[Zawgyi]

မန္ခ်က္စတာဒါဘီ သမုိင္းမွာ အေကာင္းဆုံးျဖစ္ခဲ့တဲ့ ပဲြစဥ္မ်ား

ကမၻာတစ္၀ွမ္းက လိဂ္ၿပိဳင္ပဲြေတြမွာ ဒါဘီပဲြေကာင္းေတြ အမ်ားႀကီးရွိပါတယ္။ ဒါဘီၿပိဳင္ဘက္ေတြ ဆုံေတြ႕တဲ့ပဲြတိုင္းမွာ ရင္ခုန္စိတ္လႈပ္ရွားစရာ၊ မထင္မွတ္တဲ့ အေျပာင္းအလဲေတြကုိလည္း အၿမဲလုိလုိ ျမင္ေတြ႕ရခဲ့တယ္။ အဂၤလန္မွာဆုိရင္ မန္ခ်က္စတာဒါဘီက ၿပိဳင္ဆုိင္မႈအျပင္းထန္ဆုံး ဒါဘီေတြထဲမွာ တစ္ခုအပါအ၀င္ပါပဲ။ ဒါေၾကာင့္ မန္ခ်က္စတာဒါဘီ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးျဖစ္ခဲ့တဲ့ ပဲြေတြကုိ ပရိသတ္ေတြ ျပန္လည္အမွတ္ရေစဖုိ႔ ေဖာ္ျပလုိက္ရပါတယ္ . .

မန္ယူ ၀-၁ မန္စီးတီး (၁၉၇၃-၇၄)

Denis-Law-Goal

Denis-Law-Goal

မန္ယူ ပရိသတ္ေတြအတြက္ ဘယ္ေတာ့မွ မေမ့ႏုိင္မယ့္ ပဲြတစ္ပဲြပါ။ မန္ယူအသင္း ပထမတန္းကေန တန္းမဆင္းရေစဖုိ႔ အဆုံးအျဖတ္ျဖစ္တဲ့ မန္စီးတီးနဲ႔ပဲြမွာ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ မန္ယူပရိသတ္ေတြ ေၾကကဲြခဲ့ရတဲ့အျပင္ မန္စီးတီးအတြက္ အႏုိင္ဂုိးသြင္းခဲ့တာက မန္ယူဂႏၳ၀င္ ဒင္းနစ္ေလာ Denis Law ျဖစ္ေနလုိ႔ ပုိၿပီး ထိခုိက္စရာျဖစ္ခဲ့တယ္။ အဲဒီပဲြအၿပီးမွာ ဒင္းနစ္ေလာလည္း သူ႔ဂုိးေၾကာင့္ အသင္းေဟာင္း တန္းဆင္းခဲ့ရလုိ႔ ဟန္မေဆာင္ႏုိင္ဘဲ ၀မ္းနည္းတႀကီး ငိုေၾကြးခဲ့ေတာ့တာပါပဲ။

မန္ယူ ၀-၁ မန္စီးတီးပဲြၾကည့္ရန္ လင့္ခ္

မန္စီးတီး ၂-၃ မန္ယူ (၁၉၉၅-၉၆)

Manchester-City-2-3-Manchester-United-April-6-1996

Manchester-City-2-3-Manchester-United-April-6-1996

ဒီတစ္ခါေတာ့ ၁၉၇၃-၇၄ ရာသီနဲ႔ ေျပာင္းျပန္ျဖစ္သြားတယ္။ မန္စီးတီးအသင္းက တန္းမဆင္းရေအာင္ ႐ုန္းကန္ေနရခ်ိန္ျဖစ္ၿပီး မန္ယူက ခ်န္ပီယံဆုအတြက္ တိုက္ပဲြ၀င္ေနခ်ိန္။ မန္စီးတီးအသင္းရဲ႕ ကြင္းေဟာင္း Maine Road မွာ မန္ယူက (၂-၃)ဂုိးနဲ႔ အႏုိင္ယူခဲ့ၿပီး မန္စီးတီပရိသတ္ေတြရဲ႕ ေမွ်္ာလင့္ခ်က္ကုိ ႐ုိက္ခ်ိဳးျဖတ္စီးခဲ့တယ္။

