[Zawgyi]

၂၀၂၀ က်ရင္ ဘာစီလုိနာ ကစားသမားဘ၀ကုိ မက္ဆီ Messi အဆုံးသတ္ေတာ့မလား

ဘာစီလုိနာအသင္းဟာ သူတို႔ရဲ႕ အဓိက ကစားသမား မက္ဆီ Messi ကုိ လက္လႊတ္ မဆုံးရေစဖုိ႔ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ျပင္ဆင္ေနပါၿပီ။ ဘာစီလုိနာအသင္းဟာ ၂၀၁၇ ခုႏွစ္တုနး္က မက္ဆီကုိ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး ၂၀၂၁ ခုႏွစ္မွ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္သလုိ အဲဒီအခ်ိန္က်ရင္ မက္ဆီရဲ႕အသက္က (၃၄)ႏွစ္အထိ ရွိေနပါၿပီ။ ဒါေပမဲ့ မက္ဆီနဲ႔ ဘာစီလုိနာတို႔ ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ထဲမွာ သေဘာတူညီမႈတစ္ခု ပါ၀င္ေနလုိ႔ ၂၀၂၀ က်ရင္ မက္ဆီဟာ ဘာစီလုိနာကေန ထြက္ခြါမယ့္ အေနအထားျဖစ္ေနတာပါ။ အဲဒီ သေဘာတူညီမႈက ၂၀၂၀ က်ရင္ မက္ဆီအေနနဲ႔ ထိပ္သီးအသင္းေတြကလဲြၿပီး က်န္တဲ့အသင္းေတြကုိ ေျပာင္းေရႊ႕ခ်င္တယ္ဆုိရင္ ဘာစီလုိနာအသင္းက သေဘာတူညီေပးရမယ့္အခ်က္ပဲျဖစ္ပါတယ္။

Messi-returning-to-hometown-club-Newell’s-Old-Boys

Messi-returning-to-hometown-club-Newell’s-Old-Boys

ဘာစီလုိနာအသင္းဟာ မက္ဆီကုိ ေနာက္ဆုံးစာခ်ဳပ္သက္တမ္းတိုးခဲ့တုန္းက စာခ်ဳပ္ပါေလ်ာ္ေၾကးကုိ ယူ႐ုိသန္း(၇၀၀)အထိ တိုးျမႇင့္ခဲ့သလုိ မက္ဆီကလည္း သူ စိတ္ႀကိဳက္အခ်က္ကုိပါ ထည့္သြင္းခ်ဳပ္ဆုိခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ ၂၀၂၀ က်ရင္ မက္ဆီအေနနဲ႔ သူ႔ရဲ႕အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ အင္နီေယစတာ Iniesta ၊ ဇာဗီ Xavi တို႔လုိ အာရွေျမကုိ ေျခခ်မလား၊ ဒါမွမဟုတ္ ကစားသမားဘ၀ စတင္ရာ အာဂ်င္တီးနားကလပ္ နယူး၀ဲလ္အုိးလ္ဘြိဳင္းအသင္းဆီ ေျပာင္းမလားဆုိတာ စိတ္၀င္စားစရာပါပဲ။ ဘာစီလုိနာအသင္းကေတာ့ မက္ဆီကုိ လက္လႊတ္ခံလုိျခင္း မရွိလုိ႔ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ျပင္ဆင္ေနတာျဖစ္ၿပီး (၁)ႏွစ္ ဒါမွမဟုတ္ (၂)ႏွစ္ သက္တမ္းတိုးသြားမွာျဖစ္ပါတယ္။ တကယ္လုိ႔ မက္ဆီနဲ႔ ဘာစီလုိနာအသင္းတို႔သာ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ရင္ မက္ဆီရဲ႕ ဘာစီလုိနာကစားသမားဘ၀ (၉)ႀကိမ္ေျမာက္ စာခ်ဳပ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆုိတာျဖစ္လာမွာပါ။

REF:AS,Mundo Deportivo
Photo:SPORTbible,golazoargentino
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၂၀ ကျရင် ဘာစီလိုနာ ကစားသမားဘဝကို မက်ဆီ Messi အဆုံးသတ်တော့မလား

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အဓိက ကစားသမား မက်ဆီ Messi ကို လက်လွှတ် မဆုံးရစေဖို့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပါပြီ။ ဘာစီလိုနာအသင်းဟာ ၂၀၁၇ ခုနှစ်တုန်းက မက်ဆီကို စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၁ ခုနှစ်မှ စာချုပ်ကုန်ဆုံးမှာဖြစ်သလို အဲဒီအချိန်ကျရင် မက်ဆီရဲ့အသက်က (၃၄)နှစ်အထိ ရှိနေပါပြီ။ ဒါပေမဲ့ မက်ဆီနဲ့ ဘာစီလိုနာတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ သဘောတူညီမှုတစ်ခု ပါဝင်နေလို့ ၂၀၂၀ ကျရင် မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ခွါမယ့် အနေအထားဖြစ်နေတာပါ။ အဲဒီ သဘောတူညီမှုက ၂၀၂၀ ကျရင် မက်ဆီအနေနဲ့ ထိပ်သီးအသင်းတွေကလွဲပြီး ကျန်တဲ့အသင်းတွေကို ပြောင်းရွှေ့ချင်တယ်ဆိုရင် ဘာစီလိုနာအသင်းက သဘောတူညီပေးရမယ့်အချက်ပဲဖြစ်ပါတယ်။

Messi-returning-to-hometown-club-Newell’s-Old-Boys

Messi-returning-to-hometown-club-Newell’s-Old-Boys

ဘာစီလိုနာအသင်းဟာ မက်ဆီကို နောက်ဆုံးစာချုပ်သက်တမ်းတိုးခဲ့တုန်းက စာချုပ်ပါလျော်ကြေးကို ယူရိုသန်း(၇၀၀)အထိ တိုးမြှင့်ခဲ့သလို မက်ဆီကလည်း သူ စိတ်ကြိုက်အချက်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၀ ကျရင် မက်ဆီအနေနဲ့ သူ့ရဲ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ အင်နီယေစတာ Iniesta ၊ ဇာဗီ Xavi တို့လို အာရှမြေကို ခြေချမလား၊ ဒါမှမဟုတ် ကစားသမားဘ၀ စတင်ရာ အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးလ်ဘွိုင်းအသင်းဆီ ပြောင်းမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဘာစီလိုနာအသင်းကတော့ မက်ဆီကို လက်လွှတ်ခံလိုခြင်း မရှိလို့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတာဖြစ်ပြီး (၁)နှစ် ဒါမှမဟုတ် (၂)နှစ် သက်တမ်းတိုးသွားမှာဖြစ်ပါတယ်။ တကယ်လို့ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့သာ စာချုပ်သစ်ချုပ်ဆိုခဲ့ရင် မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘ၀ (၉)ကြိမ်မြောက် စာချုပ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုတာဖြစ်လာမှာပါ။

REF:AS,Mundo Deportivo
Photo:SPORTbible,golazoargentino
Naing Linn(Akhayar)
www.akhayar.com