[Zawgyi]

မိန္းမတစ္ေယာက္ေၾကာင့္ အမွားေတြလုပ္ ၊ ဘဝေတြပ်က္ခဲ့ရတဲ့ ေယာက်္ားသားမ်ား

ရာဇဝင္မွာ မိန္းမဖ်က္ရင္ ျပည္ဖ်က္တယ္၊ မိန္းမတစ္ေယာက္ေၾကာင့္ ဒုကၡေရာက္ရတဲ့ ေယာက်ာ္းသားအမ်ားအျပားရိွခဲ့သလိုပဲ ခုေခတ္မွာလည္း မိန္းမတစ္ေယာက္ေၾကာင့္ ဆိုးဝါးတဲ့ အမွားၾကီးေတြ လုပ္၊ အလုပ္ျပဳတ္ရတဲ့ သူေတြ ဒုနဲ႔ ေဒးရွိေသးပါတယ္။ ဒီထဲက တစ္ခ်ိဳ႕ကေတာ့..

၁။ NASA က Intern Thad Roberts

Thad Roberts

Thad Roberts ရဲ့ အမႈကေတာ့ ထူးထူးျခားျခားပါပဲ။ ၂၀၀၁ ခုႏွစ္ သူနာဆာမွာ အလုပ္သင္အေနနဲ႔ ရွိေနတုန္း အပိုလို မစ္ရွင္ကေန စုေဆာင္းရရွိလာတဲ့ ေဒၚလာသန္းခ်ီတန္တဲ့ Moon Rocks ေတြကို ခိုးထုတ္မႈနဲ႔ပါ။ သူဟာ ဒီေက်ာက္တံုးေတြကို ဘယ္လ္ဂ်ီယမ္လူမ်ိဳး ေက်ာက္သတၳဳစုေဆာင္းသူျဖစ္တဲ့ Axel Emmermann ကို ေရာင္းခ်ဖို႔ Email ပို႔ခဲ့ျပီး မေရာင္းခ်ခင္ တစ္နာရီအလိုမွာ သူနဲ႔ သူ႔ရည္းစားေကာင္မေလးတို႔ဟာ ဟုိတယ္ခန္းတစ္ခုတြင္းမွာ အဲ့ေက်ာက္တံုးေတြေပၚက ေစာင္ခင္ျပီး ခ်စ္ရည္လူးခဲ့ၾကပါတယ္။ ေနာက္ပုိင္းအမႈေပၚသြားတဲ့အခါမွာေတာ့ Roberts ကို ေထာင္ဒဏ္ေျခာက္ႏွစ္ခ်မွတ္ခဲ့ပါတယ္။

၂။ သေဘာၤတိုက္မိတဲ့အထိ တာဝန္မဲ့ခဲ့တဲ့ Captain Francesco Schettino

ကပၸတိန္ Francesco Schettino ဟာ Cruise Ship တစ္စင္းျဖစ္တဲ့ Costa Concordia ရဲ့ ကပၸတိန္ပါ။ သူဟာ အသက္ ၅၃ ႏွစ္ရွိျပီျဖစ္ျပီး အသက္ ၂၆ ႏွစ္အရြယ္ အကမယ္ Domnica Cemortan နဲ႔ ၾကိဳက္ေနခဲ့တာပါ။  သူ႔ရဲ့ ေပါ့ဆမႈေၾကာင့္ သေဘာၤတုိက္ျပီး နစ္ျမဳပ္တဲ့အခါမွာလည္း ခရီးသည္ ၃၀၀ လံုးကို ပစ္ထားျပီး ကိုယ္လြတ္ရုန္းေျပးခဲ့ပါေသးတယ္။

