[Zawgyi]

ေပ့ါဘာ Pogba ကုိ ေခၚယူဖုိ႔ တိုက္တြန္းခဲ့တဲ့ မက္ဆီ Messi

ဘာစီလုိနာအသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မွဴး မက္ဆီ Messi ဟာ မန္ယူကြင္းလယ္လူ ေပါ့ဘာ Pogba ကုိ ေခၚယူဖုိ႔ အသင္းနည္းျပဗယ္လ္ဗာဒီ Valverde ကုိ တိုက္တြန္းခဲ့ပါတယ္။ ဘာစီလုိနာအသင္းဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါ၊ စပိန္ဘုရင့္ဖလားေတြရယူခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားနဲ႔ လဲြေခ်ာ္ခဲ့တာေၾကာင့္ ဒီရာသီမွာ ေအာင္ျမင္မႈပုိမုိရေစဖုိ႔အတြက္ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္သြားဖို႔ စီစဥ္ေနပါၿပီ။ မက္ဆီက သူတို႔ရဲ႕အဓိက ၿပိဳင္ဘက္ ရီးယဲလ္အသင္းကို ေက်ာ္ျဖတ္ခ်င္တယ္ဆုိရင္ ဘာစီလုိနာအသင္းအေနနဲ႔ ကမၻာ႔အဆင့္ ကစားသမားေတြ ေခၚယူရမယ္လုိ႔ အရင္ကတည္းက ဖြင့္ဟေျပာဆုိခဲ့တာပါ။

Pogba-and-Messi

Pogba-and-Messi

ဘာစီလုိနာအသင္းဟာ အက္သလက္တီကုိတိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ကုိ ေခၚဖုိ႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂရစ္ဇ္မန္းက အက္သလက္တီကုိအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တာေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။ အခုအခါ မက္ဆီက အင္နီေယစတာ Iniesta မရွိေတာ့တဲ့ ကြင္းလယ္အတြက္ ေပ့ါဘာကုိ ေခၚယူအားျဖည့္ဖုိ႔ ေတာင္းဆုိခဲ့တာလည္းျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္ကြင္းလယ္လူ ေပ့ါဘာဟာ ၿပီးခဲ့တဲ့ရာသီ နည္းျပ ေမာ္ရင္ဟုိ Mourinho နဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီး အခုေႏြရာသီအေျပာင္းအေရႊ႕မွာ မန္ယူအသင္းက ဒုတိယအႀကိမ္ေျမာက္ ထြက္ခြာဖုိ႔ နီးစပ္ၿပီလုိ႔ သတင္းထြက္ေပၚေနသူျဖစ္ပါတယ္။ တကယ္လုိ႔ ဘာစီလုိနာအသင္းက တရား၀င္ကမ္းလွမ္းမႈေတြ လုပ္လာခဲ့ရင္ မန္ယူအသင္းက လက္ခံစဥ္းစားဖုိ႔ရွိေနတယ္လုိ႔လည္း မီဒီယာေတြက ခန္႔မွန္းေနၾကတယ္။

REF:Daily Star
Photo:Global Football,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

ပေ့ါဘာ Pogba ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တဲ့ မက်ဆီ Messi

ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Messi ဟာ မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ကို ခေါ်ယူဖို့ အသင်းနည်းပြဗယ်လ်ဗာဒီ Valverde ကို တိုက်တွန်းခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါ၊ စပိန်ဘုရင့်ဖလားတွေရယူခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့တာကြောင့် ဒီရာသီမှာ အောင်မြင်မှုပိုမိုရစေဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်သွားဖို့ စီစဉ်နေပါပြီ။ မက်ဆီက သူတို့ရဲ့အဓိက ပြိုင်ဘက် ရီးယဲလ်အသင်းကို ကျော်ဖြတ်ချင်တယ်ဆိုရင် ဘာစီလိုနာအသင်းအနေနဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ ခေါ်ယူရမယ်လို့ အရင်ကတည်းက ဖွင့်ဟပြောဆိုခဲ့တာပါ။

Pogba-and-Messi

Pogba-and-Messi

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ကို ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ အခုအခါ မက်ဆီက အင်နီယေစတာ Iniesta မရှိတော့တဲ့ ကွင်းလယ်အတွက် ပေ့ါဘာကို ခေါ်ယူအားဖြည့်ဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေ့ါဘာဟာ ပြီးခဲ့တဲ့ရာသီ နည်းပြ မော်ရင်ဟို Mourinho နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး အခုနွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းက ဒုတိယအကြိမ်မြောက် ထွက်ခွာဖို့ နီးစပ်ပြီလို့ သတင်းထွက်ပေါ်နေသူဖြစ်ပါတယ်။ တကယ်လို့ ဘာစီလိုနာအသင်းက တရားဝင်ကမ်းလှမ်းမှုတွေ လုပ်လာခဲ့ရင် မန်ယူအသင်းက လက်ခံစဉ်းစားဖို့ရှိနေတယ်လို့လည်း မီဒီယာတွေက ခန့်မှန်းနေကြတယ်။

REF:Daily Star
Photo:Global Football,Goal.com
Naing Linn(Akhayar)
www.akhayar.com