[Zawgyi]

ေတာင္ကိုရီးယားနာမည္ေက်ာ္ Twice အဖြဲ႕ကို အက္ဆစ္နဲ႔ပက္မယ္လို႔ ၿခိမ္းေျခာက္ခဲ့သူကိုဖမ္းမိ

ေတာင္ကိုရီးယား K Pop ေလာကရဲ႕ မ်ိဳးဆက္သစ္ Girl Band ေတြထဲက တစ္ဖြဲ႕ျဖစ္တဲ့ Twice အဖြဲ႕ဟာ ဆယ္ေက်ာ္သက္မိန္းမပ်ိဳငယ္ငယ္ေခ်ာေခ်ာေလးေတြနဲ႔ ဖြဲ႕စည္းထားတဲ့အဖြဲ႕ပါ။ သူတို႔ရဲ႕ အက၊ အလွ၊ သီခ်င္းသံစဥ္ေတြဟာ တစ္ပုဒ္ဆို တစ္ပုဒ္ ပရိသတ္ေတြ ႏွစ္သက္သေဘာက်ျခင္းခံရတဲ့ နာမည္ႀကီးအဖြဲ႕တစ္ဖြဲ႕ပါ။

အဲ့ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ Twice အဖြဲ႕ဝင္မိန္းကေလးေတြဟာ အက္ဆစ္ဆယ္လီတာနဲ႔ ေလာင္းခ်ပစ္မယ္လို႔ ၿခိမ္းေျခာက္ခံခဲ့ရတဲ့အထိကို ဆိုးဝါးတဲ့ စာတစ္ခုကို ဇူလိုင္လ ၃ရက္ေန႔မွာ လူမႈကြန္ရက္မွတဆင့္ ရရွိခဲ့ပါတယ္။

ၿခိမ္းေျခာက္သူကေတာ့ IIbe ဆိုတဲ့ အစြန္းေရာက္ ကိုရီးယားလူမ်ိဳးတစ္စုပဲျဖစ္ပါတယ္။ သူတို႔ဟာ Twice အဖြဲ႔ ဂ်ပန္ကေန ကိုရီးယားျပန္လာတာနဲ႔ ေလဆိပ္မွာ အက္ဆစ္ ဆယ္လီတာသယ္လာၿပီး Twice အဖြဲ႕အေပၚေလာင္းခ်ပစ္မယ္လို႔ Online ကေနတဆင့္ ၿခိမ္းေျခာက္ခဲ့တာျဖစ္ပါတယ္။

စစ္ေဆးခ်က္ေတြအရ အဲ့ဒီစာကိုတင္ခဲ့သူမွာ အသက္ ၂၀ ဝန္းက်င္အရြယ္သာရွိေသးၿပီး ခုခ်ိန္မွာေတာ့ ရဲေတြရဲ႕ရွာေဖြဖမ္းဆီးျခင္းခံထားရၿပီျဖစ္ပါတယ္။

ဒါ့အျပင္ အလားတူပဲ ေနာက္ထပ္နာမည္ေက်ာ္မိန္းကေလးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Apink အဖြဲ႕ကို ဗံုးေဖာက္ခြဲပစ္မယ္လို႔ ဆက္တိုက္ျခိမ္းေျခာက္ခဲ့သူ အသက္ ၃၀ အရြယ္ ကေနဒီယန္-ကိုရီးယား ေသြးေႏွာလူမ်ိဳးတစ္ဦးကိုလည္း ကိုရီးယားအဆင့္ျမင့္ရဲတပ္ဖြဲ႕အစြမ္းနဲ႔ မၾကာခင္ဖမ္းမိေတာ့မယ္ဆိုတဲ့အေၾကာင္းကိုပါ ရဲတပ္ဖြဲ႕ဝင္ေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေတာင္ကိုရီးယားမွာ ငယ္ငယ္ရြယ္ရြယ္နဲ႔ နာမည္ေက်ာ္ျဖစ္ရတာလည္း အသက္ေဘးရန္ၿခိမ္းေျခာက္မႈေတြနဲ႔ စိတ္မခ်မ္းသာစရာ ဒုကၡတစ္မ်ိဳးပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

တောင်ကိုရီးယားနာမည်ကျော် Twice အဖွဲ့ကို အက်ဆစ်နဲ့ပက်မယ်လို့ ခြိမ်းခြောက်ခဲ့သူကိုဖမ်းမိ

တောင်ကိုရီးယား K Pop လောကရဲ့ မျိုးဆက်သစ် Girl Band တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Twice အဖွဲ့ဟာ ဆယ်ကျော်သက်မိန်းမပျိုငယ်ငယ်ချောချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ပါ။ သူတို့ရဲ့ အက၊ အလှ၊ သီချင်းသံစဉ်တွေဟာ တစ်ပုဒ်ဆို တစ်ပုဒ် ပရိသတ်တွေ နှစ်သက္သဘောကျခြင်းခံရတဲ့ နာမည်ကြီးအဖွဲ့တစ်ဖွဲ့ပါ။

အဲ့ဒီလောက်ချစ်ဖို့ကောင်းတဲ့ Twice အဖွဲ့ဝင်မိန်းကလေးတွေဟာ အက်ဆစ်ဆယ်လီတာနဲ့ လောင်းချပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့အထိကို ဆိုးဝါးတဲ့ စာတစ်ခုကို ဇူလိုင်လ ၃ရက်နေ့မှာ လူမှုကွန်ရက်မှတဆင့် ရရှိခဲ့ပါတယ်။

ခြိမ်းခြောက်သူကတော့ IIbe ဆိုတဲ့ အစွန်းရောက် ကိုရီးယားလူမျိုးတစ်စုပဲဖြစ်ပါတယ်။ သူတို့ဟာ Twice အဖွဲ့ ဂျပန်ကနေ ကိုရီးယားပြန်လာတာနဲ့ လေဆိပ်မှာ အက်ဆစ် ဆယ်လီတာသယ်လာပြီး Twice အဖွဲ့အပေါ်လောင်းချပစ်မယ်လို့ Online ကနေတဆင့် ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချက်တွေအရ အဲ့ဒီစာကိုတင်ခဲ့သူမှာ အသက် ၂၀ ဝန်းကျင်အရွယ်သာရှိသေးပြီး ခုချိန်မှာတော့ ရဲတွေရဲ့ရှာဖွေဖမ်းဆီးခြင်းခံထားရပြီဖြစ်ပါတယ်။

ဒါ့အပြင် အလားတူပဲ နောက်ထပ်နာမည်ကျော်မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Apink အဖွဲ့ကို ဗုံးဖောက်ခွဲပစ်မယ်လို့ ဆက်တိုက်ခြိမ်းခြောက်ခဲ့သူ အသက် ၃၀ အရွယ် ကနေဒီယန်-ကိုရီးယား သွေးနှောလူမျိုးတစ်ဦးကိုလည်း ကိုရီးယားအဆင့်မြင့်ရဲတပ်ဖွဲ့အစွမ်းနဲ့ မကြာခင်ဖမ်းမိတော့မယ်ဆိုတဲ့အကြောင်းကိုပါ ရဲတပ်ဖွဲ့ဝင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်ဖြစ်ရတာလည်း အသက်ဘေးရန်ခြိမ်းခြောက်မှုတွေနဲ့ စိတ်မချမ်းသာစရာ ဒုက္ခတစ်မျိုးပါပဲ။

EiEiKhineMinn (Akhayar)