က်န္တဲ့ခရီးသည္ေတြကို ေမာ္ေတ္ာဘုတ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ ကယ္ဆယ္ခဲ့ေပမယ့္ လူေပါင္း ၃၂ ဦးအသက္ဆံုးရႈံးခဲ့ရပါတယ္။ ျဖစ္ရပ္ကို ျပန္စစ္ေဆးတဲ့အခါမွာေတာ့ သေဘၤာမတုိက္ခင္မွာ သူဟာ သူ႔ရဲ့ ခ်စ္သူကို သေဘာၤေပၚတင္ေဆာင္လာခဲ့ျပီး ပလူးေနတဲ့အတြက္ ဒီလို ေပါ့ဆမႈျဖစ္ခဲ့တယ္လို႔ သိရျပီး ေထာင္ဒဏ္ ၁၆ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။

၃။ အေမရိကန္သမၼတၾကီး  Warren G. Harding

Warran G Harding ကေတာ့ သမၼတမျဖစ္ခင္မွာ သူ႔လိုပဲ အိမ္ေထာင္ရွိအမ်ိဳးသမီးတစ္ေယာက္ျဖစ္တဲ့ Fulton Phillips နဲ႔ ေဖာက္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ဒီကိစၥကို Harding ရဲ့ မိန္းမက သိသြားတဲ့အခါမွာေတာ့  သူတို႔ရဲ့ ဇာတ္လမ္းကို ရပ္တန္းက ရပ္လိုက္ရပါတယ္။ ဒါေပမယ့္ အမႈေပြတာက Fulton Phillips မွာဆီမွာ Harding ပို႔တဲ့စာေပါင္း ေထာင္ခ်ီရွိေနျပီး တခ်ိဳ႕ညစ္ညမ္းအေရးအသားေလးေတြလည္း ပါပါတယ္။ ဒါေၾကာင့္ပဲ Warren Harding တစ္ေယာက္ သမၼတဝင္ျပိဳင္တဲ့အခါမွာေတာ့ ဒီစာေတြ မပ်ံ႕သြားေအာင္လို႔ Phillips အတြက္ အာရွပစိဖိတ္အေပ်ာ္ခရီးစဥ္ေတြ စီစဥ္ေပးခဲ့ရသလို သူ႔ဘဝတစ္သက္တာလံုးအတြက္ လံုေလာက္တဲ့ ေထာက္ပံ့ေၾကးကိုလည္း ေပးခဲ့ရပါတယ္။

၄။ Jodie Foster ကိုၾကိဳက္မိလို႔ သမၼတ Ronald Reagan ကို လုပ္ၾကံဖို႔ ၾကိဳးစားခဲ့တဲ့သူ

၁၉၈၁ ခုႏွစ္က John Hinckely ဆိုတဲ့ လူတစ္ဦးဟာ ၁၉၇၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Taxi Driver မွာ ဆယ္ေက်ာ္သက္ညဥ့္ငွက္မေလးအျဖစ္သရုပ္ေဆာင္တဲ့ Jodie Foster ကို အရူးအမူးစြဲလမ္းခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Jodi Foster နဲ႔နီးဖို႔ အမ်ိဳးမ်ိဳးၾကံစည္ျပီး Foster တစ္ေယာက္ Yale တကၠသိုလ္ကိုတက္တဲ့အခ်ိန္မွာေတာင္ သူပါ Connecticut ျပည္နယ္ကုိ ေျပာင္းလာျပီး ေနာက္က တေကာက္ေကာက္လုိက္ခဲ့ပါေသးတယ္။ စာေတြ၊ ကဗ်ာေတြကိုလည္း အိမ္တံခါးဝသြားထားတာမ်ိဳး လုပ္ျပီး ေနာက္ဆံုး Jodi Foster ရဲ့ အဖက္လုပ္ျခင္းမခံရတဲ့အခါ သူ႔ေရွ႕မွာ သတ္ေသဖို႔အထိ ၾကံစည္ခဲ့ပါတယ္။