မန္စီးတီး ၂-၃ မန္ယူ ပဲြၾကည့္ရန္ လင့္ခ္

မန္ယူ ၄-၃ မန္စီးတီး (၂၀၀၉-၁၀)

Michael-Owen-Goal

Michael-Owen-Goal

ေနာက္ဆုံးမိနစ္အထိ ရင္ခုန္စိတ္လႈပ္ရွားခဲ့ရၿပီး နာက်င္အခ်ိန္ပုိ ေနာက္ဆုံးမိနစ္မွာ မန္ယူတိုက္စစ္မွဴး အုိ၀င္ Michael Owen ရဲ႕ အႏုိင္ဂုိးေၾကာင့္ မန္ယူတို႔ အမွတ္ျပည့္ရခဲ့တယ္။ ပဲြက အျပန္အလွန္သြင္းဂုိးေတြနဲ႔ အႀကိတ္အနယ္ရွိခဲ့ၿပီး နာက်င္အခ်ိန္ပုိကုိ (၄)မိနစ္သာ သတ္မွတ္ခဲ့ေပမယ့္ ကြင္းလယ္ဒုိင္ Alan Wiley က (၆)မိနစ္အထိ ေပးခဲ့လုိ႔ မန္စီးတီးနည္းျပ မာ့ခ္ဟုခ်္ Mark Hughes ေဒါသေပါက္ကဲြခဲ့တဲ့ ျဖစ္ရပ္ေတြကလည္း အခုထိ အမွတ္ရစရာပါပဲ။

မန္ယူ ၄-၃ မန္စီးတီးပဲြၾကည့္ရန္ လင့္ခ္

မန္ယူ ၂-၁ မန္စီးတီး (၂၀၁၀-၁၁)

Wayne-Rooney-Goal

Wayne-Rooney-Goal

ဒီပဲြမွာ အမွတ္တရျဖစ္ခဲ့တာက ၀ိန္းရြန္နီ Wayne Rooney ရဲ႕ ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းခဲ့တဲ့ဂုိးပါပဲ။ (၄၁)မိနစ္မွာ နာနီ Nani က အဖြင့္ဂုိးသြင္းခဲ့ေပမယ့္ ေဒးဗစ္ေဆးလ္ဗား David Silva က ေခ်ပဂုိးျပန္သြင္းခဲ့တယ္။ (၇၈)မိနစ္မွာ ညာျခမ္းကေန နာနီ ျဖတ္တင္ေပးလုိက္တာကုိ ရြန္နီက ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းၿပီး မန္ယူအတြက္ ခ်ိဳၿမိန္တဲ့ ႏုိင္ပဲြကုိ ရယူေပးခဲ့တယ္။

မန္ယူ ၂-၁ မန္စီးတီးပဲြၾကည့္ရန္ လင့္ခ္

မန္ယူ ၁-၆ မန္စီးတီး (၂၀၁၁-၁၂)

Balotelli-Celebration

Balotelli-Celebration

ပရီးမီးယားလိဂ္ဖလားကုိ ပထမဆုံးဆြတ္ခူးခဲ့တဲ့ မန္စီးတီးအသင္းဟာ အုိးလ္ထရက္ဖုိ႔ဒ္မွာ ရပ္တန္႔လုိ႔ မရတဲ့ေျခစြမ္းျပသခဲ့ၿပီး မန္ယူအသင္းကုိ ၁၉၅၅ ေဖေဖာ္၀ါရီေနာက္ပုိင္း အဆုိးရြားဆုံး အိမ္ကြင္း႐ႈံးပဲြမွတ္တမ္း ရရွိေစခဲ့တယ္။ အမွတ္ရစရာျဖစ္ခဲ့တာက မန္စီးတီးတိုက္စစ္မွဴး ဘာလုိတယ္လီ Mario Balotelli က ဂုိးသြင္းအၿပီး “Why Always Me” ဆုိတဲ့ စာတန္းပါ အက်ႌနဲ႔ ေအာင္ပဲြခံခဲ့တာပါပဲ။

