[Zawgyi]

Suzy နဲ႔ တြဲဖူးတယ္လို႔ သတင္းထြက္ခဲ့တဲ့ အဆိုေတာ္မင္းသားမ်ား

လတ္တေလာ ေတာင္ကိုရီးယား KPop ေလာကမွာေရာ KDrama ေလာကမွာပါ ခ်စ္စဖြယ္မ်က္ႏွာေလး၊ အျပံဳးခ်ိဳခ်ိဳေလးအျပင္ ႏုဖတ္ေခ်ာေမာတဲ့အလွေၾကာင့္ ပုရိသတိုင္းေႂကြၾကရတဲ့သူဆိုရင္ေတာ့ Miss A အဖြဲ႕ရဲ႕ မိန္းမေခ်ာေလး Bae Suzy ပဲျဖစ္မွာပါ။

႐ုပ္သံဇာတ္လမ္းတြဲေတြ၊ အႏုပညာလႈပ္ရွားမႈေတြ အျပည့္နဲ႔ ေျခလွမ္းသြက္သေလာက္ တစ္ဖက္မွာလည္း ေယာက္်ားထုႀကီးရဲ႕ အသည္းႏွလံုးကို ကိုင္ဆုပ္ထားႏိုင္တဲ့ Suzy ဟာဆိုရင္ အခ်စ္ေရးနဲ႔ ပတ္သက္ရင္ ေတာင္ကိုရီးယားရဲ႕ Taylor Swift လို႔ ခိုင္းနိႈင္းရေလာက္ေအာင္ အခ်စ္ေရးအခ်စ္ရာ ေပြသူလို႔ သတင္းေတြထြက္တဲ့သူပါ။

သူမနဲ႔ ခ်စ္ႀကိဳက္ခဲ့သူေတြ တြဲဖူးတယ္လို႔ သတင္းထြက္ခဲ့တဲ့သူေတြကေတာ့ ဒီလူေတြပါတဲ့။

(၁) 2PM အဖြဲ႕ဝင္ Taecyeon

၂၀၁၁ မွာ Dream High ဇာတ္လမ္းတြဲ႐ိုက္ကူးရင္းနဲ႔ ဇာတ္လမ္းတြဲတူတူ႐ိုက္ကူးခဲ့တဲ့ မင္းသား Taecyeon နဲ႔ ခ်စ္ဇာတ္လမ္းေတြရွိခဲ့တယ္လို႔ သတင္းထြက္လာတာျဖစ္ပါတယ္။

(၂) Infinite အဖြဲဝင္ MyungSoo

Infinite အဖြဲ႕ဝင္ MyungSoo နဲ႔လည္း ၂၀၁၅ တုန္းက “High Society” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲအၿပီးမွာ MyungSoo ရဲ႕ စံျပမိန္းကေလးသတ္မွတ္ခ်က္က Suzy လို႔မိန္းကေလးလို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ အဲ့ေနာက္ သတင္းေတြ ဘာလိုလိုထြက္ခဲ့ၾကတာပါ။

(၃) 2PM အဖြဲ႕ဝင္ JunHo

သူမနဲ႔ တြဲဖူးတဲ့ အဖြဲ႕ဝင္ေတြထဲမွာ JunHo လည္း ပါခဲ့တယ္လို႔ သတင္းထြက္ခဲ့တာပါ။ ဓါတ္ပံုေတြထဲသာ နီးနီးကပ္ကပ္ဆက္ဆံေရးေပမယ့္ ၂ဖက္စလံုးကေတာ့အတည္မျပဳခဲ့ပါဘူး။

(၄) Kim Soo Hyun

၂၀၁၃ မွာတုန္းက Suzy ဟာ မိန္းကေလးေတြရဲ႕ အသည္းစြဲမင္းသားေခ်ာ Kim Soo Hyun နဲ႔လည္း တြဲခဲ့တယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါေသးတယ္။ သို႔ေလာသို႔ေလာေတြၾကား သူမအေနနဲ႔ ေကာလာဟလသာျဖစ္ပါတယ္လို႔ ျပန္ေျဖရွင္းခဲ့ေပမယ့္ ပရိသတ္ေတြကိုယ္တိုင္ သူမတို႔ ၂ဦးကို သေဘာတူခဲ့ၾကပါတယ္။

