[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ အမွတ္ရစရာျဖစ္ရပ္မ်ား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြကေတာ့ ျပင္သစ္အသင္းဟာ ခ႐ုိေအးရွားအသင္းကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ယူၿပီး ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ဒုတိယအႀကိမ္ဆြတ္ခူးခဲ့ျခင္းႏွင့္အတူ ကန္႔လန္႔ကာခ်သြားခဲ့ပါၿပီ။ (၁)လၾကာက်င္းပခဲ့တဲ့ ၂၀၁၈ကမၻာ႔ၿပိဳင္ပဲြမွာ ရင္ခုန္စိတ္လႈပ္ရွားစရာျဖစ္ရပ္ေတြက ဒုနဲ႔ေဒးပါပဲ။ ဗုိလ္စဲြဖုိ႔ ေရပန္းစားတဲ့အသင္းေတြ မွန္းခ်က္နဲ႔ႏွမ္းထြက္မကုိက္ခဲ့တာ၊ လက္ရွိခ်န္ပီယံဂ်ာမနီအသင္း အုပ္စုအဆင့္ကပဲ လွည့္ျပန္ခဲ့ရတာ၊ ကမၻာေက်ာ္ေဘာလုံးသမားေတြျဖစ္တဲ့ မက္ဆီ Messi ၊ စီေရာ္နယ္လ္ဒုိ C.Ronaldo ၊ ေနမာ Neymar ပရိသတ္ေတြ ေမွ်ာ္လင့္သလုိ ေအာင္ျမင္မႈမရခဲ့တာ စသျဖင့္ေပ့ါ။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ အမွတ္ရစရာျဖစ္ရပ္ေတြထဲက ပရိသတ္နဲ႔အႀကိဳက္တူမယ့္အျဖစ္အပ်က္ေတြကုိ ျပန္လည္ေဖာ္ျပလုိက္ပါတယ္ . . .

C.Ronaldo-Score-Hat-Trick

C.Ronaldo-Score-Hat-Trick

စီေရာ္နယ္လ္ဒုိရဲ႕ဟက္ထရစ္
၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပရိသတ္ေတြရဲ႕ အာ႐ုံကုိ စတင္ဖမ္းစားခဲ့တဲ့သူက ထုံးစံအတိုင္း စီေရာ္နယ္လ္ဒုိပါပဲ။ စပိန္နဲ႔(၃)ဂုိးစီသေရက်ခဲ့တဲ့ အုပ္စုအဖြင့္ပဲြမွာ ဟက္ထရစ္သြင္းယူၿပီး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ ပထမဆုံးဟက္ထရစ္ပုိင္ရွင္၊ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕အသက္အႀကီးဆုံး(၃၃ႏွစ္)ဟက္ထရစ္သြင္းယူသူအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ဒါ့အျပင္ စီေရာ္နယ္လ္ဒုိဟာ အဓိက ႏုိင္ငံတကာၿပိဳင္ပဲြ(၈)ႀကိမ္(ယူ႐ုိ-၂၀၀၄၊ ၂၀၀၆ ကမၻာ႔ဖလား၊ ယူ႐ုိ-၂၀၀၈၊ ၂၀၁၀ ကမၻာ႔ဖလား၊ ယူ႐ုိ-၂၀၁၂၊ ၂၀၁၄ ကမၻာ႔ဖလား၊ ယူ႐ုိ-၂၀၁၆၊ ၂၀၁၈ ကမၻာ႔ဖလား)ဆက္ ဂုိးသြင္းခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏုိင္ခဲ့ပါေသးတယ္။