မန္ယူ ၁-၆ မန္စီးတီးပဲြၾကည့္ရန္ လင့္ခ္

မန္စီးတီး ၂-၃ မန္ယူ (၂၀၁၇-၁၈)

Manchester-City-2-3-Manchester-United-April-7-2018

Manchester-City-2-3-Manchester-United-April-7-2018

ၿပီးခဲ့တဲ့ရာသီက အီတီဟတ္မွာ ကစားခဲ့တဲ့ပဲြကလည္း မန္ခ်က္စတာဒါဘီပဲြ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးပဲြေတြထဲက တစ္ပဲြျဖစ္ခဲ့တယ္။ မန္စီးတီးအသင္းက ပထမပုိင္းမွာ ဧည့္သည္အသင္းကုိ အဖက္ဖက္က အသာစီးနဲ႔ ကစားခဲ့ၿပီး ကြန္ပနီ Kompany ၊ ဂန္ဒုိဂမ္ Gündoğan တို႔ရဲ႕ ဂုိးေတြနဲ႔ (၂)ဂုိးျပတ္ ဦးေဆာင္ေနလုိ႔ မန္ယူေတာ့ အရွက္ကဲြၿပီလုိ႔ ထင္မွတ္ခဲ့တယ္။ ဒါေပမဲ့ ဒုတိယပုိင္းမွာ သူရဲနီစိတ္ဓာတ္အျပည့္နဲ႔ မန္ယူ ျပန္လာႏုိင္ခဲ့ၿပီး ေပါ့ဘာ Pogba (၂)ဂုိး၊ စေမာလင္း Smalling က အႏုိင္ဂုိးေတြ သြင္းယူခဲ့တာေၾကာင့္ (၂-၃)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။

မန္စီးတီး ၂-၃ မန္ယူ ပဲြၾကည့္ရန္ လင့္ခ္

မန္ခ်က္စတာဒါဘီပဲြေတြဟာ အၿမဲလုိလုိ ရင္ခုန္စရာေကာငး္ခဲ့ၿပီး အဲဒီထဲကမွ အေကာင္းဆုံးဆုိတဲ့ ပဲြေတြကုိ ေရြးခ်ယ္ခဲ့တာပါ။ ပရိသတ္ေတြလည္း ကုိယ္အမွတ္ရေနတဲ့ မန္ခ်က္စတာဒါဘီပဲြေတြကုိ ေျပာျပခဲ့ပါဦး . .

REF:sportskeeda
Photo:Getty Images,.citytilidie,Premier League,en.onefootball,The Week UK
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

မန်ချက်စတာဒါဘီ သမိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ပွဲစဉ်များ

ကမ္ဘာတစ်ဝှမ်းက လိဂ်ပြိုင်ပွဲတွေမှာ ဒါဘီပွဲကောင်းတွေ အများကြီးရှိပါတယ်။ ဒါဘီပြိုင်ဘက်တွေ ဆုံတွေ့တဲ့ပွဲတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ၊ မထင်မှတ်တဲ့ အပြောင်းအလဲတွေကိုလည်း အမြဲလိုလို မြင်တွေ့ရခဲ့တယ်။ အင်္ဂလန်မှာဆိုရင် မန်ချက်စတာဒါဘီက ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဒါဘီတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် မန်ချက်စတာဒါဘီ သမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ခဲ့တဲ့ ပွဲတွေကို ပရိသတ်တွေ ပြန်လည်အမှတ်ရစေဖို့ ဖော်ပြလိုက်ရပါတယ် . .