(၅) Lee Min Ho

ႏႈတ္ခမ္းနီမေလးေတြ ႐ူး႐ူးမူးမူးစြဲလန္းရတဲ့ မင္းသားေခ်ာ Lee Min Ho နဲ႔မွာေတာ့ Suzy ကိုယ္တိုင္ တရားဝင္ခ်စ္ဇာတ္လမ္းကို ဖြင့္ဟျပခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ မွာ စတင္တြဲခဲ့ၾကတဲ့ ဒီခ်စ္သူ ၂ဦးကေတာ့ ၂၀၁၈ မွာေတာ့ ၃ ႏွစ္တာ ခ်စ္ဇာတ္လမ္းကို အဆံုးသတ္ခဲ့ၾကပါတယ္။

(၆) Lee Dong Wook

Lee Min Ho နဲ႔ ၃ ႏွစ္တာခ်စ္ဇာတ္လမ္းျပတ္ေတာက္သြားၿပီးခ်ိန္မွာပဲ Suzy နဲ႔ ဘယ္႐ုပ္သံဇာတ္လမ္းတြဲမွတူတူမ႐ိုက္ဖူးတဲ့အျပင္ဘယ္ Variety Show မွ တူတူတြဲမပါဝင္ဖူးတဲ့ မင္းသားခန္႔ေခ်ာႀကီး Lee Dong Wook နဲ႔ ခ်စ္ဇာတ္လမ္းေတြထြက္ေပၚလာပါတယ္။

ခုခ်ိန္မွာေတာ့ Lee Dong Wook နဲ႔ ျပတ္စဲသြားျပီျဖစ္ပါတယ္။ Suzy ကေတာ့ မင္းသားတိုင္းသေဘာက်စရာ ႐ုပ္ရည္၊ ခႏၶာကိုယ္၊ ဆြဲေဆာင္မႈ အလွေတြနဲ႔ ခ်စ္ျမတ္ႏိုးရမယ့္လူေတြ ဝိုင္းဝိုင္းလည္ေနတာေတာ့ မင္းသားေခ်ာေတြရဲ႕ ပရိသတ္ေကာင္မေလးေတြ မနာလိုခ်င္စရာပါပဲ။

[Unicode]

Suzy နဲ့ တွဲဖူးတယ်လို့ သတင်းထွက်ခဲ့တဲ့ အဆိုတော်မင်းသားများ

လတ်တလော တောင်ကိုရီးယား KPop လောကမှာရော KDrama လောကမှာပါ ချစ်စဖွယ်မျက်နှာလေး၊ အပြုံးချိုချိုလေးအပြင် နုဖတ်ချောမောတဲ့အလှကြောင့် ပုရိသတိုင်းကြွေကြရတဲ့သူဆိုရင်တော့ Miss A အဖွဲ့ရဲ့ မိန်းမချောလေး Bae Suzy ပဲဖြစ်မှာပါ။

ရုပ်သံဇာတ်လမ်းတွဲတွေ၊ အနုပညာလှုပ်ရှားမှုတွေ အပြည့်နဲ့ ခြေလှမ်းသွက်သလောက် တစ်ဖက်မှာလည်း ယောက်ျားထုကြီးရဲ့ အသည်းနှလုံးကို ကိုင်ဆုပ်ထားနိုင်တဲ့ Suzy ဟာဆိုရင် အချစ်ရေးနဲ့ ပတ်သက်ရင် တောင်ကိုရီးယားရဲ့ Taylor Swift လို့ ခိုင်းနှိုင်းရလောက်အောင် အချစ်ရေးအချစ်ရာ ပွေသူလို့ သတင်းတွေထွက်တဲ့သူပါ။

