[Zawgyi]

ဂတ္မူလာ Gerd Müller ရဲ႕ ဥေရာပဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ႔တဲ႔ မက္ဆီ Messi

ဘာစီလိုနာအသင္းေခါင္းေဆာင္ တုိက္စစ္မွဴး မက္ဆီ Messi ဟာ ဂ်ာမနီနဲ႔ ဘိုင္ယန္ျမဴးနစ္ ဂႏၳ၀င္ ဂတ္မူလာ Gerd Müller ရဲ႕ ဥေရာပ ေဘာလံုးသမိုင္းတစ္ေလွ်ာက္ ကလပ္အသင္း တစ္သင္းတည္းအတြက္ ျပိဳင္ပြဲစံု သြင္းဂိုးအမ်ားဆံုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ႔ပါတယ္။ ဂတ္မူလာ ဟာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ျပိဳင္ပြဲစံုသြင္းဂိုး (၅၆၄)ဂိုးသြင္းယူခဲ႔သူျဖစ္ျပီး မက္ဆီဟာ လက္ရိွမွာ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံုသြင္းဂိုး (၅၆၆)ဂိုး သြင္းယူထားတာေၾကာင္႔ ဂတ္မူလာ ရဲ႕ စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ႔တာပဲျဖစ္ပါတယ္။

Gerd-Müller

Gerd-Müller

ဘာစီလိုနာအသင္းဟာ ဘက္တစ္အသင္းကို ( ၃ – ၄ )နဲ႔ ရံႈးနိမ္႔ခဲ႔တဲ႔ လာလီဂါပြဲစဥ္မွာ မက္ဆီဟာ အသင္းအတြက္ (၂)ဂိုးသြင္းယူေပးႏိုင္ခဲ႔တာေၾကာင္႔ ဒီစံခ်ိန္ကိုရရိွခဲ႔တာျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ (၅၆၆)ဂိုးကို ပြဲေပါင္း(၆၅၀)ကစားအျပီးမွာ သြင္းယူခဲ႔တာျဖစ္ျပီး လာလီဂါမွာ (၃၉၂)ဂိုး ၊ ခ်န္ပီယံလိဂ္မွာ (၁၀၅)ဂိုး ၊ စပိန္ဘုရင္႔ဖလားမွာ (၄၈)ဂိုး ၊ စပိန္စူပါဖလားမွာ (၁၃)ဂိုး ၊ ဖီဖာကလပ္ကမၻာ႔ဖလားမွာ (၅)ဂိုး နဲ႔ ဥေရာပစူပါဖလားမွာ (၃)ဂိုးသြင္းယူခဲ႔တာပါ။

Lionel-Messi-scoops-Alfredo-Di-Stefano-trophy-and-Pichichi-award

Lionel-Messi-scoops-Alfredo-Di-Stefano-trophy-and-Pichichi-award

မက္ဆီ ဟာ လာလီဂါ (၁)ႏွစ္တာအေကာင္းဆုံး ဆုျဖစ္တဲ့ Alfredo Di Stefano Trophy နဲ႔ လာလီဂါ သြင္းဂုိးအမ်ားဆုံး ပီခ်ီခ်ီဆု (၂)ခုကုိ ျပီးခဲ႔တဲ႔ရက္ပိုင္းဆြတ္ခူးထားသူျဖစ္ျပီး လက္ရိွမွာေတာ႔ ဂုဏ္ယူစရာစံခ်ိန္မွတ္တမ္းေကာင္း တစ္ခုကိုရရိွခဲ႔တာပဲျဖစ္ပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာေတာ႔ မက္ဆီ ဟာ လက္ရိွအခ်ိန္ထိ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံု(၁၃)ပြဲကစားထားျပီး (၁၄)ဂိုးသြင္းယူထားပါတယ္။

Ref: Soccer Laduma
Photo: Eurosport , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂတ်မူလာ Gerd Müller ရဲ့ ဥရောပဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မက်ဆီ Messi

ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ဟာ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ် ဂန္ထဝင် ဂတ်မူလာ Gerd Müller ရဲ့ ဥရောပ ဘောလုံးသမိုင်းတစ်လျှောက် ကလပ်အသင်း တစ်သင်းတည်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဂတ်မူလာ ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၅၆၄)ဂိုးသွင်းယူခဲ့သူဖြစ်ပြီး မက်ဆီဟာ လက်ရှိမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၅၆၆)ဂိုး သွင်းယူထားတာကြောင့် ဂတ်မူလာ ရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Gerd-Müller

Gerd-Müller

ဘာစီလိုနာအသင်းဟာ ဘက်တစ်အသင်းကို ( ၃ – ၄ )နဲ့ ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ မက်ဆီဟာ အသင်းအတွက် (၂)ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် ဒီစံချိန်ကိုရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် (၅၆၆)ဂိုးကို ပွဲပေါင်း(၆၅၀)ကစားအပြီးမှာ သွင်းယူခဲ့တာဖြစ်ပြီး လာလီဂါမှာ (၃၉၂)ဂိုး ၊ ချန်ပီယံလိဂ်မှာ (၁၀၅)ဂိုး ၊ စပိန်ဘုရင့်ဖလားမှာ (၄၈)ဂိုး ၊ စပိန်စူပါဖလားမှာ (၁၃)ဂိုး ၊ ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ (၅)ဂိုး နဲ့ ဥရောပစူပါဖလားမှာ (၃)ဂိုးသွင်းယူခဲ့တာပါ။

Lionel-Messi-scoops-Alfredo-Di-Stefano-trophy-and-Pichichi-award

Lionel-Messi-scoops-Alfredo-Di-Stefano-trophy-and-Pichichi-award

မက်ဆီ ဟာ လာလီဂါ (၁)နှစ်တာအကောင်းဆုံး ဆုဖြစ်တဲ့ Alfredo Di Stefano Trophy နဲ့ လာလီဂါ သွင်းဂိုးအများဆုံး ပီချီချီဆု (၂)ခုကို ပြီးခဲ့တဲ့ရက်ပိုင်းဆွတ်ခူးထားသူဖြစ်ပြီး လက်ရှိမှာတော့ ဂုဏ်ယူစရာစံချိန်မှတ်တမ်းကောင်း တစ်ခုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ မက်ဆီ ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲကစားထားပြီး (၁၄)ဂိုးသွင်းယူထားပါတယ်။

Ref: Soccer Laduma
Photo: Eurosport , The Independent
Ko Kyue(Akhayar)
www.akhayar.com