Messi-Penalty-Miss

Messi-Penalty-Miss

အုိက္စလန္နဲ႔ပဲြမွာ အရည္ေပ်ာ္သြားတဲ့ သံမဏိ မက္ဆီ
မက္ဆီဆုိတာ ၿပိဳင္ဘက္အသင္းတိုင္းရဲ႕ အိပ္မက္ဆုိး၊ နတ္ဆုိးတစ္ပါးလုိ႔ တင္စားခံခဲ့ရသူ။ သြင္းဂုိးတစ္ဂုိးရဖုိ႔ဆုိတာ မက္ဆီအတြက္ လြယ္ကူလြန္းတဲ့အရာတစ္ခု။ ဒါေပမဲ့ အုိက္စလန္နဲ႔ပဲြမွာ သံမဏိမက္ဆီ အရည္ေပ်ာ္သြားခဲ့တယ္။ ေဘာလုံးသမားစစ္စစ္ဆုိလုိ႔ လက္ခ်ိဳးေရလုိ႔ရတဲ့ အုိက္စလန္အသင္းက မက္ဆီဆုိတဲ့ ကမၻာ႔အေကာင္းဆုံးေဘာလုံးသမားကုိ ထိပ္ပုတ္ခဲ့တယ္။ ႐ုပ္ရွင္ဒါ႐ုိက္တာအျဖစ္ကေန ဂုိးသမားအျဖစ္ ဘ၀ေျပာင္းလဲခဲ့တဲ့ အုိက္စလန္ဂုိးသမား ဟယ္လ္ေဒၚဆန္ Halldorsson က မက္ဆီရဲ႕ ပယ္နယ္တီ ပယ္နယ္တီကုိ ကာကြယ္ၿပီး သူရဲေကာင္းဘဲြ႕ခံယူသြားတယ္။ ေနာက္တစ္ခါ အုိက္စလန္နဲ႔ေတြ႕ရင္ ျပန္လက္စားေခ်ႏုိင္ဖုိ႔ မက္ဆီ ဆႏၵရွိေနမလား . .

Toni-Kroos-Goal-against-Sweden

Toni-Kroos-Goal-against-Sweden

ဗီလိန္ကေန ဟီ႐ုိးျဖစ္ခဲ့တဲ့ တိုနီက႐ူးစ္ Toni Kroos
ဂ်ာမနီအသင္း အုပ္စုကထြက္ခဲ့ရတဲ့အတြက္ လက္ညိွဳးထုိးခံခဲ့ရသူေတြထဲမွာ တိုနီက႐ူးစ္ Toni Kroos လည္း အပါအ၀င္ပါ။ ဆြီဒင္ကုိ (၂-၁)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ပဲြမွာလည္း ဗီလိန္အျဖစ္နဲ႔ တံဆိပ္ကပ္ခံရမယ့္ဆဲဆဲမွာ Magic Free kick ဂုိးေၾကာင့္ ဟီ႐ုိးျပန္ျဖစ္ခဲ့တယ္။ ဆြီဒင္အသင္းရခဲ့တဲ့ အဖြင့္ဂုိးက က႐ူးစ္ရဲ႕ လူေပးမွားမႈ၊ Marking ည့ံဖ်င္းမႈတို႔ေၾကာင့္ ေပးခဲ့ရတာျဖစ္ေပမယ့္ ေနာက္ဆုံးမိနစ္မွာ ဂ်ာမနီတို႔ရဲ႕ ႏုိင္ပဲြကုိ ယူေဆာင္ေပးႏုိင္ခဲ့တယ္။