ဒါတင္မဟုတ္ဘဲ ေလယာဥ္ျပန္ေပးဆြဲတာအထိ လုပ္ဖို႔ ၾကံခဲ့ျပီး ေနာက္ဆံုးမွာ Jodi Foster အာရံုစိုက္ေအာင္လို႔သမၼတေရာ္နယ္ေရဂင္ကို လုပ္ၾကံဖို႔ ၾကိဳးစားခဲ့တာပါ။ သမၼတကို ေသနတ္နဲ႔ ပစ္တဲ့အခါမွာ ေရဂင္ရဲ့ ရင္ဘတ္ကို ထိမွန္ခဲ့သလို Press  Secretary James Brady ကိုလည္း ထိမွန္ျပီး ျပင္းျပင္းထန္ထန္ဒဏ္ရာရေစခဲ့ပါတယ္။

၅။ Wallis Simpson ကို ခ်စ္မိလို႔ နန္းစြန္႔ခဲ့တဲ့ Edward ဘုရင္

Edward နဲ႔ Wallis တို႔ စေတြ႔တုန္းက Wallis က အေမရိကန္သူျဖစ္ျပီးေတာ့ Ernest Simpson ဆိုတဲ့သူရဲ့ ဇနီးလည္း ျဖစ္ပါတယ္။ Ernest ဟာ Wallis ရဲ့ ဒုတိယအိမ္ေထာင္ျဖစ္ျပီး ၁၉၃၄ ခုႏွစ္မွာေတာ့ အက္ဒ္ဝပ္နဲ႔ ေဝါလစ္ဟာ ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။ ၁၉၃၆ ခုႏွစ္မွာေတာ့ အက္ဒ္ဝပ္ရဲ့ ဖခင္ King George V ကြယ္လြန္ျပီး အက္ဒ္ဝပ္တစ္ေယာက္နန္းတက္ခဲ့ပါေတာ့တယ္။

နန္းတက္သြားရင္ေတာ့ သူတို႔ရဲ့ အခ်စ္ေရးဆက္ဖို႔ မျဖစ္ႏုိင္ဘူးထင္ေပမယ့္ ရွိသမွ်အခက္အခဲအားလံုးျဖတ္ေက်ာ္ျပီး Wallis ကို လက္ထပ္ယူခဲ့ပါတယ္။ ဒီလို လက္ထပ္လိုက္တဲ့အတြက္ ထီးနန္းစြန္႔ခဲ့ရျပီး သူ႔ထီးနန္းသက္ဟာ စုစုေပါင္း ၃၂၆ ရက္ပဲ ၾကာခဲ့ျပီး ျဗိတိန္သမိုင္းမွာ နန္းသက္အတိုဆံုးအျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။

အခ်စ္အတြက္ ရူးမိုက္ၾကတယ္ဆိုတာ အေျပာမဟုတ္၊ လက္ေတြ႔ျဖစ္ေၾကာင္း ဒီအျဖစ္အပ်က္ေတြက သက္ေသျပေနခဲ့ပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.unbelievablefacts.com
[Unicode]

မိန်းမတစ်ယောက်ကြောင့် အမှားတွေလုပ် ၊ ဘဝတွေပျက်ခဲ့ရတဲ့ ယောကျ်ားသားများ

ရာဇဝင်မှာ မိန်းမဖျက်ရင် ပြည်ဖျက်တယ်၊ မိန်းမတစ်ယောက်ကြောင့် ဒုက္ခရောက်ရတဲ့ ယောကျာ်းသားအများအပြားရှိခဲ့သလိုပဲ ခုခေတ်မှာလည်း မိန်းမတစ်ယောက်ကြောင့် ဆိုးဝါးတဲ့ အမှားကြီးတွေ လုပ်၊ အလုပ်ပြုတ်ရတဲ့ သူတွေ ဒုနဲ့ ဒေးရှိသေးပါတယ်။ ဒီထဲက တစ်ချို့ကတော့..

