆိုရင်သူ့ရဲ့လာလီဂါသွင်းဂိုးကဂိုး(၅၀)အထိရှိခဲ့ပြီး ကစားသမားဘဝတစ်လျှောက် စံချိန်တင်ဂိုးအရေအတွက်လည်းဖြစ်ခဲ့တယ်။ အဲဒီ နောက်ပိုင်းလာလီဂါမှာ မက်ဆီ ဂိုး(၃၀) နဲ့အထက် သွင်းယူခဲ့ခြင်းမရှိတာဆိုလို့ ၂၀၁၃-၁၄ (၂၈ဂိုး)၊ ၂၀၁၅-၁၆ (၂၆ဂိုး)သာရှိခဲ့ပါ တယ်။ အခုရာသီမှာ မက်ဆီရဲ့လာလီဂါသွင်းဂိုးက (၃၂)ဂိုးရှိလာပြီဖြစ်လို့ လာလီဂါသွင်းဂိုးအများဆုံးဆု(ပီချီချီ)ကို ရယူဖို့ အခြေအနေကောင်းနေပြီဖြစ်သလို ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)မှာ ဆာလာ Salah ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့ပြီးထိပ်ဆုံးနေရာကိုပြန်လည်ရယူခဲ့ပြီဖြစ်ပါတယ်။ 

၂၀၀၉-၁၀ ရာသီက စပြီး မက်ဆီရဲ့ ရာသီအလိုက်သွင်းဂိုးများ

2009–10 La Liga  34
2010–11  La Liga  31
2011–12  La Liga  50
2012–13  La Liga  46
2013–14  La Liga  28
2014–15  La Liga  43
2015–16  La Liga  26
2016–17  La Liga  37
2017–18  La Liga  32

REF:Goal.com
Photo:SOCCERINFOMANIA
Naing Linn(Akhayar)
www.akhayar.com