Germany-Out-Of-World-Cup-Group

Germany-Out-Of-World-Cup-Group

အုပ္စုက အရွက္တကဲြထြက္ခဲ့ရတဲ့ ဂ်ာမနီ
ကမၻာ႔ဖလားမွာ လက္ရွိခ်န္ပီယံအသင္းေတြ အုပ္စုအဆင့္က ေစာေစာစီးစီးထြက္ခဲ့ရဖူးတဲ့ ၾကမၼာဆုိးက ဂ်ာမနီအသင္းကုိလည္း ႐ုိက္ခတ္ခဲ့တယ္။ တိတိက်က်ေျပာရရင္ ၂၀၀၆ ကမၻာ႔ဖလားမွာ ဘရာဇီးလ္ကလဲြလုိ႔ ၂၀၀၂-ျပင္သစ္၊ ၂၀၁၀-အီတလီ၊ ၂၀၁၄-စပိန္၊ ၂၀၁၈-ဂ်ာမနီ တို႔က အုပ္စုကထြက္ခဲ့ရတယ္။ ေနာက္တစ္ခုက ကမၻာ႔ဖလားမွာ ႏွစ္ႀကိမ္ဆက္ဗုိလ္စဲြတဲ့အသင္းမရွိတာ (၅၆)ႏွစ္ၾကာေနၿပီ။ ဂ်ာမနီအသင္းအတြက္ ၾကမၼာဆုိးေတြကုိ ယူေဆာင္လာခဲ့တဲ့အသင္းက ေတာင္ကုိရီးယား။ ၂၀၀၂ ကမၻာ႔ဖလားဆီမီးဖုိင္နယ္တုန္းက အႏုိင္ယူခဲ့တဲ့ ဂ်ာမန္ေတြကုိ လွလွပပႀကီး ျပန္လက္စားေခ်ႏုိင္ခဲ့တဲ့အျပင္ လက္ရွိခ်န္ပီယံအသင္းကုိ သူတုိ႔နဲ႔အတူ အိမ္ျပန္ရေအာင္ လုပ္ျပခဲ့တယ္။

England-Ends-Penalty-Curse

England-Ends-Penalty-Curse

ပယ္နယ္တီက်ိန္စာဆုိး ပ်က္ျပယ္ခဲ့တဲ့ အဂၤလန္
အဂၤလန္အသင္းအတြက္ ပယ္နယ္တီအဆုံးအျဖတ္ခံၿပီဆုိရင္ ႐ႈံးဖုိ႔က (၈၀)ရာခုိင္ႏႈန္းေလာက္အထိ ေသခ်ာေနၿပီလုိ႔ ဆုိရမယ္။ အခုကမၻာ႔ဖလားမတိုင္ခင္ အဓိကႏုိင္ငံတကာၿပိဳင္ပဲြေနာက္ဆုံး(၁၂)ႀကိမ္မွာ အဂၤလန္အသင္း ပယ္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရတာက (၆)ပဲြရွိခဲ့ၿပီး တစ္ႀကိမ္သာ အႏုိင္ရခဲ့ဖူးတယ္။ ဒါေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလား ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြအျဖစ္ ကုိလံဘီယာနဲ႔ရင္ဆုိင္ခဲ့ရတုန္းက ပယ္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရတဲ့အတြက္ ဒီတစ္ႀကိမ္မွာေရာ ပယ္နယ္တီက်ိန္စာဆုိးက အသက္၀င္ေနဦးမလားဆုိၿပီး အဂၤလန္ပရိသတ္ေတြ ရင္တထိတ္ထိတ္နဲ႔ေပါ့။ ဒါေပမဲ့ အဂၤလန္အသင္း ပယ္နယ္တီၾကမၼာဆုိးကုိ ေခ်ဖ်က္ျပႏုိင္ခဲ့ပါတယ္။ ကုိလံဘီယာကုိ (၃-၄)ဂုိးနဲ႔ အႏုိင္ရၿပီး ဂုိးသမား ပစ္ဖုိ႔ဒ္ Pickford က အဂၤလန္အသင္းရဲ႕ သူရဲေကာင္းျဖစ္ခဲ့ရတယ္။

Mbappe

Mbappe

Flash သုိ႔မဟုတ္ ဘာေပ Mbappe
Super Hero တစ္ဦးျဖစ္တဲ့ Flash ကုိ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပရိသတ္ေတြ ျမင္ေတြ႕လုိက္ရဲ႕လား။ ျပင္သစ္အသင္းရဲ႕လူငယ္ၾကယ္ပြင့္ ဘာေပ Mbappe ဟာ ျပင္ပေလာကက Flash လုိ Hero တစ္ဦးလုိ႔ တင္စားရင္ မွားမယ္မထင္ပါဘူး။ သူ႔ရဲ႕ လ်င္ျမန္တဲ့ေျပးအားေၾကာင့္ ၿပိဳင္ဘက္အသင္းက ခံစစ္ကစားသမားေတြ အလဲအလဲအၿပိဳၿပိဳျဖစ္ခဲ့ရတာက မနည္းမေနာပါ။ ဗုိလ္လုပဲြမွာ ဂုိးသြင္းၿပီးခ်ိန္မွာ ၁၉၅၈ က ဘရာဇီး္လ္ ဂႏၳ၀င္ပီလီ Pele ေနာက္ပုိင္း ကမၻာ႔ဖလားဗုိလ္လုပဲြရဲ႕အသက္အငယ္ဆုံးဂုိးသြင္းသူ၊ ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ပါ၀င္ကစားခဲ့တဲ့ တတိယေျမာက္ ဆယ္ေက်ာ္သက္ကစားသမား စတဲ့ဂုဏ္ပုဒ္ေတြအျပင္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုကုိပါ ရယူခဲ့တယ္။