မန်ယူ ဝ-၁ မန်စီးတီး (၁၉၇၃-၇၄)

Denis-Law-Goal

Denis-Law-Goal

မန်ယူ ပရိသတ်တွေအတွက် ဘယ်တော့မှ မမေ့နိုင်မယ့် ပွဲတစ်ပွဲပါ။ မန်ယူအသင်း ပထမတန်းကနေ တန်းမဆင်းရစေဖို့ အဆုံးအဖြတ်ဖြစ်တဲ့ မန်စီးတီးနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် မန်ယူပရိသတ်တွေ ကြေကွဲခဲ့ရတဲ့အပြင် မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တာက မန်ယူဂန္ထဝင် ဒင်းနစ်လော Denis Law ဖြစ်နေလို့ ပိုပြီး ထိခိုက်စရာဖြစ်ခဲ့တယ်။ အဲဒီပွဲအပြီးမှာ ဒင်းနစ်လောလည်း သူ့ဂိုးကြောင့် အသင်းဟောင်း တန်းဆင်းခဲ့ရလို့ ဟန်မဆောင်နိုင်ဘဲ ဝမ်းနည်းတကြီး ငိုကြွေးခဲ့တော့တာပါပဲ။

မန်ယူ ဝ-၁ မန်စီးတီးပွဲကြည့်ရန် လင့်ခ်

မန်စီးတီး ၂-၃ မန်ယူ (၁၉၉၅-၉၆)

Manchester-City-2-3-Manchester-United-April-6-1996

Manchester-City-2-3-Manchester-United-April-6-1996

ဒီတစ်ခါတော့ ၁၉၇၃-၇၄ ရာသီနဲ့ ပြောင်းပြန်ဖြစ်သွားတယ်။ မန်စီးတီးအသင်းက တန်းမဆင်းရအောင် ရုန်းကန်နေရချိန်ဖြစ်ပြီး မန်ယူက ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေချိန်။ မန်စီးတီးအသင်းရဲ့ ကွင်းဟောင်း Maine Road မှာ မန်ယူက (၂-၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး မန်စီးတီပရိသတ်တွေရဲ့ မျှေ်ာလင့်ချက်ကို ရိုက်ချိုးဖြတ်စီးခဲ့တယ်။

မန်စီးတီး ၂-၃ မန်ယူ ပွဲကြည့်ရန် လင့်ခ်

မန်ယူ ၄-၃ မန်စီးတီး (၂၀၀၉-၁၀)

Michael-Owen-Goal

Michael-Owen-Goal

နောက်ဆုံးမိနစ်အထိ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ မန်ယူတိုက်စစ်မှူး အိုဝင် Michael Owen ရဲ့ အနိုင်ဂိုးကြောင့် မန်ယူတို့ အမှတ်ပြည့်ရခဲ့တယ်။ ပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး နာကျင်အချိန်ပိုကို (၄)မိနစ်သာ သတ်မှတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် Alan Wiley က (၆)မိနစ်အထိ ပေးခဲ့လို့ မန်စီးတီးနည်းပြ မာ့ခ်ဟုချ် Mark Hughes ဒေါသပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်တွေကလည်း အခုထိ အမှတ်ရစရာပါပဲ။

မန်ယူ ၄-၃ မန်စီးတီးပွဲကြည့်ရန် လင့်ခ်

မန်ယူ ၂-၁ မန်စီးတီး (၂၀၁၀-၁၁)

