[Zawgyi]

ဒီပိုင္း Depay ရဲ႕ေျခစြမ္းအေကာင္းဆံုးအေနအထားကုိ ေရာက္ေနျပီလား

နယ္သာလန္တုိက္စစ္ကစားသမား ဒီပိုင္း Depay ရဲ႕ေျခစြမ္းအေကာင္းဆံုးအေနအထားကုိ ေရာက္ေနျပီလားဆိုတာ စဥ္းစားရေတာ႔မယ္႔ အခ်ိန္ကိုေရာက္ေနပါျပီ။ မန္ယူအသင္းမွာ ႐ုန္းကန္ခဲ႔ရတဲ႔ နယ္သာလန္ၾကယ္ပြင္႔ဟာ လက္ရိွမွာ စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ေတာက္ပလို႔ေနပါတယ္။ မန္ယူအသင္းကေန လိုင္ယြန္အသင္းကို ေျပာင္းေရႊ႕အျပီးမွာေတာ႔ ဒီပိုင္း ဟာ ပံုစံေကာင္းတစ္ခုကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ႔ျပီး က်ဆင္းမႈေတြရိွေနတဲ႔ ႏိုင္ငံအသင္းျဖစ္တဲ႔ နယ္သာလန္အသင္းကိုလည္း အေကာင္းဆံုးဦးေဆာင္ခဲ႔သလို လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ေစခဲ႔ပါတယ္။

Depay

Depay

၂၀၁၈ ခုႏွစ္ဟာ ဒီပိုင္းရဲ႕ ႏွစ္မ်ားလားဆိုတာေတြးခ်င္စရာပါပဲ။ ဘာလို႔လည္းဆိုေတာ႔ ဒီပိုင္း ဟာ ၂၀၁၈ ခုႏွစ္အတြင္းမွာ လက္ရိွအခ်ိန္ထိ ကလပ္နဲ႔ႏိုင္ငံ (၂)ခုေပါင္း (၅၂)ပြဲကစားထားျပီး အသင္းဂိုးရရိွႏိုင္ဖို႔ ပါ၀င္ပတ္သက္မႈ (၄၁)ၾကိမ္ထိရိွခဲ႔သလို (၂၃)ဂိုးသြင္း ၊ ဂိုးဖန္တီးမႈ (၁၈)ၾကိမ္ျပဳလုပ္ႏိုင္ခဲ႔ပါတယ္။ မန္ယူအသင္းမွာ ကစားတုနး္က ေျခစြမ္းေျခစရိွေပမယ္႔ ရင္႔က်က္မႈအားနည္းခဲ႔လို႔ ႐ုန္းကန္ခဲ႔ရတဲ႔ ဒီပိုင္းဟာ လက္ရိွမွာေတာ႔ အရင္ကထက္ ပိုတည္ျငိမ္ေနခဲ႔ျပီလို႔ ယူဆရမွာပါ။

Depay-ManU

Depay-ManU

ဒီပိုင္းဟာ မန္ယူအသင္းကို ခုခ်ိန္ထိသံေယာဇဥ္မကုန္ေသးဘဲ အားေပးေနတဲ႔ ကစားသမားဆိုတာ အားလံုးအသိပါ။ ဒီပိုင္းနဲ႔ မန္ယူတို႔ၾကားမွာ ျပန္လည္ေခၚယူခြင္႔ဆိုတဲ႔ အခ်က္ရိွေနတာေၾကာင္႔ မန္ယူပရိသတ္ေတြဟာလည္း အေကာင္းဆံုးပံုစံရေနတဲ႔ ဒီပိုင္းကို အသင္းအတြက္ျပန္လည္ေခၚယူဖို႔ ဆႏၵရိွေနၾကပါတယ္။ ေဘာလံုးေလာကရဲ႕ ကစားသမားအေျပာင္းအေရႊ႕ဟာ ဘာေတြျဖစ္လာမလဲဆိုတာ မွန္းဆရခက္ခဲတာေၾကာင္႔ ဒီပိုင္းရဲ႕ အနာဂတ္ကေတာ႔ စိတ္၀င္စားဖို႔ေကာင္းေနတာ အမွန္ပါပဲ။