ကဲ. ..ပရိသတ္ႀကီးေရ။ အခုေဖာ္ျပခဲ့တာက ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြက အမွတ္ရစရာျဖစ္ရပ္ေတြထဲက တခ်ိဳ႕ကုိ ေဖာ္ျပခဲ့တာျဖစ္တာေၾကာင့္ က်န္ခဲ့တာေတြလည္း ရွိေကာင္းရွိပါလိမ့္မယ္။ ပရိသတ္ေတြအေနနဲ႔လည္း ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ကုိယ့္စိတ္ထဲ စဲြထင္က်န္ခဲ့တဲ့အျဖစ္အပ်က္ေတြကုိ ေျပာျပခဲ့ပါဦးလား . .

REF:Sky Sports
Photo:Golazzoo,Sporting News,The Independent,DNA India
Naing Linn (Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အမှတ်ရစရာဖြစ်ရပ်များ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ပြင်သစ်အသင်းဟာ ခရိုအေးရှားအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်ဆွတ်ခူးခဲ့ခြင်းနှင့်အတူ ကန့်လန့်ကာချသွားခဲ့ပါပြီ။ (၁)လကြာကျင်းပခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ပြိုင်ပွဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ရပ်တွေက ဒုနဲ့ဒေးပါပဲ။ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တာ၊ လက်ရှိချန်ပီယံဂျာမနီအသင်း အုပ်စုအဆင့်ကပဲ လှည့်ပြန်ခဲ့ရတာ၊ ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို C.Ronaldo ၊ နေမာ Neymar ပရိသတ်တွေ မျှော်လင့်သလို အောင်မြင်မှုမရခဲ့တာ စသဖြင့်ပေ့ါ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အမှတ်ရစရာဖြစ်ရပ်တွေထဲက ပရိသတ်နဲ့အကြိုက်တူမယ့်အဖြစ်အပျက်တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ် . . .

C.Ronaldo-Score-Hat-Trick

C.Ronaldo-Score-Hat-Trick

စီရော်နယ်လ်ဒိုရဲ့ဟက်ထရစ်
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ အာရုံကို စတင်ဖမ်းစားခဲ့တဲ့သူက ထုံးစံအတိုင်း စီရော်နယ်လ်ဒိုပါပဲ။ စပိန်နဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ ဟက်ထရစ်သွင်းယူပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးဟက်ထရစ်ပိုင်ရှင်၊ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အသက်အကြီးဆုံး(၃၃နှစ်)ဟက်ထရစ်သွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ အဓိက နိုင်ငံတကာပြိုင်ပွဲ(၈)ကြိမ်(ယူရို-၂၀၀၄၊ ၂၀၀၆ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၂၊ ၂၀၁၄ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၆၊ ၂၀၁၈ ကမ္ဘာ့ဖလား)ဆက် ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါသေးတယ်။