Wayne-Rooney-Goal

Wayne-Rooney-Goal

ဒီပွဲမှာ အမှတ်တရဖြစ်ခဲ့တာက ဝိန်းရွန်နီ Wayne Rooney ရဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းခဲ့တဲ့ဂိုးပါပဲ။ (၄၁)မိနစ်မှာ နာနီ Nani က အဖွင့်ဂိုးသွင်းခဲ့ပေမယ့် ဒေးဗစ်ဆေးလ်ဗား David Silva က ချေပဂိုးပြန်သွင်းခဲ့တယ်။ (၇၈)မိနစ်မှာ ညာခြမ်းကနေ နာနီ ဖြတ်တင်ပေးလိုက်တာကို ရွန်နီက နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းပြီး မန်ယူအတွက် ချိုမြိန်တဲ့ နိုင်ပွဲကို ရယူပေးခဲ့တယ်။

မန်ယူ ၂-၁ မန်စီးတီးပွဲကြည့်ရန် လင့်ခ်

မန်ယူ ၁-၆ မန်စီးတီး (၂၀၁၁-၁၂)

Balotelli-Celebration

Balotelli-Celebration

ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးဆွတ်ခူးခဲ့တဲ့ မန်စီးတီးအသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ရပ်တန့်လို့ မရတဲ့ခြေစွမ်းပြသခဲ့ပြီး မန်ယူအသင်းကို ၁၉၅၅ ဖေဖော်ဝါရီနောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်းရှုံးပွဲမှတ်တမ်း ရရှိစေခဲ့တယ်။ အမှတ်ရစရာဖြစ်ခဲ့တာက မန်စီးတီးတိုက်စစ်မှူး ဘာလိုတယ်လီ Mario Balotelli က ဂိုးသွင်းအပြီး “Why Always Me” ဆိုတဲ့ စာတန်းပါ အင်္ကျီနဲ့ အောင်ပွဲခံခဲ့တာပါပဲ။

မန်ယူ ၁-၆ မန်စီးတီးပွဲကြည့်ရန် လင့်ခ်

မန်စီးတီး ၂-၃ မန်ယူ (၂၀၁၇-၁၈)

Manchester-City-2-3-Manchester-United-April-7-2018

Manchester-City-2-3-Manchester-United-April-7-2018

ပြီးခဲ့တဲ့ရာသီက အီတီဟတ်မှာ ကစားခဲ့တဲ့ပွဲကလည်း မန်ချက်စတာဒါဘီပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံးပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့တယ်။ မန်စီးတီးအသင်းက ပထမပိုင်းမှာ ဧည့်သည်အသင်းကို အဖက်ဖက်က အသာစီးနဲ့ ကစားခဲ့ပြီး ကွန်ပနီ Kompany ၊ ဂန်ဒိုဂမ် Gündoğan တို့ရဲ့ ဂိုးတွေနဲ့ (၂)ဂိုးပြတ် ဦးဆောင်နေလို့ မန်ယူတော့ အရှက်ကွဲပြီလို့ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ သူရဲနီစိတ်ဓာတ်အပြည့်နဲ့ မန်ယူ ပြန်လာနိုင်ခဲ့ပြီး ပေါ့ဘာ Pogba (၂)ဂိုး၊ စမောလင်း Smalling က အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် (၂-၃)ဂိုးနဲ့ အနိုင်ရခဲ့တယ်။

မန်စီးတီး ၂-၃ မန်ယူ ပွဲကြည့်ရန် လင့်ခ်

မန်ချက်စတာဒါဘီပွဲတွေဟာ အမြဲလိုလို ရင်ခုန်စရာကောင်းခဲ့ပြီး အဲဒီထဲကမှ အကောင်းဆုံးဆိုတဲ့ ပွဲတွေကို ရွေးချယ်ခဲ့တာပါ။ ပရိသတ်တွေလည်း ကိုယ်အမှတ်ရနေတဲ့ မန်ချက်စတာဒါဘီပွဲတွေကို ပြောပြခဲ့ပါဦး . .

REF:sportskeeda
Photo:Getty Images,.citytilidie,Premier League,en.onefootball,The Week UK
Naing Linn(Akhayar)
www.akhayar.com