[Zawgyi]

ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရရိွခဲ႔ၾကသူမ်ား

ကမၻာ႔ဖလားျပိဳင္ပြဲမွာ ကစားခြင္႔ရဖို႔ဆိုတာ ကစားသမားတိုင္းျဖစ္ခ်င္တဲ႔ ဆႏၵတစ္ခုပါ။ ကမၻာ႔ဖလားဟာ နတ္ၾကီးတဲ႔ ျပိဳင္ပြဲတစ္ခုလို႔ ေျပာရမွာျဖစ္ျပီး ကမၻာ႔ဖလားမကစားဖူးတဲ႔ ကစားသမားေကာင္းေတြနဲ႔ ကမၻာ႔ဖလားနားနီးမွ ဒဏ္ရာရရိွလို႔ ျပိဳင္ပြဲနဲ႔လြဲခဲ႔တဲ႔ရတဲ႔ ကစားသမားေကာင္းေတြဟာလည္း ဒုနဲ႔ေဒးပါပဲ။ ကစားသမားတိုင္း ကစားခြင္႔မရတဲ႔ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ဆိုတာ ဆုေတာင္းေကာင္းဖို႔ေတာ႔လိုပါတယ္။ ဒီလိုမ်ိဳး ခက္ခဲတဲ႔ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါရဖို႔ဆိုတာ ေတာ္႐ံုကံနဲ႔ေတာ႔ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ႔ ဒီလိုမ်ိဳးစြမ္းေဆာင္ႏိုင္ခဲ႔သူ(၃)ဦး ရိွပါတယ္။ တကယ္႔ကို ရွားရွားပါးပါးလို႔ ေျပာရမွာျဖစ္ျပီး ဒီ(၃)ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဇာဂါလို Zagallo

Zagallo-And-Neymar

Zagallo-And-Neymar

လက္ရိွမွာ အသက္(၈၇)ႏွစ္ရိွျပီျဖစ္တဲ႔ ဇာဂါလို Zagallo ဟာ ကမၻာ႔ဖလားခ်န္ပီယံဆုကို ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ဆြတ္ခူးခဲ႔တဲ႔ ပထမဆံုးေသာသူပဲျဖစ္ပါတယ္။ ဇာဂါလိုဟာ ဘရာဇီးလ္အသင္းနဲ႔အတူ ၁၉၅၈ နဲ႔ ၁၉၆၂ ကမၻာ႔ဖလားေတြမွာ ခ်န္ပီယံဆုေတြကိုရရ္ိွခဲ႔ျပီး ၁၉၇၀ ကမၻာ႔ဖလားျပိဳင္ပြဲမွာေတာ႔ ဘရာဇီးလ္အသင္းကို နည္းျပအျဖစ္တာ၀န္ယူခဲ႔သလို ကမၻာ႔ဖလားခ်န္ပီယံဆုကိုလည္း ရရိွေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ႔ပါတယ္။

(၂) ဘက္ကင္ေဘာင္၀ါ Beckenbauer

Beckenbauer

Beckenbauer

ကမၻာ႔ဖလား ခ်န္ပီယံဆုကို ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ရယူႏိုင္ခဲ႔တဲ႔ ဒုတိယေျမာက္ကေတာ႔ ဂ်ာမနီဂႏၳ၀င္ ဘက္ကင္ေဘာင္၀ါ Beckenbauer ပဲျဖစ္ပါတယ္။ ဘက္ကင္ေဘာင္၀ါဟာ ၁၉၇၄ ကမၻာ႔ဖလားျပိဳင္ပြဲမွာ အေနာက္ဂ်ာမနီအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူခဲ႔ျပီး ျပိဳင္ပြဲတစ္ေလွ်ာက္အသင္းကို အေကာင္းဆံုး ဦးေဆာင္ေမာင္းႏွင္ႏိုင္ခဲ႔သလို ခ်န္ပီယံဆုကိုလည္း ရရိွေအာင္စြမ္းေဆာင္ႏိုင္ခဲ႔ပါတယ္။ ၁၉၉၀ ကမၻာ႔ဖလားျပိဳင္ပြဲမွာေတာ႔ ဘက္ကင္ေဘာင္၀ါဟာ အေနာက္ဂ်ာမနီအသင္းရဲ႕ နည္းျပအျဖစ္တာ၀န္ယူခဲ႔ျပီး ကမၻာဖလားခ်န္ပီယံဆုကို ရရိွခဲ႔ပါတယ္။