Messi-Penalty-Miss

Messi-Penalty-Miss

အိုက်စလန်နဲ့ပွဲမှာ အရည်ပျော်သွားတဲ့ သံမဏိ မက်ဆီ
မက်ဆီဆိုတာ ပြိုင်ဘက်အသင်းတိုင်းရဲ့ အိပ်မက်ဆိုး၊ နတ်ဆိုးတစ်ပါးလို့ တင်စားခံခဲ့ရသူ။ သွင်းဂိုးတစ်ဂိုးရဖို့ဆိုတာ မက်ဆီအတွက် လွယ်ကူလွန်းတဲ့အရာတစ်ခု။ ဒါပေမဲ့ အိုက်စလန်နဲ့ပွဲမှာ သံမဏိမက်ဆီ အရည်ပျော်သွားခဲ့တယ်။ ဘောလုံးသမားစစ်စစ်ဆိုလို့ လက်ချိုးရေလို့ရတဲ့ အိုက်စလန်အသင်းက မက်ဆီဆိုတဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကို ထိပ်ပုတ်ခဲ့တယ်။ ရုပ်ရှင်ဒါရိုက်တာအဖြစ်ကနေ ဂိုးသမားအဖြစ် ဘဝပြောင်းလဲခဲ့တဲ့ အိုက်စလန်ဂိုးသမား ဟယ်လ်ဒေါ်ဆန် Halldorsson က မက်ဆီရဲ့ ပယ်နယ်တီ ပယ်နယ်တီကို ကာကွယ်ပြီး သူရဲကောင်းဘွဲ့ခံယူသွားတယ်။ နောက်တစ်ခါ အိုက်စလန်နဲ့တွေ့ရင် ပြန်လက်စားချေနိုင်ဖို့ မက်ဆီ ဆန္ဒရှိနေမလား . .

Toni-Kroos-Goal-against-Sweden

Toni-Kroos-Goal-against-Sweden

ဗီလိန်ကနေ ဟီရိုးဖြစ်ခဲ့တဲ့ တိုနီကရူးစ် Toni Kroos
ဂျာမနီအသင်း အုပ်စုကထွက်ခဲ့ရတဲ့အတွက် လက်ညှိုးထိုးခံခဲ့ရသူတွေထဲမှာ တိုနီကရူးစ် Toni Kroos လည်း အပါအဝင်ပါ။ ဆွီဒင်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဗီလိန်အဖြစ်နဲ့ တံဆိပ်ကပ်ခံရမယ့်ဆဲဆဲမှာ Magic Free kick ဂိုးကြောင့် ဟီရိုးပြန်ဖြစ်ခဲ့တယ်။ ဆွီဒင်အသင်းရခဲ့တဲ့ အဖွင့်ဂိုးက ကရူးစ်ရဲ့ လူပေးမှားမှု၊ Marking ညံ့ဖျင်းမှုတို့ကြောင့် ပေးခဲ့ရတာဖြစ်ပေမယ့် နောက်ဆုံးမိနစ်မှာ ဂျာမနီတို့ရဲ့ နိုင်ပွဲကို ယူဆောင်ပေးနိုင်ခဲ့တယ်။

Germany-Out-Of-World-Cup-Group

Germany-Out-Of-World-Cup-Group

အုပ်စုက အရှက်တကွဲထွက်ခဲ့ရတဲ့ ဂျာမနီ
ကမ္ဘာ့ဖလားမှာ လက်ရှိချန်ပီယံအသင်းတွေ အုပ်စုအဆင့်က စောစောစီးစီးထွက်ခဲ့ရဖူးတဲ့ ကြမ္မာဆိုးက ဂျာမနီအသင်းကိုလည်း ရိုက်ခတ်ခဲ့တယ်။ တိတိကျကျပြောရရင် ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်ကလွဲလို့ ၂၀၀၂-ပြင်သစ်၊ ၂၀၁၀-အီတလီ၊ ၂၀၁၄-စပိန်၊ ၂၀၁၈-ဂျာမနီ တို့က အုပ်စုကထွက်ခဲ့ရတယ်။ နောက်တစ်ခုက ကမ္ဘာ့ဖလားမှာ နှစ်ကြိမ်ဆက်ဗိုလ်စွဲတဲ့အသင်းမရှိတာ (၅၆)နှစ်ကြာနေပြီ။ ဂျာမနီအသင်းအတွက် ကြမ္မာဆိုးတွေကို ယူဆောင်လာခဲ့တဲ့အသင်းက တောင်ကိုရီးယား။ ၂၀၀၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တုန်းက အနိုင်ယူခဲ့တဲ့ ဂျာမန်တွေကို လှလှပပကြီး ပြန်လက်စားချေနိုင်ခဲ့တဲ့အပြင် လက်ရှိချန်ပီယံအသင်းကို သူတို့နဲ့အတူ အိမ်ပြန်ရအောင် လုပ်ပြခဲ့တယ်။