၁။ NASA က Intern Thad Roberts

Thad Roberts

Thad Roberts ရဲ့ အမှုကတော့ ထူးထူးခြားခြားပါပဲ။ ၂၀၀၁ ခုနှစ် သူနာဆာမှာ အလုပ်သင်အနေနဲ့ ရှိနေတုန်း အပိုလို မစ်ရှင်ကနေ စုဆောင်းရရှိလာတဲ့ ဒေါ်လာသန်းချီတန်တဲ့ Moon Rocks တွေကို ခိုးထုတ်မှုနဲ့ပါ။ သူဟာ ဒီကျောက်တုံးတွေကို ဘယ်လ်ဂျီယမ်လူမျိုး ကျောက်သတ္ထုစုဆောင်းသူဖြစ်တဲ့ Axel Emmermann ကို ရောင်းချဖို့ Email ပို့ခဲ့ပြီး မရောင်းချခင် တစ်နာရီအလိုမှာ သူနဲ့ သူ့ရည်းစားကောင်မလေးတို့ဟာ ဟိုတယ်ခန်းတစ်ခုတွင်းမှာ အဲ့ကျောက်တုံးတွေပေါ်က စောင်ခင်ပြီး ချစ်ရည်လူးခဲ့ကြပါတယ်။ နောက်ပိုင်းအမှုပေါ်သွားတဲ့အခါမှာတော့ Roberts ကို ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့ပါတယ်။

၂။ သဘောၤတိုက်မိတဲ့အထိ တာဝန်မဲ့ခဲ့တဲ့ Captain Francesco Schettino

ကပ္ပတိန် Francesco Schettino ဟာ Cruise Ship တစ်စင်းဖြစ်တဲ့ Costa Concordia ရဲ့ ကပ္ပတိန်ပါ။ သူဟာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် အကမယ် Domnica Cemortan နဲ့ ကြိုက်နေခဲ့တာပါ။  သူ့ရဲ့ ပေါ့ဆမှုကြောင့် သဘောၤတိုက်ပြီး နစ်မြုပ်တဲ့အခါမှာလည်း ခရီးသည် ၃၀၀ လုံးကို ပစ်ထားပြီး ကိုယ်လွတ်ရုန်းပြေးခဲ့ပါသေးတယ်။

ကျန်တဲ့ခရီးသည်တွေကို မော်တေ်ာဘုတ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ပေမယ့် လူပေါင်း ၃၂ ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ ဖြစ်ရပ်ကို ပြန်စစ်ဆေးတဲ့အခါမှာတော့ သင်္ဘောမတိုက်ခင်မှာ သူဟာ သူ့ရဲ့ ချစ်သူကို သဘောၤပေါ်တင်ဆောင်လာခဲ့ပြီး ပလူးနေတဲ့အတွက် ဒီလို ပေါ့ဆမှုဖြစ်ခဲ့တယ်လို့ သိရပြီး ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံခဲ့ရပါတယ်။

၃။ အမေရိကန်သမ္မတကြီး  Warren G. Harding

Warran G Harding ကတော့ သမ္မတမဖြစ်ခင်မှာ သူ့လိုပဲ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Fulton Phillips နဲ့ ဖောက်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကို Harding ရဲ့ မိန်းမက သိသွားတဲ့အခါမှာတော့  သူတို့ရဲ့ ဇာတ်လမ်းကို ရပ်တန်းက ရပ်လိုက်ရပါတယ်။ ဒါပေမယ့် အမှုပွေတာက Fulton Phillips မှာဆီမှာ Harding ပို့တဲ့စာပေါင်း ထောင်ချီရှိနေပြီး တချို့ညစ်ညမ်းအရေးအသားလေးတွေလည်း ပါပါတယ်။ ဒါကြောင့်ပဲ Warren Harding တစ်ယောက် သမ္မတဝင်ပြိုင်တဲ့အခါမှာတော့ ဒီစာတွေ မပျံ့သွားအောင်လို့ Phillips အတွက် အာရှပစိဖိတ်အပျော်ခရီးစဉ်တွေ စီစဉ်ပေးခဲ့ရသလို သူ့ဘဝတစ်သက်တာလုံးအတွက် လုံလောက်တဲ့ ထောက်ပံ့ကြေးကိုလည်း ပေးခဲ့ရပါတယ်။

