[Zawgyi]

ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ Messi တင္ရွိထားတဲ့ စံခ်ိန္မွတ္တမ္းေကာင္းမ်ား

ဘာစီလုိနာအသင္းရဲ႕ အာဂ်င္တီးနား နာမည္ေက်ာ္တိုက္စစ္မွဴး မက္ဆီ Messi ဟာ PSV ကုိ အႏုိင္ရခ့ဲတဲ့ပဲြအၿပီးမွာ ခ်န္ပီယံလိဂ္ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကုိ စုိက္ထူႏုိင္ခဲ့တယ္။ အဲဒါကေတာ့ ကလပ္အသင္းတစ္သင္းတည္းအတြက္ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ (၁၀၆)ဂုိးနဲ႔ စံခ်ိန္သစ္တင္ႏုိင္ခဲ့တာပါ။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ မက္ဆီတင္ရွိခဲ့တဲ့ စံခ်ိန္မွတ္တမ္းေတြကုိ ပရိသတ္ေတြ သိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . .

Messi-goal-against-PSV

Messi-goal-against-PSV

ခ်န္ပီယံလိဂ္မွာ ဟက္ထရစ္အႀကိမ္အမ်ားဆုံးသြင္းသူ
မက္ဆီဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြသမုိင္းမွာ ဟက္ထရစ္အမ်ားဆုံး သြင္းသူအျဖစ္ စံခ်ိန္တင္ထားပါတယ္။ မက္ဆီဟာ စုစုေပါင္း ဟက္ထရစ္ (၈)ႀကိမ္သြင္းထားၿပီး စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ပဲြ(၁၀၀)ကုိ အသက္အငယ္ဆုံး ျပည့္ခဲ့သူ
ခ်န္ပီယံလိဂ္ ပဲြ(၁၀၀)ကုိ အသက္အငယ္ဆုံး ျပည့္သူအျဖစ္ စံခ်ိန္တင္ထားတဲ့ မက္ဆီဟာ ၂၀၁၅ ခုႏွစ္တုန္းက (၂၈)ႏွစ္၊ (၈၄)ရက္နဲ႔ စံခ်ိန္တင္ခဲ့တာပါ။

ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဂုိးအမ်ားဆုံးသြင္းထားသူ
မက္ဆီအတြက္ ေနာက္ထပ္စံခ်ိန္ေကာင္းတစ္ခုက ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ဂုိးအမ်ားဆုံးသြင္းထားသူအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ မက္ဆီဟာ စုစုေပါင္း (၆၆)ဂုိးနဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။

Messi-Champions-League

Messi-Champions-League

မက္ဆီဟာ တျခားမွတ္တမ္းေကာင္းေတြ ရယူခဲ့ေပမယ့္လည္း စံခ်ိန္မဟုတ္ဘဲ တျခားကစားသမားေတြနဲ႔ ပူးတဲြအေနနဲ႔သာ ရပ္တည္ေနလုိ႔ အဲဒါေတြကုိ ထည့္သြင္းမေဖာ္ျပေတာ့ပါဘူး။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္ေပမယ့္လည္း ေျခစြမ္းပုိင္းက က်ရိပ္မျပေသးတဲ့ မက္ဆီ ခ်န္ပီယံလိဂ္မွာ ေနာက္ထပ္ ဘယ္လုိစံခ်ိန္ေတြ ထပ္တင္ဦးမလဲဆုိတာကေတာ့ . . .

REF:Wikipedia
Photo:businessinsider,.foxsportsasia,Goal
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Messi တင်ရှိထားတဲ့ စံချိန်မှတ်တမ်းကောင်းများ

ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနား နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Messi ဟာ PSV ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ချန်ပီယံလိဂ် စံချိန်မှတ်တမ်းကောင်းတစ်ခုကို စိုက်ထူနိုင်ခဲ့တယ်။ အဲဒါကတော့ ကလပ်အသင်းတစ်သင်းတည်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် (၁၀၆)ဂိုးနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။ ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီတင်ရှိခဲ့တဲ့ စံချိန်မှတ်တမ်းတွေကို ပရိသတ်တွေ သိနိုင်အောင် ဖော်ပြလိုက်ပါတယ် . .

Messi-goal-against-PSV

Messi-goal-against-PSV

ချန်ပီယံလိဂ်မှာ ဟက်ထရစ်အကြိမ်အများဆုံးသွင်းသူ
မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ဟက်ထရစ်အများဆုံး သွင်းသူအဖြစ် စံချိန်တင်ထားပါတယ်။ မက်ဆီဟာ စုစုပေါင်း ဟက်ထရစ် (၈)ကြိမ်သွင်းထားပြီး စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲ(၁၀၀)ကို အသက်အငယ်ဆုံး ပြည့်ခဲ့သူ
ချန်ပီယံလိဂ် ပွဲ(၁၀၀)ကို အသက်အငယ်ဆုံး ပြည့်သူအဖြစ် စံချိန်တင်ထားတဲ့ မက်ဆီဟာ ၂၀၁၅ ခုနှစ်တုန်းက (၂၈)နှစ်၊ (၈၄)ရက်နဲ့ စံချိန်တင်ခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းထားသူ
မက်ဆီအတွက် နောက်ထပ်စံချိန်ကောင်းတစ်ခုက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းထားသူအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ မက်ဆီဟာ စုစုပေါင်း (၆၆)ဂိုးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Messi-Champions-League

Messi-Champions-League

မက်ဆီဟာ တခြားမှတ်တမ်းကောင်းတွေ ရယူခဲ့ပေမယ့်လည်း စံချိန်မဟုတ်ဘဲ တခြားကစားသမားတွေနဲ့ ပူးတွဲအနေနဲ့သာ ရပ်တည်နေလို့ အဲဒါတွေကို ထည့်သွင်းမဖော်ပြတော့ပါဘူး။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်းက ကျရိပ်မပြသေးတဲ့ မက်ဆီ ချန်ပီယံလိဂ်မှာ နောက်ထပ် ဘယ်လိုစံချိန်တွေ ထပ်တင်ဦးမလဲဆိုတာကတော့ . . .

REF:Wikipedia
Photo:businessinsider,.foxsportsasia,Goal
Naing Linn(Akhayar)
www.akhayar.com