သူမနဲ့ ချစ်ကြိုက်ခဲ့သူတွေ တွဲဖူးတယ်လို့ သတင်းထွက်ခဲ့တဲ့သူတွေကတော့ ဒီလူတွေပါတဲ့။

(၁) 2PM အဖွဲ့ဝင် Taecyeon

၂၀၁၁ မှာ Dream High ဇာတ်လမ်းတွဲရိုက်ကူးရင်းနဲ့ ဇာတ်လမ်းတွဲတူတူရိုက်ကူးခဲ့တဲ့ မင်းသား Taecyeon နဲ့ ချစ်ဇာတ်လမ်းတွေရှိခဲ့တယ်လို့ သတင်းထွက်လာတာဖြစ်ပါတယ်။

(၂) Infinite အဖွဲဝင် MyungSoo

Infinite အဖွဲ့ဝင် MyungSoo နဲ့လည်း ၂၀၁၅ တုန်းက “High Society” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲအပြီးမှာ MyungSoo ရဲ့ စံပြမိန်းကလေးသတ်မှတ်ချက်က Suzy လို့မိန်းကလေးလို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ အဲ့နောက် သတင်းတွေ ဘာလိုလိုထွက်ခဲ့ကြတာပါ။

(၃) 2PM အဖွဲ့ဝင် JunHo

သူမနဲ့ တွဲဖူးတဲ့ အဖွဲ့ဝင်တွေထဲမှာ JunHo လည်း ပါခဲ့တယ်လို့ သတင်းထွက်ခဲ့တာပါ။ ဓါတ်ပုံတွေထဲသာ နီးနီးကပ်ကပ်ဆက်ဆံရေးပေမယ့် ၂ဖက်စလုံးကတော့အတည်မပြုခဲ့ပါဘူး။

(၄) Kim Soo Hyun

၂၀၁၃ မှာတုန်းက Suzy ဟာ မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားချော Kim Soo Hyun နဲ့လည်း တွဲခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါသေးတယ်။ သို့လောသို့လောတွေကြား သူမအနေနဲ့ ကောလာဟလသာဖြစ်ပါတယ်လို့ ပြန်ဖြေရှင်းခဲ့ပေမယ့် ပရိသတ်တွေကိုယ်တိုင် သူမတို့ ၂ဦးကို သဘောတူခဲ့ကြပါတယ်။

(၅) Lee Min Ho

နှုတ်ခမ်းနီမလေးတွေ ရူးရူးမူးမူးစွဲလန်းရတဲ့ မင်းသားချော Lee Min Ho နဲ့မှာတော့ Suzy ကိုယ်တိုင် တရားဝင်ချစ်ဇာတ်လမ်းကို ဖွင့်ဟပြခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မှာ စတင်တွဲခဲ့ကြတဲ့ ဒီချစ်သူ ၂ဦးကတော့ ၂၀၁၈ မှာတော့ ၃ နှစ်တာ ချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြပါတယ်။

(၆) Lee Dong Wook

Lee Min Ho နဲ့ ၃ နှစ်တာချစ်ဇာတ်လမ်းပြတ်တောက်သွားပြီးချိန်မှာပဲ Suzy နဲ့ ဘယ်ရုပ်သံဇာတ်လမ်းတွဲမှတူတူမရိုက်ဖူးတဲ့အပြင်ဘယ် Variety Show မှ တူတူတွဲမပါဝင်ဖူးတဲ့ မင်းသားခန့်ချောကြီး Lee Dong Wook နဲ့ ချစ်ဇာတ်လမ်းတွေထွက်ပေါ်လာပါတယ်။

ခုချိန်မှာတော့ Lee Dong Wook နဲ့ ပြတ်စဲသွားပြီဖြစ်ပါတယ်။ Suzy ကတော့ မင်းသားတိုင်းသဘောကျစရာ ရုပ်ရည်၊ ခန္ဓာကိုယ်၊ ဆွဲဆောင်မှု အလှတွေနဲ့ ချစ်မြတ်နိုးရမယ့်လူတွေ ဝိုင်းဝိုင်းလည်နေတာတော့ မင်းသားချောတွေရဲ့ ပရိသတ်ကောင်မလေးတွေ မနာလိုချင်စရာပါပဲ။