၄။ Jodie Foster ကိုကြိုက်မိလို့ သမ္မတ Ronald Reagan ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သူ

၁၉၈၁ ခုနှစ်က John Hinckely ဆိုတဲ့ လူတစ်ဦးဟာ ၁၉၇၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Taxi Driver မှာ ဆယ်ကျော်သက်ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်တဲ့ Jodie Foster ကို အရူးအမူးစွဲလမ်းခဲ့ပါတယ်။ ဒါကြောင့်ပဲ Jodi Foster နဲ့နီးဖို့ အမျိုးမျိုးကြံစည်ပြီး Foster တစ်ယောက် Yale တက္ကသိုလ်ကိုတက်တဲ့အချိန်မှာတောင် သူပါ Connecticut ပြည်နယ်ကို ပြောင်းလာပြီး နောက်က တကောက်ကောက်လိုက်ခဲ့ပါသေးတယ်။ စာတွေ၊ ကဗျာတွေကိုလည်း အိမ်တံခါးဝသွားထားတာမျိုး လုပ်ပြီး နောက်ဆုံး Jodi Foster ရဲ့ အဖက်လုပ်ခြင်းမခံရတဲ့အခါ သူ့ရှေ့မှာ သတ်သေဖို့အထိ ကြံစည်ခဲ့ပါတယ်။

ဒါတင်မဟုတ်ဘဲ လေယာဉ်ပြန်ပေးဆွဲတာအထိ လုပ်ဖို့ ကြံခဲ့ပြီး နောက်ဆုံးမှာ Jodi Foster အာရုံစိုက်အောင်လို့သမ္မတရော်နယ်ရေဂင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာပါ။ သမ္မတကို သေနတ်နဲ့ ပစ်တဲ့အခါမှာ ရေဂင်ရဲ့ ရင်ဘတ်ကို ထိမှန်ခဲ့သလို Press  Secretary James Brady ကိုလည်း ထိမှန်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့ပါတယ်။

၅။ Wallis Simpson ကို ချစ်မိလို့ နန်းစွန့်ခဲ့တဲ့ Edward ဘုရင်

Edward နဲ့ Wallis တို့ စတွေ့တုန်းက Wallis က အမေရိကန်သူဖြစ်ပြီးတော့ Ernest Simpson ဆိုတဲ့သူရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ Ernest ဟာ Wallis ရဲ့ ဒုတိယအိမ်ထောင်ဖြစ်ပြီး ၁၉၃၄ ခုနှစ်မှာတော့ အက်ဒ်ဝပ်နဲ့ ဝေါလစ်ဟာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ၁၉၃၆ ခုနှစ်မှာတော့ အက်ဒ်ဝပ်ရဲ့ ဖခင် King George V ကွယ်လွန်ပြီး အက်ဒ်ဝပ်တစ်ယောက်နန်းတက်ခဲ့ပါတော့တယ်။

နန်းတက်သွားရင်တော့ သူတို့ရဲ့ အချစ်ရေးဆက်ဖို့ မဖြစ်နိုင်ဘူးထင်ပေမယ့် ရှိသမျှအခက်အခဲအားလုံးဖြတ်ကျော်ပြီး Wallis ကို လက်ထပ်ယူခဲ့ပါတယ်။ ဒီလို လက်ထပ်လိုက်တဲ့အတွက် ထီးနန်းစွန့်ခဲ့ရပြီး သူ့ထီးနန်းသက်ဟာ စုစုပေါင်း ၃၂၆ ရက်ပဲ ကြာခဲ့ပြီး ဗြိတိန်သမိုင်းမှာ နန်းသက်အတိုဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

အချစ်အတွက် ရူးမိုက်ကြတယ်ဆိုတာ အပြောမဟုတ်၊ လက်တွေ့ဖြစ်ကြောင်း ဒီအဖြစ်အပျက်တွေက သက်သေပြနေခဲ့ပါတယ်။

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.unbelievablefacts.com