[Zawgyi]

အသက္အႏၱရာယ္ ၿခိမ္းေျခာက္ခံရမႈေတြရွိေနတဲ့ ဂိုးသမား ကာရီးယက္စ္

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အမွားေတြ က်ဴးလြန္ခဲ့တဲ့ လီဗာပူးလ္ ဂိုးသမား ကာရီးယက္စ္ Karius ကို အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈေတြ ရွိေနေၾကာင္း မာေဆးလ္ဆိုက္ဒ္ ရဲတပ္ဖြဲ႔ကေျပာၾကားခဲ့ပါတယ္။ အသက္ (၂၄)ႏွစ္ အရြယ္ရွိ ကာရီးယက္စ္ Karius ကို လူမႈကြန္ရက္ စာမ်က္ႏွာေတြကတစ္ဆင့္ အသက္အႏၱရာယ္ ၿခိမ္းေျခာက္တဲ့ မွတ္ခ်က္ေတြနဲ႔ Message ေပးပို႔မႈေတြလို႔ မာေဆးလ္ဆိုက္ဒ္ရဲတပ္ဖြဲ႔က ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနရပါတယ္။ ကာရီးယက္စ္ Karius ထံေပးပို႔ခဲ့တဲ့ Message ေတြထဲမွာ “မင္းရည္းစားကို သတ္ပစ္မယ္၊ အေသဆိုးနဲ႔ကို ေသေစရမယ္” ဆိုတဲ့ ေပးပို႔မႈေတြရွိေနခဲ့ပါတယ္။ ကာရီးယက္စ္ Karius က သူ႔ရဲ႕ အမွားေတြနဲ႔ ပတ္သက္ၿပီး ျပန္လည္ေတာင္းပန္ထားတဲ့ Post ေအာက္မွာလည္း “ကင္ဆာေရာဂါဆိုးနဲ႔ ေသပါေစ” ဆိုတဲ့ မွတ္ခ်က္မ်ိဳးေတြအျပင္ “တစ္မိသားစုလံုး ေသပါေစ” ဆိုတဲ့ မွတ္ခ်က္ေရးသားမႈေတြ ရွိေနလို႔ ရဲတပ္ဖြဲ႔က ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနခဲ့ပါတယ္။

The-German-gifted-Madrid-with-their-first-goal

The-German-gifted-Madrid-with-their-first-goal

ကာရီးယက္စ္ Karius အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈခံေနရေၾကာင္းကို မာေဆးလ္ဆိုက္ဒ္ ရဲတပ္ဖြဲ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အတည္ျပဳေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ပြဲၿပီးဆံုးခ်ိန္မွာ ကိဗ္ၿမိဳ႔ရဲ႕ အိုလံပစ္ကြင္းအတြင္းမွာ လာေရာက္အားေပးတဲ့ လီဗာပူးလ္ ပရိသတ္ေတြကို ကာရီးယက္စ္ Karius မ်က္ရည္လည္ရႊဲနဲ႔ ေတာင္းပန္ခဲ့သလို ေနာက္တစ္ေန႔ ေန႔လည္ပိုင္းမွာလည္း သူ႔ရဲ႕ ကိုယ္ပိုင္ Twitter အေကာင့္ကေန အသင္းပရိသတ္ေတြကို ေတာင္းပန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ မာေဆးလ္ဆိုက္ဒ္ ရဲတပ္ဖြဲ႔က “ကာရီးယက္စ္ Karius ကို ေဝဖန္တဲ့ ဘယ္လို မွတ္ခ်က္မ်ိဳးကိုမဆို ေစာင့္ၾကည့္ေနၿပီး အသက္အႏၱရာယ္ ျခိမ္းေျခာက္ရာေရာက္တဲ့ ေရးသားမႈတိုင္းကို ေဖာ္ထုတ္အေရးယူသြားမွာ ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

REF:Daily Mail
Photo:The World Without Fake News!, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေရှိနေတဲ့ ဂိုးသမား ကာရီးယက်စ်

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အမှားတွေ ကျူးလွန်ခဲ့တဲ့ လီဗာပူးလ် ဂိုးသမား ကာရီးယက်စ် Karius ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း မာဆေးလ်ဆိုက်ဒ် ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ အသက် (၂၄)နှစ် အရွယ်ရှိ ကာရီးယက်စ် Karius ကို လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ မှတ်ချက်တွေနဲ့ Message ပေးပို့မှုတွေလို့ မာဆေးလ်ဆိုက်ဒ်ရဲတပ်ဖွဲ့က စောင့်ကြည့်မှုတွေ ပြုလုပ်နေရပါတယ်။ ကာရီးယက်စ် Karius ထံပေးပို့ခဲ့တဲ့ Message တွေထဲမှာ “မင်းရည်းစားကို သတ်ပစ်မယ်၊ အသေဆိုးနဲ့ကို သေစေရမယ်” ဆိုတဲ့ ပေးပို့မှုတွေရှိနေခဲ့ပါတယ်။ ကာရီးယက်စ် Karius က သူ့ရဲ့ အမှားတွေနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်ထားတဲ့ Post အောက်မှာလည်း “ကင်ဆာရောဂါဆိုးနဲ့ သေပါစေ” ဆိုတဲ့ မှတ်ချက်မျိုးတွေအပြင် “တစ်မိသားစုလုံး သေပါစေ” ဆိုတဲ့ မှတ်ချက်ရေးသားမှုတွေ ရှိနေလို့ ရဲတပ်ဖွဲ့က စောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

The-German-gifted-Madrid-with-their-first-goal

The-German-gifted-Madrid-with-their-first-goal

ကာရီးယက်စ် Karius အသက်အန္တရာယ် ခြိမ်းခြောက်မှုခံနေရကြောင်းကို မာဆေးလ်ဆိုက်ဒ် ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာ ကိဗ်မြို့ရဲ့ အိုလံပစ်ကွင်းအတွင်းမှာ လာရောက်အားပေးတဲ့ လီဗာပူးလ် ပရိသတ်တွေကို ကာရီးယက်စ် Karius မျက်ရည်လည်ရွှဲနဲ့ တောင်းပန်ခဲ့သလို နောက်တစ်နေ့ နေ့လည်ပိုင်းမှာလည်း သူ့ရဲ့ ကိုယ်ပိုင် Twitter အကောင့်ကနေ အသင်းပရိသတ်တွေကို တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မာဆေးလ်ဆိုက်ဒ် ရဲတပ်ဖွဲ့က “ကာရီးယက်စ် Karius ကို ဝေဖန်တဲ့ ဘယ်လို မှတ်ချက်မျိုးကိုမဆို စောင့်ကြည့်နေပြီး အသက်အန္တရာယ် ခြိမ်းခြောက်ရာရောက်တဲ့ ရေးသားမှုတိုင်းကို ဖော်ထုတ်အရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:The World Without Fake News!, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com