[Zawgyi]

ခ်စ္သူမိန္းကေလးရဲ႕ ဓါတ္ပံုလွလွေနာက္ကြယ္က အႏိုင္က်င့္ခံေနရတဲ့ ေယာက္်ားတို႔ဘဝ

Facebook၊ Twitter နဲ႔ တျခားေသာ လူမႈကြန္ရက္ေတြဟာ လူသားတို႔ဘဝမွာ ေနရာယူစိုးမိုးလာတာနဲ႔အမွ် သူတို႔အေပၚမွာ စြဲလမ္းစိတ္ဟာလည္း တစ္ေန႔တျခားျမင့္တက္လာပါတယ္။

ေလ့လာမႈစစ္တမ္းေတြအရ စစ္ထုတ္လိုက္တဲ့အခါ မိန္းကေလးေတြဟာ ေယာက္်ားေလးေတြထက္ပိုၿပီး လူမႈကြန္ရက္ေတြကို စြဲလန္းမႈျပင္းထန္တတ္ၾကပါတယ္။ အေၾကာင္းကေတာ့ မိန္းကေလးေတြဟာ ကိုယ့္ရဲ႕အလွအပ၊ ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႔ စိတ္ခံစားခ်က္ေတြကို ေဖာ္ထုတ္ခ်င္ၾကတဲ့ စိတ္အခံပိုမ်ားလို႔ပါ။

ဒါ့ေၾကာင့္ Facebook နဲ႔ Instagram တို႔လိုလူမႈကြန္ရက္ေတြမွာ မိန္းမလွေလးေတြရဲ႕ ပံုေလးေတြက အမ်ားဆံုးေနရာယူထားၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ အဲ့ဒီဓါတ္ပံုေလးေတြရဲ႕ ေနာက္ကြယ္မွာေတာ့ ကိုယ့္မိန္းကေလးလွပဖို႔ စိတ္ပါပါ၊ မပါပါ ဓါတ္ပံု၊ ဗီဒီယို႐ိုက္ေပး၊ ပံုရိပ္မွတ္တမ္းတင္ေပးရတဲ့ ခ်စ္သူရည္းစားေကာင္ေလးေတြရွိတတ္ၾကပါတယ္။

မိန္းကေလးတစ္ေယာက္တည္း ပန္းခင္းႀကီးထဲမွာ၊ ကမ္းေျခမွာ၊ ေတာင္ေပၚမွာ၊ ေကာ္ဖီဆိုင္လွလွေလးမွာထိုင္ေနတဲ့ ပံုေလးေတြဟာ တကယ္တမ္းၾကည့္ရင္ေတာ့ ေနာက္ကြယ္က ဓါတ္ပံု႐ိုက္ေပးသူ သူငယ္ခ်င္း ဒါမွမဟုတ္ ခ်စ္သူေကာင္ေလးရွိေနတတ္တာ ဓမၼတာပါပဲ။

အမ်ားဆံုး ဒုကၡခံရတာကေတာ့ ခ်စ္သူရည္းစားေတြပါ။ ကိုယ့္မိန္းကေလးလွဖို႔ ပံုပ်က္ခံၿပီး စိတ္ရွည္လက္ရွည္ ဓါတ္ပံု႐ိုက္ေပးရတဲ့ ေယာက္်ားေလးတို႔ဘဝဟာ သနားစရာပါ။

ဒီလို ပံုလွလွေလးေတြ ေနာက္ကြယ္က ခ်စ္သူရည္းစားေတြကို Instagram မွာ Boyfriends of Instagram ဆိုတဲ့ပံုေလးေတြနဲ႔ တက္လာတာကိုလည္း ေတြ႕ရပါတယ္။

ဒီလိုပံုလွလွေလးေတြကို မၿငီးမျငဴ ႐ိုက္ေပးဖို႔ဆိုတာလည္း ေတာ္ေတာ္ကို ခ်စ္တတ္တဲ့ေယာက္်ားေတြမွ ျဖစ္မွာပါ။