England-Ends-Penalty-Curse

England-Ends-Penalty-Curse

ပယ်နယ်တီကျိန်စာဆိုး ပျက်ပြယ်ခဲ့တဲ့ အင်္ဂလန်
အင်္ဂလန်အသင်းအတွက် ပယ်နယ်တီအဆုံးအဖြတ်ခံပြီဆိုရင် ရှုံးဖို့က (၈၀)ရာခိုင်နှုန်းလောက်အထိ သေချာနေပြီလို့ ဆိုရမယ်။ အခုကမ္ဘာ့ဖလားမတိုင်ခင် အဓိကနိုင်ငံတကာပြိုင်ပွဲနောက်ဆုံး(၁၂)ကြိမ်မှာ အင်္ဂလန်အသင်း ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာက (၆)ပွဲရှိခဲ့ပြီး တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးတယ်။ ဒါကြောင့် ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ် ကိုလံဘီယာနဲ့ရင်ဆိုင်ခဲ့ရတုန်းက ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတဲ့အတွက် ဒီတစ်ကြိမ်မှာရော ပယ်နယ်တီကျိန်စာဆိုးက အသက်ဝင်နေဦးမလားဆိုပြီး အင်္ဂလန်ပရိသတ်တွေ ရင်တထိတ်ထိတ်နဲ့ပေါ့။ ဒါပေမဲ့ အင်္ဂလန်အသင်း ပယ်နယ်တီကြမ္မာဆိုးကို ချေဖျက်ပြနိုင်ခဲ့ပါတယ်။ ကိုလံဘီယာကို (၃-၄)ဂိုးနဲ့ အနိုင်ရပြီး ဂိုးသမား ပစ်ဖို့ဒ် Pickford က အင်္ဂလန်အသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့ရတယ်။

Mbappe

Mbappe

Flash သို့မဟုတ် ဘာပေ Mbappe
Super Hero တစ်ဦးဖြစ်တဲ့ Flash ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေ မြင်တွေ့လိုက်ရဲ့လား။ ပြင်သစ်အသင်းရဲ့လူငယ်ကြယ်ပွင့် ဘာပေ Mbappe ဟာ ပြင်ပလောကက Flash လို Hero တစ်ဦးလို့ တင်စားရင် မှားမယ်မထင်ပါဘူး။ သူ့ရဲ့ လျင်မြန်တဲ့ပြေးအားကြောင့် ပြိုင်ဘက်အသင်းက ခံစစ်ကစားသမားတွေ အလဲအလဲအပြိုပြိုဖြစ်ခဲ့ရတာက မနည်းမနောပါ။ ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီးချိန်မှာ ၁၉၅၈ က ဘရာဇီ်းလ် ဂန္ထဝင်ပီလီ Pele နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့တဲ့ တတိယမြောက် ဆယ်ကျော်သက်ကစားသမား စတဲ့ဂုဏ်ပုဒ်တွေအပြင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ရယူခဲ့တယ်။

ကဲ. ..ပရိသတ်ကြီးရေ။ အခုဖော်ပြခဲ့တာက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက အမှတ်ရစရာဖြစ်ရပ်တွေထဲက တချို့ကို ဖော်ပြခဲ့တာဖြစ်တာကြောင့် ကျန်ခဲ့တာတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ပရိသတ်တွေအနေနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုယ့်စိတ်ထဲ စွဲထင်ကျန်ခဲ့တဲ့အဖြစ်အပျက်တွေကို ပြောပြခဲ့ပါဦးလား . .

REF:Sky Sports
Photo:Golazzoo,Sporting News,The Independent,DNA India
Naing Linn (Akhayar)
www.akhayar.com