(၃) ဒက္စ္ခ်မ့္ Deschamps

Deschamps

Deschamps

ကမၻာ႔ဖလား ခ်န္ပီယံဆုကို ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ရယူႏိုင္ခဲ႔တဲ႔ ေနာက္ဆံုးေသာသူကေတာ႔ ျပင္သစ္အသင္းနည္းျပ ဒက္စ္ခ်မ့္ Deschamps ပဲျဖစ္ပါတယ္။ ဒက္စ္ခ်မ့္ဟာ ၁၉၉၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ျပင္သစ္အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူျပီး ခ်န္ပီယံဆုကို ရရိွေအာင္စြမ္းေဆာင္ႏိုင္ခဲ႔သလို ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာလည္း ျပင္သစ္အသင္းကို နည္းျပအျဖစ္တာ၀န္ယူခဲ႔ျပီး ခ်န္ပီယံဆုရရိွေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ႔ပါတယ္။

Ref: wikipedia
Photo: sportsnet.ca , Notícias ao Minuto ,  Financetime.org , 90min.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့ကြသူများ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခွင့်ရဖို့ဆိုတာ ကစားသမားတိုင်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုပါ။ ကမ္ဘာ့ဖလားဟာ နတ်ကြီးတဲ့ ပြိုင်ပွဲတစ်ခုလို့ ပြောရမှာဖြစ်ပြီး ကမ္ဘာ့ဖလားမကစားဖူးတဲ့ ကစားသမားကောင်းတွေနဲ့ ကမ္ဘာ့ဖလားနားနီးမှ ဒဏ်ရာရရှိလို့ ပြိုင်ပွဲနဲ့လွဲခဲ့တဲ့ရတဲ့ ကစားသမားကောင်းတွေဟာလည်း ဒုနဲ့ဒေးပါပဲ။ ကစားသမားတိုင်း ကစားခွင့်မရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ဆိုတာ ဆုတောင်းကောင်းဖို့တော့လိုပါတယ်။ ဒီလိုမျိုး ခက်ခဲတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါရဖို့ဆိုတာ တော်ရုံကံနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးစွမ်းဆောင်နိုင်ခဲ့သူ(၃)ဦး ရှိပါတယ်။ တကယ့်ကို ရှားရှားပါးပါးလို့ ပြောရမှာဖြစ်ပြီး ဒီ(၃)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဇာဂါလို Zagallo

Zagallo-And-Neymar

Zagallo-And-Neymar

လက်ရှိမှာ အသက်(၈၇)နှစ်ရှိပြီဖြစ်တဲ့ ဇာဂါလို Zagallo ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ဆွတ်ခူးခဲ့တဲ့ ပထမဆုံးသောသူပဲဖြစ်ပါတယ်။ ဇာဂါလိုဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၅၈ နဲ့ ၁၉၆၂ ကမ္ဘာ့ဖလားတွေမှာ ချန်ပီယံဆုတွေကိုရရ်ှိခဲ့ပြီး ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးလ်အသင်းကို နည်းပြအဖြစ်တာဝန်ယူခဲ့သလို ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

(၂) ဘက်ကင်ဘောင်ဝါ Beckenbauer

Beckenbauer

Beckenbauer

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ရယူနိုင်ခဲ့တဲ့ ဒုတိယမြောက်ကတော့ ဂျာမနီဂန္ထဝင် ဘက်ကင်ဘောင်ဝါ Beckenbauer ပဲဖြစ်ပါတယ်။ ဘက်ကင်ဘောင်ဝါဟာ ၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနောက်ဂျာမနီအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်အသင်းကို အကောင်းဆုံး ဦးဆောင်မောင်းနှင်နိုင်ခဲ့သလို ချန်ပီယံဆုကိုလည်း ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘက်ကင်ဘောင်ဝါဟာ အနောက်ဂျာမနီအသင်းရဲ့ နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ကမ္ဘာဖလားချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

(၃) ဒက်စ်ချမ့် Deschamps

Deschamps

Deschamps

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ရယူနိုင်ခဲ့တဲ့ နောက်ဆုံးသောသူကတော့ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့် Deschamps ပဲဖြစ်ပါတယ်။ ဒက်စ်ချမ့်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ချန်ပီယံဆုကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းကို နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ချန်ပီယံဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Ref: wikipedia
Photo: sportsnet.ca , Notícias ao Minuto ,  Financetime.org , 90min.com
Ko Kyue(Akhayar)
www.akhayar.com