Ref: Bleacher Report Football
Photo: The Independent , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒီပိုင်း Depay ရဲ့ခြေစွမ်းအကောင်းဆုံးအနေအထားကို ရောက်နေပြီလား

နယ်သာလန်တိုက်စစ်ကစားသမား ဒီပိုင်း Depay ရဲ့ခြေစွမ်းအကောင်းဆုံးအနေအထားကို ရောက်နေပြီလားဆိုတာ စဉ်းစားရတော့မယ့် အချိန်ကိုရောက်နေပါပြီ။ မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရတဲ့ နယ်သာလန်ကြယ်ပွင့်ဟာ လက်ရှိမှာ စွမ်းဆောင်ရည်ကောင်းတွေနဲ့ တောက်ပလို့နေပါတယ်။ မန်ယူအသင်းကနေ လိုင်ယွန်အသင်းကို ပြောင်းရွှေ့အပြီးမှာတော့ ဒီပိုင်း ဟာ ပုံစံကောင်းတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး ကျဆင်းမှုတွေရှိနေတဲ့ နိုင်ငံအသင်းဖြစ်တဲ့ နယ်သာလန်အသင်းကိုလည်း အကောင်းဆုံးဦးဆောင်ခဲ့သလို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်စေခဲ့ပါတယ်။

Depay

Depay

၂၀၁၈ ခုနှစ်ဟာ ဒီပိုင်းရဲ့ နှစ်များလားဆိုတာတွေးချင်စရာပါပဲ။ ဘာလို့လည်းဆိုတော့ ဒီပိုင်း ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ လက်ရှိအချိန်ထိ ကလပ်နဲ့နိုင်ငံ (၂)ခုပေါင်း (၅၂)ပွဲကစားထားပြီး အသင်းဂိုးရရှိနိုင်ဖို့ ပါဝင်ပတ်သက်မှု (၄၁)ကြိမ်ထိရှိခဲ့သလို (၂၃)ဂိုးသွင်း ၊ ဂိုးဖန်တီးမှု (၁၈)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းမှာ ကစားတုန်းက ခြေစွမ်းခြေစရှိပေမယ့် ရင့်ကျက်မှုအားနည်းခဲ့လို့ ရုန်းကန်ခဲ့ရတဲ့ ဒီပိုင်းဟာ လက်ရှိမှာတော့ အရင်ကထက် ပိုတည်ငြိမ်နေခဲ့ပြီလို့ ယူဆရမှာပါ။

Depay-ManU

Depay-ManU

ဒီပိုင်းဟာ မန်ယူအသင်းကို ခုချိန်ထိသံယောဇဉ်မကုန်သေးဘဲ အားပေးနေတဲ့ ကစားသမားဆိုတာ အားလုံးအသိပါ။ ဒီပိုင်းနဲ့ မန်ယူတို့ကြားမှာ ပြန်လည်ခေါ်ယူခွင့်ဆိုတဲ့ အချက်ရှိနေတာကြောင့် မန်ယူပရိသတ်တွေဟာလည်း အကောင်းဆုံးပုံစံရနေတဲ့ ဒီပိုင်းကို အသင်းအတွက်ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေကြပါတယ်။ ဘောလုံးလောကရဲ့ ကစားသမားအပြောင်းအရွှေ့ဟာ ဘာတွေဖြစ်လာမလဲဆိုတာ မှန်းဆရခက်ခဲတာကြောင့် ဒီပိုင်းရဲ့ အနာဂတ်ကတော့ စိတ်ဝင်စားဖို့ကောင်းနေတာ အမှန်ပါပဲ။

Ref: Bleacher Report Football
Photo: The Independent , Goal.com
Ko Kyue(Akhayar)
www.akhayar.com