ဒီေလာက္ခ်စ္တတ္တဲ့ ေယာက္်ားေတြရဲ႕ လွ်ပ္တျပက္ပံုေလးေတြထဲက Instagram မွာတက္လာတဲ့ပံုေလးေတြကို ေဝေဝဆာဆာေဖာ္ျပေပးလိုက္ရပါတယ္။

တကယ့္ စိတ္ရွည္သီးခံသူ အာဂအမ်ိဳးသားမ်ားပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

ချစ်သူမိန်းကလေးရဲ့ ဓါတ်ပုံလှလှနောက်ကွယ်က အနိုင်ကျင့်ခံနေရတဲ့ ယောက်ျားတို့ဘဝ

Facebook၊ Twitter နဲ့ တခြားသော လူမှုကွန်ရက်တွေဟာ လူသားတို့ဘဝမှာ နေရာယူစိုးမိုးလာတာနဲ့အမျှ သူတို့အပေါ်မှာ စွဲလမ်းစိတ်ဟာလည်း တစ်နေ့တခြားမြင့်တက်လာပါတယ်။

လေ့လာမှုစစ်တမ်းတွေအရ စစ်ထုတ်လိုက်တဲ့အခါ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုပြီး လူမှုကွန်ရက်တွေကို စွဲလန်းမှုပြင်းထန်တတ်ကြပါတယ်။ အကြောင်းကတော့ မိန်းကလေးတွေဟာ ကိုယ့်ရဲ့အလှအပ၊ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ခံစားချက်တွေကို ဖော်ထုတ်ချင်ကြတဲ့ စိတ်အခံပိုများလို့ပါ။

ဒါ့ကြောင့် Facebook နဲ့ Instagram တို့လိုလူမှုကွန်ရက်တွေမှာ မိန်းမလှလေးတွေရဲ့ ပုံလေးတွေက အများဆုံးနေရာယူထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဓါတ်ပုံလေးတွေရဲ့ နောက်ကွယ်မှာတော့ ကိုယ့်မိန်းကလေးလှပဖို့ စိတ်ပါပါ၊ မပါပါ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ပေး၊ ပုံရိပ်မှတ်တမ်းတင်ပေးရတဲ့ ချစ်သူရည်းစားကောင်လေးတွေရှိတတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်တည်း ပန်းခင်းကြီးထဲမှာ၊ ကမ်းခြေမှာ၊ တောင်ပေါ်မှာ၊ ကော်ဖီဆိုင်လှလှလေးမှာထိုင်နေတဲ့ ပုံလေးတွေဟာ တကယ်တမ်းကြည့်ရင်တော့ နောက်ကွယ်က ဓါတ်ပုံရိုက်ပေးသူ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူကောင်လေးရှိနေတတ်တာ ဓမ္မတာပါပဲ။

အများဆုံး ဒုက္ခခံရတာကတော့ ချစ်သူရည်းစားတွေပါ။ ကိုယ့်မိန်းကလေးလှဖို့ ပုံပျက်ခံပြီး စိတ်ရှည်လက်ရှည် ဓါတ်ပုံရိုက်ပေးရတဲ့ ယောက်ျားလေးတို့ဘဝဟာ သနားစရာပါ။

ဒီလို ပုံလှလှလေးတွေ နောက်ကွယ်က ချစ်သူရည်းစားတွေကို Instagram မှာ Boyfriends of Instagram ဆိုတဲ့ပုံလေးတွေနဲ့ တက်လာတာကိုလည်း တွေ့ရပါတယ်။

ဒီလိုပုံလှလှလေးတွေကို မငြီးမငြူ ရိုက်ပေးဖို့ဆိုတာလည်း တော်တော်ကို ချစ်တတ်တဲ့ယောက်ျားတွေမှ ဖြစ်မှာပါ။

ဒီလောက်ချစ်တတ်တဲ့ ယောက်ျားတွေရဲ့ လျှပ်တပြက်ပုံလေးတွေထဲက Instagram မှာတက်လာတဲ့ပုံလေးတွေကို ဝေဝေဆာဆာဖော်ပြပေးလိုက်ရပါတယ်။

တကယ့် စိတ်ရှည်သီးခံသူ အာဂအမျိုးသားများပါပဲ။

EiEiKhineMinn (Akhayar)